spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းတစ်သောင်းတန်ငွေစက္ကူအတု အဓိကတရားခံတစ်ဦး လွတ်မြောက်နေ

    တစ်သောင်းတန်ငွေစက္ကူအတု အဓိကတရားခံတစ်ဦး လွတ်မြောက်နေ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ကျပ်သိန်း ၉၀ဝ ကျော် တစ်သောင်းတန် ငွေစက္ကူအတုများနှင့် တရားခံ ၄ ဦးအား ဖမ်းဆီးရမိသော်လည်း အဓိကကျသော တရားခံတစ်ဦး လွတ်မြောက်နေသေးကြောင်း မွန်ပြည်နယ်၊ မှုခင်းရဲတပ်ဖွဲ့မှ သိရသည်။

    တစ်သောင်းတန်ငွေစက္ကူ(Copy)
    တစ်သောင်းတန်ငွေစက္ကူ(Copy)
    အဆိုပါ တရားခံနှင့်ပတ်သက်၍ စုံစမ်းနေဆဲဖြစ်၍ သတင်းထုတ်ပြန်မည် မဟုတ်သေးကြောင်း မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သူက ပြောသည်။

    “ကွင်းဆက်တရားခံ မဖမ်းမိသေးဘူး၊ အဓိက မိန်းတရားခံတစ်ယောက်ကျန်နေသေးလို့ပါ ကွင်းဆက်တရားခံရမှဘဲ ဆက်ပြီးပြောပြလို့ ရမှာပါ၊ အခု မူခင်းတပ်ဖွဲနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်၊ မကြာခင် ကျွန်တော်တို့အတည်ပြု လို့ ရမှာပါ”ဟု အဆိုပါ ရဲအုပ်က ပြောသည်။

    လတ်တလောအချိန်တွင် သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိသူ ၄ ဦးရှိကြောင်း အဆိုပါ ရဲအုပ်၏ ပြောကြားချက်များအရ သိရပြီး ၎င်းတို့အား ဗပာိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅၊ ၁၀၆၊ ၁၀၇ များ နှင့် တရားစွဲဆိုမည်ဟု ဆိုသည်။

    အဆိုပါ ငွေစက္ကူ အတုများအား အစစ်အမှန်အနေဖြင့် သုံးစွဲပါက ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂၉ (ခ) အရ ထောင်ဒဏ်၁၀နှစ် အထိ ကျခံနိုင်ကြောင်း၊ လက်ဝယ် ကိုင်ဆောင်ထားပြီး ကြံရွယ်ချက်ရှိပါက ၇ နှစ် အထိ ကျခံနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး (လူမှုထူးချွန်) က ပြောသည်။

    “အတုပြုတဲ့ လုပ်ငန်းမှာ ကိုယ်တိုင်ပါဝင်တာ၊ အတုပြုတာကို အစစ်လိုလို အပြင်မှာထုတ်သုံးတာ၊ မသုံးရသေးဘူး သူက လက်ထဲမှာ ထားထားတာ၊ ဒါပေမယ့် အင်နဲ့အားနဲ့ လုပ်တဲ့ဟာကျတော့ အထူးဥပဒေနဲ့ အရေးယူတယ်၊ အခုဟာက မသုံးရသေးတဲ့ အတွက် ၄၂၉ (ဂ)နဲ့ ဆိုင်တယ်၊ ၄၂၉ (ခ)(ဂ) နှစ်ခုလုံးနဲ့ တရားစွဲလို့ ရနိုင်တယ်”ဟု ဒေါ်ခင်မိုးမိုး က ပြောသည်။

    ယင်း တစ်သောင်းတန် ငွေစက္ကူ အတုများသည် မကြာခဏပင် ပေါ်ပေါက်လာတက်ပြီး နောက်ဆုံပေါ် ကာလာ ပရင့်တာနည်းဖြင့်လုပ်ကိုင်၍ ရကြောင်းသိရသည်။

    နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရဲအုပ် အောင်သူ ဦးဆောင်သော အဖွဲ့သည် ဘီးလင်းမြို့ရှိ အိုအေစစ်စားသောက်ဆိုင်တွင် ဝင်ရောက်ရှာဖွေရာမှ သိန်းဇော်နှင့် လွင်ဦး ဆိုသူ နှစ်ဦးတို့နှင့်အတူရှိနေသော ကြောပိုးအိတ် တစ်လုံးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြစ်ရိုက်နှိပ်ထားသည့် ကမ္ဘောဇဘဏ် (ဘားအံ ဘဏ်ခွဲ) ပါ တစ်သောင်းတန် ငွေစက္ကူ အတုအရွက် ၁၀ဝ တန် ၉၁ ထုပ် ဖမ်းဆီးတွေရှိခဲ့ကြောင်း အစိုးရ ကြေးမုံသတင်းစာ၌ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သတင်းဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts