Homeသတင်းလာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပမည်

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပမည်

-

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသူ အနိုင်ယူသည့် စနစ်(FTPT) စနစ်အား ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ သမ္မတနှင့်နိုင်ငံရေးပါတီများ မေလ ၁၈ ရက်နေ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက အတိအလင်းပြောကြားခဲ့သည်။

ထိုစနစ်အား ပြည်သူ့လွှတ်တော်၊ အမျိူးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့်ပြည်နယ် လွှတ်တော်များတွင် တစ်ပြိုင်နက်ကျင်သုံးသွားမည်ဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။“ယနေ့ အမျိူးသားလွှတ်တော်မှာ PR ကိစ္စ ဆွေးနွေးတဲ့ ကာလဘဲဖြစ်ပါတယ်၊ ကျွန်တော် ပြောပြီးသားပါ၊၂၀၁၅ ဧပြီလ နောက်ဆုံးပတ် အထိ မပြဌာန်းနိုင်ရင် နိုင်သူ အကုန်ယူ စနစ်နဲ ့ ကျင်းပမယ်လို့ ပြောပြီးသားပါ၊ ကျွန်တော် ၂၀၁၃ က တည်းက ပြောထားတာပါ ” ဟု ဦးတင်အေးက ပြောသည်။

ထိုပြင် လှုဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာန မှ တိုင်းနှင့်ပြည်နယ် များတွင် တိုင်ရင်းသားလူမျိူးများ စာရင်း ထုတ်ပြန်ပြီးပါက ထုတ်ပြန်ချက်အပေါ် မူတည်၍ ဝ.၁ ရာခိုင်နှုန်းရှိသော လှုမျိူးများ နှင့် လူမျိူးစုများအား လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ်များ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သိရသည်။

အဆိုပါပွဲသို့ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၇၁ ပါတီမှ ကိုယ်စားလှယ် ၁၀ဝ ကျော် တက်ရောက်ခဲ့သည်။

ထိုအပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အဓိက ကျသော နိုင်ငေံ၇းကိစ္စဖြစ်ကြောင်း ထိုကြောင့် ပါတီ အားလုံး ဝင်ပြိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်

။“ပြည်သူဆန္ဒအမှန် တွေကို ထင်ဟပ်စေမယ့်ပွဲဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်၊ ကျွန်တော်တို့ အစိုးရက လည်း သန့်ရှင်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး အုပ်ချုပ်ရေးနည်းလမ်းတွေနဲ ့ ဆောင်ရွက်နိုင်တဲ့ အတိုင်အတာကနေ အစွမ်းကုန်ကြိုးပမ်းပြီး ဆောင်ရွက်သွားမှာဘဲ ဖြစ်ပါတယ်”ဟု သမ္မတက ပြောသည်။

အတိုက်အခံပါတီများက အဆိုပါ မဲအများဆုံးရသူ အနိုင်ယူစနစ် (FTPT) လိုလားနေကြသော်လည်း အချိုးကျခွဲဝေရေးစနစ် (PR) ကို အစိုးရနှင့် နီးစပ်သည့် ပါတီများကလိုလားကြသဖြင့် လွှတ်တော် အရပ်ရပ်တွင် ဥပဒေပြဌာန်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts