Homeသတင်းရေးမြို့နယ်တွင် တစ်နှစ်အတွင်း ပြစ်မှုကြီးငယ် ၃၃၀ ကျော် ဖြစ်ပွား

ရေးမြို့နယ်တွင် တစ်နှစ်အတွင်း ပြစ်မှုကြီးငယ် ၃၃၀ ကျော် ဖြစ်ပွား

-

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း မှုခင်းပေါင်း ၃၃၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေးမြို့ မြေပုံ(Aung Naing Win Facebook)
ရေးမြို့ မြေပုံ(Aung Naing Win Facebook)

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြုစုထားသည့် ၂၀၁၅ ခုနှစ် မှုခင်းစာရင်းချုပ်အရ ရေးမြို့မ၊ လမိုင်းနှင့် ခေါဇာ ရဲစခန်းအပိုင် (၃) ခုရှိသည့် ရေးမြို့နယ်တွင် ရေးမြို့မ ရဲစခန်းအပိုင်နယ်မြေအတွင်း မှုခင်း ၂၂၅ မှု၊ လမိုင်း ၄၄ မှုနှင့် ခေါဇာ ၃၃ မှု စုစုပေါင်း မှုခင်းကြီးငယ် ၃၃၂ မှု ဖြစ်ပွားခဲ့သည်။

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က “ရေးမြို့မ စခန်းအပိုင်မှာ မှုခင်း အဖြစ်များဆုံးပဲ” ဟု ပြောသည်။

အထက်ပါမှုခင်း ၃၃၂ မှုအနက် ရေးမြို့မ ရဲစခန်းအပိုင်နယ်မြေအတွင်း ဖြစ်ပွားသည့် မှုခင်း ၂၂၅ မှုတွင် သေမှုသေခင်း ၄၃ မှု၊ မူးယစ်ဆေးဝါးမှု ရ မှု၊ လူသတ်မှု ၁၂ မှု ပါဝင်သည်။

လမိုင်း ရဲစခန်းအပိုင်နယ်မြေအတွင်း ဖြစ်ပွားသည့် မှုခင်းကြီးငယ် ၄၄ မှုတွင် သေမှုသေခင်း ၁ မှု၊ မူးယစ်ဆေးဝါးမှု ၁ မှု ပါဝင်ပြီး၊ ခေါဇာ ရဲစခန်းအပိုင်နယ်မြေအတွင်း ဖြစ်ပွားသည့် မှုခင်းကြီးငယ် ၃၃ မှုတွင် သေမှုသေခင်း ၁ မှု၊ မူးယစ်ဆေးဝါးမှု ၅ မှု၊ လူသတ်မှု ၂ မှု ပါဝင်သည်။

မြို့နယ်တစ်ခုလုံးတွင် ဖြစ်ပွားသည့် ပြစ်မှုများအနက် အမှုကြီး ၁၀ မျိုးဝင် မုဒိန်းမှု ၂ မှုနှင့် လုယက်မှု ၂ မှုတို့ ပါဝင်သည်ဟုလည်း ပြစ်မှုစာရင်းချုပ်တွင် ဖော်ပြပါရှိသည်။

မြို့နယ် ဆယ်မြို့နယ် ပါဝင်သည့် မွန်ပြည်နယ်တစ်ခုလုံးတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်ထိ ငါးနှစ်တာအတွင်း မြို့နယ်တရားရုံး ၁၀ ရုံးတွင် တရားစီရင် ချမှတ်ခဲ့သည့် အမှုပေါင်း ၄၄၆၆၃ ရှိခဲ့ကြောင်း ပြည်နယ်တရားလွှတ်တော် တရားသူကြီးချူပ် ဦးခင်မောင်ကြီး က ပြောသည်။

၎င်းပြင် ထိုငါးနှစ်တာကာလအတွင်း လောင်းကစားမှု ၅၃၆ မှုတွင် တရားခံ ၁၀၁၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ ယင်းအမှုများမှ ငွေကျပ် ၃၉ ဒသမ ၂၂၄ သန်း သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးမှု ၄၂၄ မှုတွင် တရားခံ ၆၅၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ ယင်းအမှုမှ ငွေကျပ် ၁၂၃၀ ဒသမ ၁၄၁ သန်း သိမ်းဆည်းရမိခဲ့ကြောင်း ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် မှတ်တမ်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts