spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းKNU ၏ပြန်လည်ညှိနှိုင်းမှုကို UNFC ကြိုဆို

    KNU ၏ပြန်လည်ညှိနှိုင်းမှုကို UNFC ကြိုဆို

    -

    ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေါ် အစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တွင် ပြန်လည်ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်၍ ဆက်လက်ညှိုနှိုင်းသွားမည့်ဆုံးဖြတ်ချက်ကို UNFC မှ ကြိုဆိုကြောင်း UNFC ဒု-ဥက္ကဌ နိုင်ဟံသာက ပြောသည်။

    “ကျနော်တို့ဘက်က ကြိုဆိုပါတယ်၊ ဘယ်အချက်တွေကို ပြင်ချင်တယ်၊ ဘယ်လို ဖြစ်ချင်တယ်ဆိုတဲ့ အချက်တွေကို အများနဲ့ ဆွေးနွေးသွားနိုင်တယ်၊ ညီလာခံတုန်ကလည်း ဆွေးနွေးခဲ့တာပဲ” ဟု နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီIMNA သို့ ယနေ့တွင် ပြောသည်။

    UNFC အဖွဲ့ဝင်အဖြင့် ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၃ မှ ၂၉ ရက်နေ့အထိ KNU ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေါ် အစည်းအဝေး၌ အလေးအနက်ဆွေးနွေးသုံးသပ်ရာတွင် အဖွဲ့ဝင်အဖြစ် ယာယီ ဆက်လက်ရပ်ဆိုင်ထားမည် ဖြစ်ပြီး၊ ထိုကာလအတွင်း အတွင်း UNFC အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဆုံးဖြတ်ခဲ့သည်။

    KNU ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင် ဗဒို စောသမိန်ထွန်းက “ကျနော်တို့ KNU မူအရ လက်မခံနိုင်တဲ့ အချက်တွေကို UNFC က ခေါင်းဆောင်တွေနဲ့ KNU က ကိုယ်စားလှယ်တွေ ညှိနှိုင်းသွားမယ်၊ တကယ်လို့ ညှိနှိုင်းမှု အဆင်ပြေမယ် KNU ရဲ့မူကိုလည်း မထိခိုက်ဘူးဆိုရင် ကျနော်တို့ UNFC တပ်ပေါင်းစုထဲကို ပြန်ဝင်မယ်” ဟု ပြောသည်။

    ဆက်လက်၍ KNU မှ လက်မခံနိုင်သည့် အဓိက အချက်များမှာ UNFC အဖွဲ့၏ ဖွဲ့စည်းပုံဖြစ်သည့် တစ်ပါတီစနစ်ဖွဲ့စည်းပုံ (ဒေါင်လိုက်) ဖြစ်နေသည့်အပေါ် လက်မခံနိုင်ကြောင်း၊ တပ်ပေါင်းစု ဖွဲ့စည်းပုံ (အလျှားလိုက်) အဖြစ်သာ တည်ဆောက်သင့်ကြောင်း၊ အကြောင်းမှာ လက်ရှိ UNFC ၏ ဖွဲ့စည်းပုံအရ အစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုတွင် အခက်အခဲများရှိနိုင်ကြောင်း ဗဒို စောသမိန်ထွန်းက ပြောသည်။

    ဗဒို စောသမိန်ထွန်းက “နောက်တစ်ချက်က ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးမှာလည်း ဒီလိုပဲ မူအရတော့ ဒါက ကောင်းပါတယ်၊ လုပ်ငန်းအကောင်အထည်ဖော်တဲ့နေရာမှာ မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း ဆိုပြီး အချက်အလက်တွေနဲ့ ချမှတ်ထားတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အပစ်အခတ် ရပ်စဲရေး လုပ်ငန်းကာလ ဆောင်ရွက်နေတဲ့အချိန်မှာ ဒါတွေကို အကောင်အထည်ဖော်မယ်ဆိုရင် အစိုးရ ဘက်က တစ်မျိုးမြင်လာနိုင် လိမ့်မယ် အဲဒီတော့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲက အချိန်ကြာသွားနိုင် တယ်” ဟု ဆိုသည်။

    UNFC အဖွဲ့ဝင် အဖြင့် ယာယီနှုတ်ထွက်ထားသော်လည်း ဘုံသဘောတူညီချက်ဖြစ်သည့် တန်းတူရေး ကိုယ်ပိုင်ပြဌာန်ခွင့်၊ ဖက်ဒရယ်အရေး၊ တပြည်လုံးအတိုင်းအတာ ငြိမ်းချမ်းရေးများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ခြင်းသော်၎င်း၊ အစုအဖွဲ့လိုက်သော်၎င်း၊ ပူးပေါင်းအကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဗဒို စောသမိန်ထွန်က “ကျနော်တို့ UNFC ကနေ ယာယီပဲထွက်တာ၊ အပြီးနှုတ်ထွက်တာမဟုတ်ဘူး၊ KNU ရဲ့ မူဆိုင်ရာတစ်ချို့နဲ့ UNFC က ချမှတ်ထားတဲး မူဆိုင်ရာ တစ်ချို့မကိုက်ညီတာရှိတဲ့အပေါ်မှာ ဆက်လက်ညှိနှိုင်ဆွေးနွေးသွားမယ်” ဟု ဆိုသည်။

    UNFC ဖွဲ့စည်းပုံနှင့်ပတ်သက်၍ တပ်ပေါင်းစုတွင် ဗဟိုကော်မတီဖွဲ့စည်းမှု လုပ်ငန်းစဉ်သည် လွန်ခဲ့သည့် ၃ နှစ်ကျော် ကာလအတွင်း ထိုဖွဲ့စည်းပုံဖြစ် အကောင်အထည်ဖော်ခဲ့ကြောင်း ယခင်တပ်ပေါင်းစုတွင်လည်း အလားတူ အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယခုအချိန်ကာလသည် တိုင်းရင်းသားများအားလုံး စုစည်းမှု ရှိသင့်သည့် အချိန်ဖြစ်သင့်ကြောင်း၊ မြန်ဆန်လှသည့် နိုင်ငံရေးပြောင်းလဲမှု အခြေအနေအခြေတွင် ယခုဖွဲ့စည်းပုံသည်သာ အသင့်တော်ဆုံးဖြစ်ကြောင်း နိုင်ဟံသာက ရှင်းပြသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို ယခုလ ၂၃ ရက်နေ့မှ စ၍ ၂၉ ရက်နေ့အထိ KNU ၏ ဘားအံခရိုင်ဌာနချူပ်ဖြစ်သည့် လေးဝါးစခန်းတွင်ကျင်းပခဲ့ပြီး ဗဟိုကော်မတီ (၅၀) ဦးရှိသည့် အနက် (၄၇) ဦး တက်ရောက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks