Homeသတင်းသံလွင်မြစ် အရင်းအမြစ်မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မွန်ပြည်နယ်တွင်ကျင်းပမည်

သံလွင်မြစ် အရင်းအမြစ်မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မွန်ပြည်နယ်တွင်ကျင်းပမည်

-

မော်လမြိုင်အနီး သံလွင်မြစ်ကိုမြင်တွေ့ရပုံ(Internet)
မော်လမြိုင်အနီး သံလွင်မြစ်ကိုမြင်တွေ့ရပုံ(Internet)
သံလွင်မြစ်ပေါ်ရေကာတာ တည်ဆောက်ခြင်းဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုများကို နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များ စုပေါင်း၍ Thanlwin ECO System Knowledge
resource share သံလွင်ဂေဟစနစ်နှင့် အရင်အမြစ်များ မျှဝေခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် လာမည့် စက်တင်ဘာလတွင် မွန်ပြည်နယ်၌ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

စက်တင်ဘာလ ပထမပတ်တွင် မော်လမြိုင်တက္ကသိုလ်၌ ကျင်းပမည့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ တရုတ်၊ ထိုင်းနှင့် မြန်မာပညာရှင်များ ပေါင်းစည်းကာ ရေကာတာတည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဒေသခံများ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးစီစဉ်နေသူ ဦးမင်းမင်းနွယ်က ပြောသည်။

ဦးမင်းမင်းနွယ်က “ သံလွင်မြစ်ပေါ်ရေကာတာ တည်ဆောက်တဲ့အတွက် အဲဒီမြစ်ကြောင်း တလျှောက်နဲ့ ပြည်သူတွေအပေါ်မှာ သက်ရောက်နိုင်မယ့် ဆိုးကျိုးတွေကို မီးမောင်းထိုးပြချင်လို့ပါ” ဟု ပြောသည်။

ရေကာတာ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုကျိုးများကို ပညာရှင်များနှင့်အတူ ဒေသခံများ အသိအမြင်ဖလှယ်နိုင်မည် ဖြစ်ကြောင်း Foundation for Ecological Recovery (Thailand) ဥက္ကဌ နိုင်ဝီရဝပ် ထင်ပရာဆပ်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

နိုင်ဝီရဝပ် ထင်ပရာဆပ်က “တကယ်လို ဒီသံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်လိုက်မယ်ဆိုရင် တည်ဆောက်တဲ့နေရာမှာသာမက မြစ်ဝဖြစ်တဲ့ မော်လမြိုင်မြို့ရဲ့ ဂေဟဗေဒ (Ecology) တွေလည်း ပြောင်းလဲသွားနိုင်တယ်၊ ဒီဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံမှာ ကရင်ပြည်နယ်နဲ့ မော်လမြိုင်ပတ်ဝန်းကျင်းတွေမှာ လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီးပြီ” ဟု ဆိုသည်။

သံလွင်ဂေဟစနစ်နှင့် အရင်းအမြစ်များမျှဝေခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် မိမိအနေဖြင့် “သံလွင်မြစ်၏ ဂေဟဗေဒဆိုင်ရာ အဖိုးတန်မှုနှင့် သံလွင်မြစ်၏ အနာဂါတ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ” ကို ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ဝီရဝပ် ထင်ပရာဆပ်က ဆက်ပြောသည်။

Foundation for Ecological Recovery (Thailand) အနေဖြင့် ထိုင်းနိုင်ငံတွင်းရှိ သဘာဝ ပတ်ဝန်ကျင်းဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ရေကာတာဆိုးကျိုးခံစာဖူးသူများနှင့် စိတ်ဝင်စားသူများ ပါဝင်တက်ရောက်နိုင်ရန်အတွက် နှိုးဆော်ထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့တွင်လည်း ထိုင်နိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) မှ သဘာဝပတ်ကျင်ဝန်းကျင်ဆိုင်ရာပညာရှင် မစ္စတာ မွန်ထရီ အဖွဲ့နှင့် ပေါင်းကူရေးအဖွဲ့တို့က အလုပ်ရုံဆွးနွေးပွဲ ပြုလုပ်နိုင်ရန် မော်လမြိုင်အခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် လာရောက်တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

သံလွင်မြစ်သည် ကမ္ဘာ့အရှည်ဆုံးမြစ်များတွင် ပါဝင်ပြီး တရုပ်ပြည်မှ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ် မော်လမြိုင်နှင့် ဘီလူးကျွန်းအကြား ဖြတ်သန်း၍ ကျိုက်ခမီပင်လယ်ဝမှ ပင်လယ်ထဲသို့ စီးဆင်းလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts