spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရန်ကုန်မြို့မွန်အမျိူးသားနေ့ အခမ်းအနား တက်ရောက်ရန် အကြိုအပို့ကားများ စီစဉ်ထား

    ရန်ကုန်မြို့မွန်အမျိူးသားနေ့ အခမ်းအနား တက်ရောက်ရန် အကြိုအပို့ကားများ စီစဉ်ထား

    -

    ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရန်ကုန်-မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်ခဲ့စဉ်(IMNA)
    ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရန်ကုန်-မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်ခဲ့စဉ်(IMNA)
    လာမည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ကျင်းပမည့် ၆၈ ကြိမ်မြောက် မွန်အမျိူးသားနေ့ အခမ်းအနား တက်ရောက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အားလုံးကို အကြိုအပို့ ကားများစီစဉ်ထားကြောင်း မွန်အမျိူးသားနေ့ ကျင်းပရေးကော်မတီမှ သိရသည်။

    ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည့် (၆၈) ကြိမ်မြောက် မွန်အမျိူးသားနေ့အခမ်းအနားတွင် ဆိုကရေးတီး ရွှေတံဆိပ် ဆုရှင် မွန်ဇာတ်မင်းသား ချမ်းညီချမ်း ဇာတ်ပွဲဖြင့် မွန်ယဉ်ကျေးမှု ဇာတ်ထုတ်များကို ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ကျင်းပရေး ကော်မတီ အတွင်းရေးမှူး နိုင်စိုးကြည်က ပြောသည်။

    “ချမ်းညီချမ်းကို ရန်ကုန်မှာရှိတဲ့ မွန်တွေ မကြည့်ဖူးတဲ့ သူတွေ မရှိအောင်လို့ စီစဉ်ထားတာပါ၊ ၂ ရက်လုံးကိုတော့ ဝင်ကြေး အခမဲ့ပါ၊ ဒါပေမယ့် မွန်အမျိူးသားနေ့ တစ်ရက်ထဲကိုပဲ ဖယ်ရီကားတွေ စီစဉ်ထားတယ်၊ ပထမညမှာတာ့ ကိုယ်အစီအစဉ်နဲ့ ကိုယ်လာကြရမယ်” ဟု နိုင်စိုးကြည် ကပြောသည်။

    ၆၈ ကြိမ်မြောက် မွန်အမျိူးသားနေ့တွင် သဘာပတိ မိန့်ခွန်းကို ဒေါက်တာ မင်းတင်မွန် မှဟောပြောမည်ဖြစ်ပြီး မွန်အမျိူးသား နေ့ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေတင်နှင့် မွန်စာပေယဉ်ကျေးမှုကော်မတီ ကိုယ်စား နာယက နိုင်မောင်တိုး တို့ မိန့်ခွန်း ပြောကြာမည်ဖြစ်သည်။

    ထို့အပြင် မွန်အမျိူးသားနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဖိတ်ကြားထားပြီး ကျန်ဖိတ်ကြားမည့် သူများစရင်းကို လာမည့် ၂၄ ရက်နေ့တွင် အစည်းအဝေးများပြူလုပ်ကာ စိစစ် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း မွန်အမျိူးသားနေ့ ကျင်းပရေးကော်မတီပြောကြားချက်အရ သိရသည်။

    မွန်အမျိူးသားနေ့ ကျင်းပရခြင်းကြောင့် မွန်လူမျိူးတို့၏ မျိူးချစ်စိတ်ဓာတ်နှင့် ဇာတိဂုဏ်များ ပိုမိုပြန်ပွားလာနိုင်ကြောင်း မွန်စာပေယဉ်ကျေးမှု ကော်မတီ ဥက္ကဌ နိုင်စိုးအောင်က ပြောသည်။

    “ရပ်တိုင်းရွာတိုင်း မွန်တွေရှိတဲ့နေရာတိုင်မှာ ဒီအချိန်(မွန်အမျိူးသားနေ့) ရောက်လာတဲ့ အခါတိုင်းမှာ မျိူးချစ်စိတ်ဓာတ်တွေ အလိုလို တက်ကြွလာပါတယ်၊ ဒီပွဲကို ကျင်းပခြင်းအားဖြင့် ရှေးရှေးတုန်းက ကိုယ်ရဲ့ ဘိုး ဘေး ဘီ ဘင် တွေ တည်ထောင်ခဲ့တဲ့ နိုင်ငံတစ်ခုကိုလည်း သတိရစေပါတယ်”ဟု နိုင်စိုးအောင်က ပြောသည်။

    ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်တို့ တွင် ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်၌ ကျင်းပမည့် ၆၈ ကြိမ်မြောက် မွန်အမျိူးသား နေ့ကုန်ကျမည့် အသုံးစရိတ်မှာ ငွေကျပ် သိန်း ၃၀ဝ ကျော်ခန့် လျာထားကြောင်း ထိုငွေများကို ပွဲကျင်းပရေးကော်မတီမှ ကောက်ခံထားသည့် အလှူငွေများဖြင့် သွားစွဲသွားမည်ဖြစ်ကြောင်း အလှူငွေမှာလည်း လက်ရှိအချိန်ထိ သိန်း ၂၅၀ ခန့် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

    ယခုနှစ် ကျရောက်မည့် မွန်အမျိူးသားနေ့တွင် ပရိဿတ် ၅၀ဝ ကျော် အတွက် နေရာထိုင်ခင်းများ စီစဉ်ထားပြီး မွန်စာပေများ၊ မွန်အစားအစာများ၊ မွန်လက်မှု ပစ္စည်းများ ရောင်းချသော ဈေးရောင်းပွဲတော်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

    ပာံသာဝတီ နိုင်ငံတော် တည်ထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိူးသားနေ့ အဖြစ်သတ်မှတ်ခဲ့ရာ မွန်တိုင်းရင်းသားများရောက်ရှိနေထိုင်ရာဒေသများတွင် နှစ်စဉ်နှစ်တိုင်း အခမ်းအနားများ ကျင်းပလျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks