Homeသတင်းကော့ပေါ့လော့- ဝေသာလီ မြေသားလမ်းပြီးစီးတော့မည်

ကော့ပေါ့လော့- ဝေသာလီ မြေသားလမ်းပြီးစီးတော့မည်

-

ကော့ပေါ့လော့- ဝေသာလီ မြေသားလမ်း(GS)
ကော့ပေါ့လော့- ဝေသာလီ မြေသားလမ်း(GS)

ကရင်ပြည်နယ် ကြားအင်မြို့နယ်ရှိ နေလကမ္ဘာ ကုမ္ပဏီ ဖေါက်လုပ်ထားသော ကော့ပေါ့လော့ – ဝေသာလီ မြေသားလမ်းကို ဇန်နဝါရီလကုန်ပိုင်းတွင် ပြီးစီးတော့မည်ဟု သိရသည်။

၎င်းမြေသားလမ်းသည် အရှည် (၁၀) မိုင်ခန့် ရှိပြီး ကရင်ပြည်နယ်၏ ၂၀၁၅-၁၆ ကျေး/လက် ဒေသဘတ်ဂျက်မှ အရှည် (၅) မိုင်ခန့် တင်ဒါစနစ်ဖြင့် ပြုပြင်နေကြောင်း နေလကမ္ဘာ ကုမ္ပဏီဥက္ကဌ နိုင်ထော်လယင့်က ဆိုသည်။

“စာရင်းအရ လမ်းပြုပြင်ဖို့အတွက် ကျပ်ငွေ သိန်း (၇၀ဝ) ချပေးတယ်၊ လမ်းကို လေးပိုင်း ပိုင်းထားတယ်၊ တစ်ပိုင်းပြီးရင် ငွေ (၂၅) ရားခိုင်နှုန်း ထုတ်ပေးတယ်၊ အခုဆိုရင် ဒုတိယအရစ် ပြီးသွားပြီ၊ ဒီဇန်နဝါရီ လကုန်ပိုင်းမှာ အပိုင်း လေးပိုင်း အကုန်လုံးပြီးစီးအောင် လုပ်ဆောင်သွားမည်”ဟု ၎င်းက ဆက်ပြောသည်။

ထိုဘတ်ဂျက်ငွေ သိန်း(၇၀ဝ) ကျပ်အတွက် အခွန်ငွေ (၁၂) ရာခိုင်နှုန်း တရားဝင် တင်သွင်းရမည်ဟု ဆိုသည်။

ယင်းကဲ့သို့မြေသားလမ်း ဖေါက်လုပ်လိုက်ခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသော ချိုင့်ခွက်များနှင့် ဖုန်ထူသဖြင့် ယခင်လမ်းဟောင်းထက် ဆိုးဝါးနေကြောင်း၊ လမ်း၏ ဝဲ ယာ ရေနုတ်မြောင်းကလည်း စနစ်တကျမရှိကြောင်း ခရီးသွားများက ဆိုသည်။

“သူတို့ပြောတာက ပြန်ပြင်ပေးဦးမယ်၊ မြောင်းရော လမ်းရော ဘယ်လောက်အထိ သူတို့ ပြုပြင်ပေးမလဲ ဆိုတာ ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု ဘိုကတော်ကျေးရွာ ဥက္ကဌ နိုင်ငြိမ်းက ဆိုသည်။

အဆိုပါ ရေနုတ်မြောင်းကို မပြုပြင်ဘဲ ယခုအတိုင်းပစ်ထားမည်ဆိုပါက မိုးရာသီအချိန်ကာလရောက်ပါက ခရီးသွားလာလို့ မရနိုင်တော့ကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။

နေလကမ္ဘာကုမ္ပဏီ ဥက္ကဌက “ လမ်းကို မြေသားကျစ်လစ် မာကြောအောင် နှစ်ကျော့ သုံးကျော့တော့ အချောသပ်ရဦးမယ်၊ ဖုန်မဖြစ်အောင် ဖုန်မထအောင် ကျောက်စရစ်ခဲ ကျောက်စရစ်မြေတွေ ထည့်ပြီး ဖိညှိထားတာ ထက်ဝက်ရှိပြီး” ဟု ဇန်နဝါရီ ၁၄ ရက်တွင် လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြေသားလမ်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ပြုပြင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် ပြီးစီးအောင် ပြုပြင်သွားမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts