Homeသတင်းတောင်ဘုံရွာအဝင် ကားနှင့်ရထားတိုက်မှု ဖြစ်ပွား

တောင်ဘုံရွာအဝင် ကားနှင့်ရထားတိုက်မှု ဖြစ်ပွား

-

ရထားနှင့် ပွတ်တိုက်မှုဖြစ်ခဲ့သောမော်တောာ်ကား(IMNA)
ရထားနှင့် ပွတ်တိုက်မှုဖြစ်ခဲ့သောမော်တောာ်ကား(IMNA)
အသဏ် – မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ရေးမြို့သို့ အစုန် ဆင်းလာသော ရထားသည် တောင်ဘုံဘူတာအနီး ရထားဖြတ်ကျော်ကားလမ်းတွင် ယနေ့ နိုဝင်ဘာ (၂၁) ၂၀၁၅ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ကားတစီးနှင့်

မတော်တဆ ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားပေါ် လိုက်ပါလာသူ အမျိုးသား(၃)ဦးမှာ ဘေးလွတ်သွားခဲ့သော်လည်း အတိုက်ခံခဲ့ရသည့် လိုက်ထရက် အမျိုးအစား ယာဉ်မှာ ရထားနှင့် တရွတ်ဆွဲ ချိတ်ပါသွားပြီး ကားဘယ်ဘက်ဦးခေါင်းပိုင်းတခြမ်း ပျက်စီးသွားခဲ့ကြောင်း မျက်မြင်တစ်ဦးက IMNA ကို ပြောကြားသည်။

၎င်းက “အဲဒီမှာက ရထားလမ်းဘေးတဝိုက် ချုံနွယ်တွေလည်း ထူနေတာ အမြင့်ကြီးပဲ၊ ရထားလမ်းနဲ့ ယှဉ်ပြီး ကုန်းအဆင်းလမ်း ဖြစ်နေတယ်၊ ကားက ရထားလမ်းကျော်တော့မှ ရထားလာနေမှန်း သိတာတဲ့၊ ဘူတာအဝင် ဥသြသံ မကြားဘူးလို့ အတိုက်ခံရတဲ့ကားသမားက ပြောတယ်”ဟု ပြောကြားသည်။

အခင်းဖြစ်ပွားပြီးနောက် ရဲများ ရောက်လာပြီး အတိုက်ခံရသော ကားအား စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး အဆိုပါ ရန်ကုန်-ထားဝယ် အစုန်ရထားလည်း တောင်ဘုံဘူတာတွင် ရပ်နားထားရကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာ နေရာသည် ရေးမြို့မှ မိုင်(၁၅) တောင်ဘုံနှင့် သောင်ပြင်ရွာ အကြား ကားလမ်းဖြတ်ကူးရာ ကုန်းဆင်း အကွေ့တွင် ဖြစ်ပြီး တောင်ဘုံဘူတာမှ မီတာ(၂)နှစ်ရာ ဝန်းကျင် ကွာဝေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts