Homeသတင်းမွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဘိတ်ကြား

မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဘိတ်ကြား

-

လာမည့်ဖေဖော်ဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် ၆၈ ကြိမ်မြောက်၊ မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဘိတ်ကြားထားကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဋ္ဌ နိုင်ကျော်စိုးက ပြောသည်။

“နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနဲ့ သမ္မတကိုဘိတ်ကြားပါတယ်။ လူထုခေါင်းဆောင်အနေနဲ့တော့ ဒေါ်အောင်ဆန်း စုကြည်ကို ဘိတ်ထားပါတယ်။ တက်နိုင် မနိုင်တော့ မသိသေးဘူး” ဟု သူက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့ မွန်ဓမ္မာရုံ၌ ပြုလုပ်သည့် ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပ ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ဘိတ်ကြားခြင်းဖြစ်ပြီး ၄င်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွန်ပြည်နယ် အစိုးရ

မွန်အမျိုးသားနေ့လှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား(ကျော်နိုင်)
မွန်အမျိုးသားနေ့လှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား(ကျော်နိုင်)
အဖွဲ့၊ မြို့နယ်တွင်းရှိ နိုင်ငံရေးပါတီများ၊ မွန်နိုင်ငံရေး ပါတီများ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) စသည်တို့ကိုလည်း ဘိတ်ကြားထားသည်ဟု နိုင်ကျော်စိုး က ပြောသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့၊ သီရိခေမာရပ်ကွက်ရှိ အားကစားကွင်းတွင် ငွေကျပ်သိန်း ၇၀ဝ ခန့် အကုန်ကျခံ ကျင်းပမည်ဟု ကော်မတီက ဆုံးဖြတ်ထားသည်။

အခမ်းအနားတွင် မွန်တေးဂီတနှင့် ဇာတ်သဘင်ပွဲများ၊ မွန်ရိုးရာ မြေဝိုင်းအကများ၊ စာပေ၊ မွန်ယဉ်ကျေးမယ်၊ ဘောလုံး၊ လှေလှော်၊ မာရသွန်၊ ထမင်းနဲထိုးပြိုင်ပွဲများဖြင့် စည်ကားစွာ ကျင်းပမည်ဟု သိရသည်။

၁၉၉၆ ခုနှစ်တွင် ကျရောက်ခဲ့သော မွန်အမျိုးသားနေ့ ရွှေရတုအခမ်းအနားကို ဗဟိုအဖြစ်သတ်မှတ်ခဲ့ရာမှ မြို့နယ်အသီးသီး၌ တစ်နှစ်တစ်ကြိမ် မွန်အမျိုးသားနေ့ဗဟို အခမ်းအနားများကို အလှည့်ကျ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts