Homeသတင်းမွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များတွေ့ဆုံ

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များတွေ့ဆုံ

-

လက်ရှိပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ၂၀၁၅ရွေးကောက်ပွဲအနိုင်ရ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်နယ်လွှတ်တော်ခန်းမ၌ ဇန်နဝါရီလ ၁၈၊ ၁၉ ရက်များတွင် ကျင်းပခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များတွေ့ဆုံပွဲ(MNA)
မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များတွေ့ဆုံပွဲ(MNA)

ထိုတွေ့ဆုံပွဲတွင် ပထမအကြိမ်လွှတ်တော်၏လုပ်ဆောင်ချက်များ၊ တင်သွင်းခဲ့သည့်အဆိုများ၊ ရေးဆွဲခဲ့သည့် ဥပဒေများကိုပြန်လည်တင်ပြခဲ့ပြီး လွှတ်တော်လွှဲပြောင်းရေးအတွက်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေက“တည့်တည့်ပြောရရင် မွန်ပြည်နယ်ရဲ့အနာဂတ်ကို ဒီကိုယ်စားလှယ်အသစ် ၃၁ ယောက်ရဲ့လက်ထဲကိုအပ်လိုက်ပြီး၊ ၂၀၁၆ ကနေ ၅ နှစ်ပေါ့နော် ၂၀၂၁ မှာဒီ ၃၁ ယောက်ရဲ့လုပ်ဆောင်ချက်တွေကို လူထုကဘယ်လိုအကဲဖြတ်ကြမလဲ။ ကျွန်တော့်ဆန္ဒကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ အကောင်းဆုံးဖြစ်မယ်လို့ယူဆပါတယ်၊ ဖြစ်လိမ့်မယ်လို့လည်း ဆုတောင်းပါတယ်” ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပထမအကြိမ်လွှတ်တော်တွင်တင်ပြခဲ့သည့် အဆိုများတွင် ထောက်ခံခဲ့သည့်အဆိုများရှိသကဲ့သို့ ဆိုင်းငံ့ထားသည့်အဆိုများလည်းရှိရာ ဆိုင်င့့ံထားသည့်အဆိုများထဲမှ အခြေခံကျသည့်အဆိုများ ဖြစ်ကြောင်း လေ့လာပြီးမှသာလှျင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

သထုံမြို့နယ်မဲဆန္ဒနယ် အမှတ်-၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက “ အရင်သူတို့လုပ်ခဲ့တဲ့ ၅ နှစ်တာကာလမှာ သူတို့မှားခဲ့တဲ့ဟာတွေ၊ သူတို့ရဲ့လိုအပ်ချက်တွေ ပြောပြလို့သိခဲ့ရတယ်။ သူတို့တင်ပြခဲ့တဲ့အဆိုတွေထဲက တစ်ချို့ဟာတွေက ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့်ချိတ်ဆက်မှု အားနည်းပြီးတော့ တစ်ချို့ဟာက အချိန်အတိုင်းအတာအရ အလာဟသဖြစ်သွားတဲ့ကိစ္စတွေ အများကြီး တွေ့ရတယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိတွင် ပါတီ၏ မူဝါဒအပေါ်အခြေခံပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီ ၁ ရက်(သို့မဟုတ်) ၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ၂ ကြိမ် ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

လွှတ်တော်လွှဲပြောင်းရေးတွေ့ဆုံပွဲကို ၂ ရက်တာကျင်းပခဲ့စဉ် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်အားလုံး၊ လက်ရှိတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဥက္ကဌ ဦးကျင်ဖေတို့ တက်ရောက်ခဲ့သော်လည်း ယခင်ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနည်းငယ်သာ တက်ရောက်သည်ကို တွေ့ရသည်။

မွန်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံပြည်နယ်လွှတ်တော်အမတ် ၂၀ ဦး၊ ကရင်၊ ဗမာ၊ ပအိုဝ် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်အမတ် ၈ ဦး စုစုပေါင်း အမတ် ၃၁ ဦးဖြင့် ဖွဲ့စည််းထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts