spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းရေးမြို့တွင် တားမြစ်စားသောက်ကုန်နှင့် အလှကုန်များကိုမီးရှို့ဖျက်ဆီး

    ရေးမြို့တွင် တားမြစ်စားသောက်ကုန်နှင့် အလှကုန်များကိုမီးရှို့ဖျက်ဆီး

    -

    မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု

    တားမြစ်စားသောက်ကုန်နှင့် အလှကုန်များကို မီးရှို့ဖျက်ဆီးနေစဉ်(AK)
    တားမြစ်စားသောက်ကုန်နှင့် အလှကုန်များကို မီးရှို့ဖျက်ဆီးနေစဉ်(AK)
    ကော်မတီ ဦးဆောင်ပြီး၊ ရေးမြို့နယ်ရှိ သက်ဆိုင်ရာဌာနပေါင်းစုံက ပူးပေါင်းစစ်ဆေးကာ သိမ်းဆည်းရမိထားသည့် တားမြစ်စားသောက်ကုန်များနှင့် အလှကုန်များကို

    ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အထက်ပါအဖွဲ့ပေါင်းစုံတို့က ရေးမြို့၊ မြသီတာဈေး (ကမ်းနားဈေး) ရှိ ဆိုင်ခန်းများမှ ရှောင်တခင် ဝင်ရောက်စစ်ဆေး သိမ်းဆည်းရမိသည့် တန်ဖိုးနှစ်သိန်းဝန်းကျင်ရှိ ပစ္စည်းများကို အဘော်လေယာဉ်ကွင်းဟောင်းတွင် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်နှင့် မီဒီယာများ ရှေ့၌ မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်။

    “ရေးမြို့နယ်မှာ ပထမဆုံးအကြိမ် ဒီလိုဖျက်ဆီးတာပေါ့။ စစ်ဆေးတာကတော့ အစားအသောက်တွေထဲမှာ ဆိုးဆေးပါတဲ့ဟာတွေ၊ မှတ်ပုံတင်ရှိ/မရှိနဲ့ အန္တရာယ်ရှိမယ့်ဟာတွေကို စစ်ေးဆးပါတယ် ” ဟု ရေးမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာမေစန်းချိုက ပြောသည်။

    ပညာပေး သိမ်းဆည်း ဖျက်ဆီးခြင်းသာ ဖြစ်ပြီး ဆိုင်ရှင်များကို အရေးယူခြင်း မရှိသေးကြောင်း၊ ပြည်သူများစား သုံးရန်မသင့်သည့် အစားအသောက်များကို သိရှိစေရေးအတွက် ထိရောက်သည့်နည်းလမ်းဖြင့် အသိပေးသွားမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။

    ယခုကဲ့သို့ တားမြစ် အစားအသောက်နှင့် ဆေးဝါးများကို စစ်ဆေးသိမ်းဆည်းခြင်းသည် ရေးမြို့နယ်တွင် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ သက်ဆိုင်ရာမှ ပညာပေး အသိပေးမှုများ ပြုလုပ်ခြင်း မရှိသည့်အတွက် ဈေးဆိုင်ရှင်များအနေနှင့်လည်း မည်သည့်ကုန်ပစ္စည်းများသည် တားမြစ်ပစ္စည်းတွင် ပါဝင်သည်ကို မသိရှိကြောင်း ပြောသည်။

    ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးကိုရီဌေး က “နှစ်ပေါင်းများစွာ ပြည်သူတွေအတွက် အကျိုးရှိတဲ့ ကိစ္စရပ်တွေကို လုပ်လေ့လုပ်ထမရှိဘဲ ခုမှ ထလုပ်တော့ အမှန်တကယ် ထိခိုက်နစ်နာသူတွေကတော့ ရောင်းသူတွေပါပဲ။ အဲဒီလို တားမြစ်ပစ္စည်းတွေကို သိဖို့ရာမှာ သိအောင် ပညာပေးမှုတွေ အများအပြားလုပ်ဖို့ လိုအပ်ပါတယ်။ အဲလိုသိမှလည်း ရောင်းချတဲ့သူတွေအနေနဲ့ ဘယ်ပစ္စည်းက ရောင်းချဖို့ သင့်/မသင့် ဆိုတာ ပစ္စည်းမှာတဲ့အခါ ရွေးချယ်မှာယူနိုင်မှာပေါ့” ဟု ပြောသည်။

    ယခုလာရောက် သိမ်းဆည်းသည့် တားမြစ်ပစ္စည်းများသည် သြဂုတ်လတွင် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားသည့် ပစ္စည်းများ ဖြစ်သည်ဟု သိမ်းဆည်းသူများက ပြောသော်လည်း အစိုးရသတင်းစာတွင် သိသင့်သိထိုက်သည့် သတင်းများ ပါဝင်မှု နည်းပါးသည့်တွက် ဖတ်ရှုသူ အလွန်နည်းပါးသည့်အတွက် သိရှိရန် အလွန်ခက်ခဲကြောင်းလည်း သူက ပြောသည်။

    ရေးမြို့နယ်ရှိ ဈေးနှင့် စာသင်ကျောင်းများတွင် မှတ်ပုံတင်မရှိ၊ အမျိုးအမည် မသိသည့် မုန့်များ အများအပြားရှိပြီး စားသုံးရန် သင့် မသင့် သိရှိနိုင်ရန်အတွက် တာဝန်ရှိသူများအနေနှင့် ကြပ်မတ်စစ်ဆေးရန်လိုကြောင်းလည်း ကျောင်းသားမိဘများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks