Homeသတင်းအနှစ်သာရရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ရေး UNA နှင့် NLD တွေ့ဆုံ

အနှစ်သာရရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ရေး UNA နှင့် NLD တွေ့ဆုံ

-

အနှစ်သာရရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ရေး၊ အခြေခံ ဥပဒေပြင် ဆင်ရေး(သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးနှင့် ၂၀၁၅ တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပေါ်ရေး အချက် ၃ ချက်ပေါ် အခြေခံ၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် NLD နှစ်ဖက်ခေါင်းဆောင်များ ယမန်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

UNAနှင့် NLD ခေါင်းဆောင်များ(Min Pe Than)
UNAနှင့် NLD ခေါင်းဆောင်များ(Min Pe Than)
“အဲဒီအချက် ၃ ချက်ကို နှစ်ဖက်ခေါင်းဆောင်တွေ မကြာခင်အသေးစိတ် ပြန်လည်ဆွေးနွေးပြီး ပူးတွဲကြေညာချက်ထုတ်ပြန်သွားမှာ ဖြစ်တယ်” ဟု UNA ရုံးအဖွဲ့မှူး မင်းဖေသန်းက IMNA သို့ ပြောသည်။

UNA ခေါင်းဆောင် ၅ ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၈ ဦးတို့ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နှင်းဆီစံအိမ်၌ ၂ နာရီကြာနီးပါးခန့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက “အခုဆွေးနွေးချက်တွေကို ကျနော်တို့ UNA မှာ ပြန်ဆွေးနွေးမှာဖြစ်သလို NLD ကလည်း သူတို့ဗဟိုအလုပ်အမှုဆောင်မှာ ပြန်ဆွေးနွေးပါမယ်၊ နှစ်ဖက်အလုပ်အဖွဲ့ Working Committee ချင်းလည်း ဆက်လက်ညှိနှိုင်းသွားမယ်” ဟု ပြောသည်။

ဆွေးနွေးပွဲသို့ UNA အတွင်းရေးမှူးအလုပ်အဖွဲ့ စိုင်းညွန့်လွင်၊ ဒေါက်တာမင်းစိုးလင်း၊ ပူဂျင်ကမ်လျမ်၊ မန်းကျော်ငြိမ်းနှင့် ရုံးအဖွဲ့မှူး မင်းဖေသန်းတို့ တက်ရောက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးထွန်းထွန်းဟိန်း၊ နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးမန်းဂျော်နီနှင့် ဦးဝင်းဦးတို့ တက်ရောက် ဆွေးနွေးခဲ့ရာ အထက်အချက် သုံးချက်ပါ သဘောတူညီချက်အကြမ်းရရှိခဲ့ပြီး မကြာမီ ပူးတွဲကြေညာချက်ထုတ်ပြန်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ကျင်းပခဲ့သော UNA ပထမအကြိမ်ညီလာခံ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးဖြစ်ပေါ်စေရေး၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းရေးနှင့် UNA နှင့် NLD တွေ့ဆုံရေး ဆုံးဖြတ်ချက်များ ချမှတ် ထားသည်ဟု သိရသည်။

ယခင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဝင် UNA အဖွဲ့ဝင်တိုင်းရင်းသားပါတီ ၁၂ ပါတီရှိခဲ့ပြီး ယခုအခါ အသစ်ပြန်လည် ဖွဲ့စည်း ရာတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ မွန်အမျိုးသားပါတီ MNP၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၊ ရခိုင်အမျိုးသားပါတီ RNP၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ကချင် အမျိုးသားများ ဒီမိုကရေစီကွန်ယက်တို့ ပါဝင်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts