Saturday, March 14, 2026
More
    spot_img
    Homeသတင်းတရားမျှတသည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မွန်ငြိမ်းချမ်းရေးဖိုရမ်တိုက်တွန်း

    တရားမျှတသည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မွန်ငြိမ်းချမ်းရေးဖိုရမ်တိုက်တွန်း

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် ၂ ရက်တာကျင်းပခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးတည်ဆောက်ရာ၌ နှစ်ဘက်လုံးအတွက် တရားမျှတမှုရှိသည့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုဖြစ်ရန် တိုက်တွန်းကြောင်း ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ညှိနှိုင်းရေးမှူး မင်းအောင်ထူးက ပြောသည်။

    မွန်ပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်၌ နိုင်ဟံသာမိန့်ခွန်းပြောကြားစဉ်(Facebook)
    မွန်ပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်၌ နိုင်ဟံသာမိန့်ခွန်းပြောကြားစဉ်(Facebook)
    ပြီးခဲ့သည့်ဇန်နဝါရီလ ၂၇ -၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် မွန်ပြည်နယ်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိုရမ်သည် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် မည့်သည့် ကဏ္ဍတွင် လူမှုအဖွဲ့အစည်းများ ပါဝင်ကူညီနိုင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
    မွန်ငြိမ်းချမ်းရေးဖိုရမ်တက်ရောက်သူများ(သံလွင်တိုင်းမ်း)
    မွန်ငြိမ်းချမ်းရေးဖိုရမ်တက်ရောက်သူများ(သံလွင်တိုင်းမ်း)

    မင်းအောင်ထူးက “အချက် ၇ ချက်ပါတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကျနော်တို့ ထုတ်နိုင်ခဲ့တယ်၊ အချုပ်မှာတော့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတဲ့နေရာမှာ တရာမျှတပြီး တစ်ဦးကိုတစ်ဦး လေးစားမှုရှိ တည်ကြည့်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို ချူပ်ဆိုဖို့အတွက် ကျနော်တို့ တိုက်တွန်းထားပါတယ်” ဟု ဆိုသည်။

    အဆိုပါငြိမ်းချမ်းရေးဖိုရမ်တွင် ခေါင်းစဉ် ၇ ခုဆွေးနွေးခဲ့ရာ အချက်တိုင်းတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ကြောင်း၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများသည် အပစ်အခတ်ရပ်စဲရေးတွင် မိမိတို့ဖြစ်စေလိုသည့် ဆန္ဒတစ်ခုကိုသာ ဦးတည်နေကြောင်း၊ NCCT ခေါင်းဆောင် နိုင်ဟံသာ၏ ရှင်းလက်ချက်ကြောင့် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများအကြောင်းကို CSO များမှ သိရှိနားလည်လာပြီး မည့်သည့် အခန်းကဏ္ဍတွင် ပါဝင်ကူညီလုပ်ဆောင်ရမည်ကို ရှင်းလင်းစွာ သိမြင်လာကြောင်း ၎င်းက ဆက်ပြောသည်။

    “ဒီလိုဖိုရမ်ကို ကျနော်တို့ လူတွေအများကြီးနဲ့ လုပ်ချင်ပါတယ်၊ ဒါပေမယ့် လူဦးရေ အကန့်အသတ်နဲ့ပဲ ဖိတ်ရတယ်ဆိုတော့ ဒီကိစ္စရပ်ကို စိတ်ဝင်စားတဲ့ အဖွဲ့တွေကို အဓိကဦးတည်ပြီး ဖိတ်ရတယ်၊ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ၂ ဖက်စလုံးကို ကျနော်တို့ ဖိတ်ထားပါတယ်” ဟု ကိုအောင်ထူးက ပြောသည်။

    သို့ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဘက်ကိုယ်စားလှယ်များအား ဖိတ်ကြားခဲ့ရာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ တက်ရောက်ခဲ့သော်လည်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ တက်ရောက်နိုင်ခြင်း မရှိပေ။

    ဖိုရမ်တက်ရောက်ခဲ့သူ လူငယ်ရှေ့ဆောင်လူ့အခွင့်အရေးပညာပေးအဖွဲ့ (YIHR) မှ မိဂိုချိုင်းက “ဒီဆွေးနွေးပွဲက ပြည့်စုံလား ဆိုရင် မပြည့်စုံဘူးလို့ပြောရမယ်၊ တက်ရောက်သူ တစ်ဦးချင်းစီရဲ့ အရည်အချင်းက မမျှဘူး၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးနဲ့ဆိုင်တဲ့ ဆွေးနွေးမှုမှာ အားလုံးလိုလို သိပ်ကိုစိတ်ဝင်စားကြပါတယ်” ဟု ပြောသည်။

    မိမိတို့အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် စိတ်ဝင်စားသည့် ပြည်သူများအား စုစည်းပြီး ပညာပေးလုပ်ငန်းများကို ကူညီ လုပ်ဆောင်ပေးနိုင်မှသာလျှင် ပြည်သူများ ငြိမ်းချမ်းရေးကိစ္စရပ်ကို ပိုမိုသိရှိ နားလည်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

    အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီဒေရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ပြီး စုစုပေါင်း အဖွဲ့အစည်းကို ကိုယ်စားပြုသူ ၂၀ဝ ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks