spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးမှ ခွဲထွက်သွားရန် အစီအစဉ်မရှိဟု NMSP ဥက္ကဌပြော

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးမှ ခွဲထွက်သွားရန် အစီအစဉ်မရှိဟု NMSP ဥက္ကဌပြော

    -

    သမ္မတနှင့် NMSP ဥက္ကဌနိုင်ထောမွန် ရင်းနှီးပွင့်လင်းစွာလက်ဆွဲနှုတ်ဆက်နေစဉ်(MPC)
    သမ္မတနှင့် NMSP ဥက္ကဌနိုင်ထောမွန် ရင်းနှီးပွင့်လင်းစွာလက်ဆွဲနှုတ်ဆက်နေစဉ်(MPC)
    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုး နိုင်ရန် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးနေကြရာမှ လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းများကို သတ်မှတ် နိုင်ခြင်းမရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အားလုံးပါဝင်ရေးမှ ခွဲထွက်သွားရန် အစီအစဉ်မရှိဟု မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်က ပြောသည်။

    နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC-2 ၌ စက်တင်ဘာ ၉ ရက် ယနေ့တွင် သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် အထက်ပါအတိုင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

    နိုင်ထောမွန်က “ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ အားလုံးပါဝင်ရေးကနေ ခွဲထွက်သွားဖို့ အစီစဉ်မရှိပါဘူး။ ဒါကို အစိုးရဘက်ကလည်း ကိုယ်ချင်းစာပေးစေချင်ပါတယ်။ ဘာလို့လဲဆို ရင် NCA မှာ အားလုံးပါဝင်နိုင်ခြင်းမရှိဘူးဆိုရင် ကျန်ခဲ့မယ့် အဖွဲ့အတွက် မကောင်းပါဘူး။ ဒါကြောင့် အခုရရှိတဲ့ အခွင့်အရေးကို အသုံးချပြီးတော့ အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ကိုးကန့်တပ်မတော် MNDAA၊ ရက္ခိုင့်တပ်မတော် AA၊ တအောင်း(ပလောင်) အမျိုး သားလွတ်မြောက်ရေးတပ်မတော် TNLA ၊လားဟူဒီမိုကရက်တစ်ယူနီယံ LDU၊ “ဝ”အမျိုးသားအဖွဲ့ချုပ် WNO၊ ရခိုင်အမျိုးသား ကောင်စီ ANC တို့ကို ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုနိုင်ကြောင်း အစိုးရဘက်က ပြောဆိုထားသည်။

    ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လက “အားလုံး ပါဝင်လက်မှတ်ရေးထိုးမှ သာလှျင် မြန်မာပြည်သူများအတွက် ပြည်စုံသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဦး တစ်ဖွဲ့တည်းကို ချဉ်းကပ်မယ့်အစား အဖွဲ့အားလုံးကို ချဉ်းကပ် ညိှနှုိင်းသင့်ပါတယ်”ဟု ပြော

    သို့ရာတွင် WNO, LDU, ANC တို့ကို နိုင်ငံရေးဆွေးနွေးပွဲများသို့ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး MNDAA ကို သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် အစိုးရအဆင့်မြင့် ပုဂ္ဂိုလ်များအကြား သဘောတူညီမှုရရှိခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှုိင်းရေးအဖွဲ့ NCCT ဒုခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

    ထို့အပြင် နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေကြစဉ် AA နှင့် TNLA တို့ကို NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်မှုမပြုသေးသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများမှာ ပါဝင်ခွင့်ပြုသွား မည်ဖြစ်ကြောင်း အစိုးရကသဘောတူခဲ့သည်ဟု ဆိုသည်။

    အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် သြဂုတ်လတွင် နှစ်ဖက် ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြရာ NCA မူချော သဘောတူညီခဲ့သော်လည်း ပါဝင်လက်မှတ်ရေးထိုးမည့် လက်နက်ကိုင်အဖွဲ့အစည်းများ သတ်မှတ်ရေးအချက်တစ်ချက်တည်းသာ သဘောမတူညီနိုင်ကြဘဲ တစ်ဆို့နေခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks