Homeသတင်းအရွယ်မရောက်သည့် ကလေးစစ်သား (၅၃) ဦး တပ်မတော်မှ ထပ်မံနုတ်ထွက်ခွင့်ပြု

အရွယ်မရောက်သည့် ကလေးစစ်သား (၅၃) ဦး တပ်မတော်မှ ထပ်မံနုတ်ထွက်ခွင့်ပြု

-

အသက်မပြည့်သူ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံသည့်အခမ်းအနား(AP)
အသက်မပြည့်သူ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံသည့်အခမ်းအနား(AP)
မင်းပိုင် – အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသည့် ကလေးစစ်သား (၅၃) ဦးကို မြန်မာအစိုးရ တပ်မတော်မှ ထပ်မံနှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ၏ နိုဝင်ဘာလ (၃၀) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုနောက်ဆုံးအကြိမ် နုတ်ထွက်ခွင့်ပြုခြင်းအပါအဝင် ၂၀၁၅ ခုနှစ်အတွင်း အရွယ်မတိုင်မီ စစ်မှုထမ်းဆောင် နေသည့် ကလေးသူငယ်ပေါင်း ၁၄၆ ဦးအထိ နှုတ်ထွက်ခွင့်ပြုပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
“နှုတ်ထွက်ခွင့်ရခဲ့ကြသည့် လူငယ်များအနေဖြင့် သူတို့၏ မိသားစုဝင်များနှင့် နေရပ်များ ဆီသို့ ပြန်သွားကြမည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်မိပါသည်”ဟု CTFMR ၏ ပူးတွဲဥက္ကဌ ဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Lok Dessallien က ယင်းထုတ်ပြန် ချက်တွင် ပြောကြားထားသည်။

ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေး နှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအလိုက်အထူးတာဝန်အဖွဲ့ CTFMR အနေဖြင့် ယခုကဲ့သို့ နှုတ်ထွက်ခွင့်ပြုခြင်းအပေါ် ကြိုဆို ကြောင်း နှင့် ကလေးစစ်သား ခေါ်ယူစုဆောင်း အသုံးပြုမှုကို အဆုံးသတ်ရန် တပ်မတော်၊ နိုင်ငံတော် အစိုးရ နှင့် CTFMR အဖွဲ့များ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့်အတူ ပူးတွဲ လုပ်ငန်းဆောင်ရွက်မှု စီမံချက် Joint Action Plan ကို ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စတင် သဘောတူလက်မှတ်ရေးထိုးပြီးသည့်အချိန်မှ ယနေ့အထိ ကလေးစစ်သား စုစုပေါင်း ၆၉၉ ဦးကို တပ်မတော်က နုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကဲ့သို့ တပ်မတော်ကနေ နုတ်ထွက်လာသော ကလေးစစ်သားများကို စိတ်ပိုင်းဆိုင်ရာအားပေးမှု၊ အသက်မွေး ဝမ်းကျောင်း နှင့် ဆိုင်သော သင်တန်း၊ စီပွားရေးဆိုင်ရာအလုပ်တွေ UNICEF အဖွဲ့မှ ဆက်လက်ကူညီထောက်ပံ့ ပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့မှ ဆက်သွယ်ရေးအရာရှိ ထက်ထက် ဦးက ပြောသည်။
“သူတို့ရဲ့စိတ်ပါဝင်စားမှုကို အခြေခံပြီး မိသားစုဝင်ငွေအတွက် အသေးစားစီးပွားရေးလုပ်ငန်း ဖော်ဆောင်ပေး သွားမယ့်အပြင် ပညာရေးအခန်းကဏ္ဍမှာလည်း အဲဒီကလေးတွေ ကျောင်းပြန်တက်နိုင်အောင် အဝေးသင် စနစ်တွေနဲ့ ကူညီပေးသွားမယ်” ဟု သူက ဆက်ပြောသည်။

၂၀ဝ၇ ခုနှစ်တွင် မြန်မာအစိုးရ တပ်မတော်အပါအဝင် အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့ပေါင်း (၇)ဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ခေါ်ယူစုဆောင်းခြင်းနှင့် အသုံးပြုခြင်း စာရင်းတွင် ထည့်သွင်းခဲ့သည်။

ယင်းလက်နက်ကိုင် (၇) ဖွဲ့တို့မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသာတပ်မတော် (DKBA)၊ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နီတပ်ဖွဲ့ (KA)၊ ရှမ်းပြည်နယ်တပ်ဖွဲ့ တောင်ပိုင်း (SSA-S)၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ (UWSA) တို့ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာပါ အဖွဲ့များအားလုံးအား ကလေးသူငယ်များ ခေါ်ယူစုဆောင်း အသုံးပြုနေမှုကို အဆုံးသတ်ရေး လုပ်ဆောင်ဖို့ တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖေါ်ဆောင်ဖို့ အတူတကွ လက်တွဲလုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ကြိုဆိုပါကြောင်း CTFMR ၏ ပူးတွဲဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးCTFMR ၏ ပူးတွဲဥက္ကဋ္ဌနှင့် မြန် မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Lok Dessallien က ပြောကြားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts