spot_img
Wednesday, February 11, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ဒီမိုကရေစီပြုပြုင်ပြောင်းလဲရေး မစစ်မှန်၊ ဗမာ့တပ်မတော်သြဇာလွှမ်းမိုးထားဆဲ

    ဒီမိုကရေစီပြုပြုင်ပြောင်းလဲရေး မစစ်မှန်၊ ဗမာ့တပ်မတော်သြဇာလွှမ်းမိုးထားဆဲ

    -

    ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတဦးသိန်းစိန် ဦးဆောင်သည့်အစိုးရ အာဏာရရှိပြီးနောက်ပိုင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် တစိ်ုက်မတ်မတ် လုပ်ဆောင်သွားသည့် အခြေအနေကို တွေ့ရှိရသော်လည်း ယခုအစိုးရသက်တမ်း (၃) နှစ် ကျော်သွားသည့်ကာလတွင် ဗမာ့တပ်မတော်သြဇာလွှမ်းမိုးထားဆဲကြောင့် နိုင်ငံရေးနှင့် ပြည်သူလူထုတို့၏ လွတ်လပ်မှုများ စစ်အာဏာရှင်စနစ်အောက် ပြန်ရောက်သွားပြီလားဟု စိုးရိမ်မှုများ ဖြစ်ပေါ်လာကြသည်။

    ဦးသိန်းစိန် အစိုးရ အာဏာစတင်ရရှိစဉ်ကာလတွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ရောက်သွားပြီဟု ပြည်သူများမျှော်လင့်ကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများ ချီးကျူးကာ ပံ့ပိုးကြသည်။ အစိုးရမှ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးကာ အဓိ်က အတိုက်ခံခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ နှင့် အပေးအယူ ညှိနှိုင်းမှု ပြုလုပ်ခဲ့သည့်အပေါ် ကောင်းမွန်သော အခြေအနေကို ရောက်ရှိမည်ဟု အကောင်းဘက်က မျှော်လင့်နေကြသည်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများနှင့်လည်း အပစ်အခတ်ရပ်စဲရေး ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းများ လုပ်ဆောင်နေသည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာမှ ကြိုဆိုနေကြသည်။

    ယခင် (၂) နှစ်အတွင်းခန့်က နိုင်ငံရေးတိ်ုးတက်မှု အရိပ်အယောင်တွေ့ရှိခဲ့ရသော်လည်း ယခုအခါ ယင်းတိုးတက်မှုများကို တပ်မတော်က စတင်ဟန့်တားနေပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် (၂၀ဝ၈) ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ တပ်မတော်မှ နိုင်ငံရေးတွင် သြဇာအာဏာ လွမ်းမိုးထားသဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်းကောင်း၊ အစိုးရ၏ ဝန်ကြီးဌာနများတွင်လည်းကောင်း တပ်မတော် စစ်ဦးစီးချူပ်ခွင့်ပြုမှသာ ပြုပြင်ပြောင်းလဲရေး ကိစ္စအချို့ကို လုပ်ဆောင်နိုင်သော်လည်း ခွင့်မပြုပါက လုံးဝလုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
    နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ရှေ့ တိုးမရသည့်အနေအထားများသည် တပ်မတော်နှင့် တိုက်ရိုက်သက်ဆိုင်နေသည်ကို တွေ့ရှိရပေသည်။

    နဝတ/ နအဖ အစိုးရ အုပ်ချူပ်သည့်ကာလများတွင် လယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေဧက ထောင်ပေါင်းများစွာကို စစ်တပ်အပါအဝင် ၄င်းတို့နှင့်ဆက်စပ်နေသော ခရိုနီများမှ သိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့ရသည်။ လယ်ယာမြေ သိမ်းဆည်းသည့်ကိစ္စများအား လွှတ်တော်တွင် တင်ပြအစီရင်ခံစာ တင်သွင်းသော်လည်း အဓိက တာဝန်ရှိသည့် တပ်ရင်း၊ တပ်မ၊ စစ်တိုင်းများမှ ထိုလယ်ယာမြေများအား ပေးအပ်ရန် ငြင်းဆိုသည့်အတွက် လယ်ယာမြေ သိမ်းဆည်းသည့်ပြဿနာအား မဖြေရှင်းနိုင်သေးပေ။

    ထို့ အပြင် ယနေ့ (၂၀ဝ၈) ဖွဲ့ စည်းပုံအခြေခံဥပဒေအား ပြင်ရေး/ မပြင်ရေးသည်လည်း တပ်မတော်နှင့်သာ အများကြီး သက်ဆိုင်နေပေသည်။ လွတ်တော်အတွင်း တပ်မတော်ကိုယ်စားလှယ်များမှ ဖွဲ့ စည်းပုံအား ပြင်ဆင်လိုစိတ် မရှိပါက (သို့ မဟုတ်) ပြင်ဆင်ရန် သဘောမတူပါက (၂၀ဝ၈) ဖွဲ့ စည်းပုံ မည်သည့်အချက်ကိုမျှ ပြင်ဆင်ခွင့်ရမည် မဟုတ်ပေ။

    လွန်ခဲ့သည့် ဇူလိုင်လ (၁၀) ရက်နေ့ တွင် ယူနီတီဂျာနယ်မှ သတင်းထောက်များနှင့် အယ်ဒီတာများက ‘တပ်မတော်’ လျို့ ဝှက်လုပ်ငန်းများ ထိခိုက်စေသည့် သတင်းဆောင်းပါးများအား ရေးသားသည့်အတွက် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်သည်။ ယခုကိစ္စသည် ဒီမိုကရေစီ၏ မဏ္ဍိုင်ဖြစ်သည့် ‘လွတ်လပ်စွာရေးသားပြောဆိုခွင့်’ ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ပေသည်။ တဖက်က သုံးသပ်ကြည့်မည် ဆိုပါက တပ်မတော်နှင့် ပတ်သက်သည့် မည်သည့်သတင်းကိုမှ ရေးသားခွင့် မပြုလိုသည့်အခြေအနေပင် ဖြစ်နေပေသည်။

    ယနေ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စ နှောင့်နှေးနေခြင်းသည် တပ်မတော်မှ တိုင်းရင်းသားခေါင်းဆောင်များ လိုလားတောင်းဆိုချက်အချို့အား မလိုက်လျောသောကြောင့် ဖြစ်သည်။ တချိန်တည်းတွင် သမ္မတ၏ အပစ်အခတ်ရပ်စဲရေး အမိန့် ကို နားမထောင်ဘဲ ကချင်ဒေသနှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေသည်။

    အထက်ပါ အချက်အလက်များကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံပြည်သူများနှင့် နိုင်ငံတကာမှ လိုလားသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဗမာ့တပ်မတော်မှ သြဇာလွမ်းမိုးထားသည့်အတွက် လက်ရှိအစိုးရမှ ဖော်ဆောင်နိုင်ခြင်း မရှိကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks