Homeသတင်းကူညီထောက်ပံ့မှုများ အောက်ခြေအထိရောက်ရှိစေရန် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးထံတင်ပြ

ကူညီထောက်ပံ့မှုများ အောက်ခြေအထိရောက်ရှိစေရန် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးထံတင်ပြ

-

ယမန်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နှင့် နော်ဝေနိုင်ငံခြားရေး ဝန်ကြီး Mr Borge Brende နှင့် တွေ့ဆုံရာတွင် စစ်ပြေးဒုက္ခသည်များဆိုင်ရာ ကူညီထောက်ပံ့မှုများကို အောက်ခြေဒုက္ခသည်များ လက်ထဲသို့ ရောက်ရှိစေရန် ဆောင်ရွက်သင့်သည်ဟု တင်ပြတောင်းဆိုခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

နော်ဝေးနိုင်ငံခြားရေးဝန်ကြီး ပဲခူးမြို့သို့ရောက်ရှိခဲ့စဉ်(Nyo Ohn Myint)
နော်ဝေးနိုင်ငံခြားရေးဝန်ကြီး ပဲခူးမြို့သို့ရောက်ရှိခဲ့စဉ်(Nyo Ohn Myint)
နိုင်ဝင်းလှက “ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ ကူညီထောက်ပံ့မှုတွေ ပေးနေပေမယ့် အစိုးရဘက်ကို ပေးတာများနေတယ်၊ တကယ် ဒုက္ခရောက်တဲ့ပြည်သူတွေလက်ထဲကို ရောက်မလာဘူး၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် Local NGOs ကနေတဆင့်ပေးမယ်ဆိုရင် ပိုပြီး ထိရောက်မှုရှိမယ်” ဟု ပြောသည်။

ထို့အပြင် တစ်နိုင်ငံလုံအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေမှု ၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ဖြစ်ပေါ်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ၊ တိုင်းရင်းသားဒေသ အစိုးရထိုးစစ်ဆင်နေသည့် ကိစ္စရပ်များသည် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ထိခိုက်နိုင်သည့်အတွက် နော်ဝေးအစိုးရအနေဖြင့် ဝိုင်းဝန်းအဖြေရှာပေးရန်ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ သဘောဆန္ဒကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်သွားရမယ်” ဟု နိုင်ဝင်းလှက ဆိုသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr Borge Brende အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တစ်ဖက်တစ်လမ်းမှ ကူညီနိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေ၍ကူညီသွားရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင် နော်ဝေးနိုင်ငံနှင့် ဥရောပသမဂ္ဂ EU အဖွဲ့တို့ လေ့လာသူအဖြစ် ပါဝင်ရန်သွားရန်အတွက် တောင်းဆိုထားသည်။

ယမန်နေ့တွေ့ဆုံမှုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့တို့ပါဝင်ပြီး ပဲခူးမြို့၊ ဟံသာဂါးဒင်ဟိုတယ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါဝင်သော သုံးပွင့်ဆိုင် ဖိတ်ခေါ် ပြီး နော်ဝေနိုင်ငံ၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပပေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က နော်ဝေး နိုင်ငံခြားရေးဝန်ကြီး Borge Brende ဘော့ဂါ ဘရင်န်ဒါကို တိုက်တွန်းခဲ့ကြောင်း RFA မြန်မာသတင်းက ဖေါ်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts