spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းသံလွင်မြစ်အတွင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့မရှိဟု လွှတ်တော်အမတ်ဆို

    သံလွင်မြစ်အတွင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့မရှိဟု လွှတ်တော်အမတ်ဆို

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်မြစ်တွင် စီပွားဖြစ် လာရောက်ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းများကို စောင့်ကြည့်သည့်အဖွဲ့ မရှိသေးကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

    သံလွင်မြစ်အတွင်း သောင်တူးသည့်လုပ်ငန်းကို စောင့်ကြည့်လေ့လာမည့်အဖွဲ့ အဆိုပါလုပ်ငန်းကို တာဝန်ခံ စောင့်ကြည့်သော ဌာနဆိုင်ရာ အဖွဲ့အစည်း အတိအကျမရှိသည့်အတွက် အဆိုပါလုပ်ငန်းကို စဉ်ဆက်မပြတ်စောင့်ကြည့် ကြီးကြပ်မည့် ဌာနအဖွဲ့အစည်းအတိအကျကို တာဝန်ပေးထားသင့်ကြောင်း ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “အခုချိန်ထိ အစိုးရအဖွဲ့က ဒီကိစ္စကို အတိအကျလေ့လာစစ်ဆေးဖို့ အဖွဲ့ဖွဲ့တာ၊ ကော်မရှင်ဖွဲ့တာ၊ ဘာမှမရှိသေးဘူး၊ သူတို့ (ဝန်ကြီးချုပ်နှင့် ဝန်ကြီး) ညွှန်ကြားတာက ဌာနဆိုင်ရာတွေ ၊ ကုမ္ပဏီတာဝန်ခံတွေ ဒေသခံတွေနဲ့ညှိနှိင်းကြဖို့ပဲ၊ ဒါက သိပ်ကိုအပေါ်ယံဆန်လွန်းတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    အဆိုပါ Starhigh Asia Pacific ကုမ္ပဏီမှ သံလွင်မြစ်အတွင်း သောင်တူးခြင်းကြောင့် ဟင်္သာကျွန်း လယ်မြေများ ပျက်စီးသွားခြင်း သို့မဟုတ် သဘာဝကြောင့်လာဆိုသည်ကို သက်ဆိုင်ရာမှ တိတိကျကျ လေ့လာဆန်းစစ်သင့်ကြောင်း ၄င်းက ပြောသည်။

    ထိုကိစ္စရပ်နှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသက်ဝင်းက “ဒါကို အခု ဆိပ်ကမ်းအာဏာပိုင်တွေ သေချာကွင်းဆင်း ပြီးတော့မှ သွားကြည့်နေတယ်၊ အဲနေရာကို ကျနော်တို့ ဘာလုပ်ပေးရမလဲ၊ အကုန်လိုက်လုပ်ပေးနေပါတယ်၊ ဒီမနက်ပဲ လာပြီး ရီပို့လုပ်တာရှိတယ်၊ အားလုံး ပြေလည်အောင် လုပ်ပေးလိုက်ပါ၊ ရွာသားတွေလည်း စိတ်ချမ်းသာအောင် လုပ်ပေးလိုက်ပါ” ဟု ပြောသည်။

    ယခုကဲ့သို့ Starhigh Asia Pacific ကုမ္ပဏီမှ သံလွင်မြစ်အတွင်း သောင်တူးသည်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရကို ပို့ဆောင်ရေး ဝန်ကြီးဌာန ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်း၊ မြန်မာစီးပွားရေး ဦးပိုင် လီမိတက်နှင့် ကုမ္ပဏီတို့မှ သုံးဦး သဘောတူညီခဲ့သည်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက် inform လုပ်ခြင်းဖြစ်ကြောင်း ဦးသက်ဝင်းက ပြောသည်။

    “အခုက သဲပို့ချမှုနှုန်းတွေက တအားများလာတဲ့အတွက်ကြောင့် အနည်းဆုံး ၆ မီတာရှိမှ သင်္ဘောကြီးတွေ ဝင်ထွက်လို့ရတယ်၊ အခုက ၄.၅ မီတာအထက်တောင်မရှိတော့ဘူး၊ ကျောက်တင်တဲ့ သင်္ဘောတွေတောင်မှ ခက်ခက်ခဲခဲနဲ့ဝင်နေရတယ်၊ ရေလမ်းကြောင်း ကောင်းပါစေဆိုတဲ့ဆန္ဒနဲ့ ခွင့်ပြုတာပဲ” ဟု ဦးသက်ဝင်းက ပြောသည်။

    ယခုသောင်တူးသည့်နေရာသည့် ကျွန်းနှင့်နီးကပ်နေကြောင်း၊ အဆိုပါ သင်္ဘောကြီးများ၏ သဲစုပ်ယူမှုကြောင့် သဘာဝကမ်းပြိုမှုထက် ပိုမိုပြိုကျလာပြီး လူနေအိမ်ခြေနှင့် ကမ်းပါး နီးကပ်လာသည့်အတွက် အခြားနေရာတွင် သဲစုပ်ယူစေလိုကြောင်း ဟင်္သာကျွန်းနေသူတို့က ပြောသည်။

    “ကျနော်တို့နဲ့ ကပ်ရပ်လို ဖြစ်နေပြီး၊ ကျနော်တို့အိမ်တွေပါသွားရင် ကျနော်တို့နေဖို့အတွက် ဘယ်သူက နေရာပြန်ချပေးမလဲ” ဟု ဟင်္သာကျွန်းနေ လယ်သမား ဇော်မျိုးနိုင်က ပြောသည်။

    ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်နယ်အစိုးရရုံးတွင် ဟင်္သာကျွန်းနေ လယ်သမားများကို ခေါ်ယူပြီး ဟင်္သာကျွန်းကိစ္စ ထပ်မံဆွေးနွေး ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts