Saturday, April 18, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံရောက် တရားမဝင်အလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးမည်ဟုဆို

    ထိုင်းနိုင်ငံရောက် တရားမဝင်အလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးမည်ဟုဆို

    -

    ထိုင်းငါးဖမ်းလှေတွင်မြန်မာအလုပ်သမားများ(Internet)
    ထိုင်းငါးဖမ်းလှေတွင်မြန်မာအလုပ်သမားများ(Internet)
    မင်းလုံး – ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အ လုပ်လုပ်ကိုင်နိုင်သည့် နေထိုင်ခွင့်လက်မှတ်ကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစပြီး ထိုင်းအစိုးရက စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

    မြန်မာအလုပ်သမားများ အများဆုံးနေထိုင်လုပ်ကိုင်သည့် မဟာချိုင်ဒေသတွင် နေထိုင်ခွင့်လက်မှတ်စတင်ထုတ်ပေးမည် ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ရက်ပေါင်း ၆၀ ကြာ အကောင်အထည်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပခဲ့သည့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားအလုပ်သမားများ အတည်တကျဖြစ်တည်ရေး အစည်းအဝေးပွဲတွင် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ် သမားများကူညီစောင့်ရှောက်ရေး အဖွဲ့ဝင် ကိုကျော်သီဟက ပြောသည်။

    သူက “တကယ်လိုသူတို့ ပုံစံ ၃၈/၁ လိုလုပ်မယ်ဆိုရင်တော့ ကျနော်တို့ မြန်မာအလုပ်သမားတွေ မှတ်ပုံသွားတင်တာ နည်းလိမ့်မယ်လို့ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက တစ်ခရိုင်နဲ့ တစ်ခရိုင် သွားလာလုပ်ကိုင်လို့မရဘူး” ဟု ပြောသည်။

    ထိုသို့ အလုပ်သမားမှတ်ပုံတင်လက်မှတ်ပြုလုပ်ပေးမည်ဟု ထိုင်းအစိုးရဘက်ကပြောဆိုမှုများရှိသော်လည်း မှတ်ပုံတင်ရန်အတွက် လိုအပ်သည့်အချက်အလက်၊ စည်းမျဉ်းစည်းကမ်းချက်များနှင့် မည်သို့လုပ်ဆောင်ရမည်ကို မြန်မာအလုပ်သမားများ စောင့်မျှော်နေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

    ထိုင်းနိုင်ငံသို့ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် ကိုစိုးသက်နိုင်က “စည်းကမ်းချက်တွေ တရားဝင်မထုတ်ပြန်ရသေးတဲ့ အတွက် ကျနော်တို့ကလည်း သေသေချာချာမသိရသေးပါဘူး၊ လုပ်ပေးမယ်ဆိုရင်လည်း MOU လောက်ပဲ လုပ်ပေးလို့ရမယ်ထင်တယ်” ဟု ပြောသည်။
    MOU ဆိုသည်မှာ နှစ်နိုင်ငံနားလည်မှုဖြင့် မည်သည့်အထောက်အထားမှမလိုပဲ ထိုင်းလုပ်ငန်းရှင်တစ်ဦး၏ အလုပ်သမားခေါ်စာဖြင့် တရားဝင်အလုပ်လုပ်နိုင်သောပုံစံဖြစ်ပြီး ဝန်ကြီးချူပ်ဟောင်းတက်ဆင် အစိုးရလက်ထက်က ဥပဒေပြဌာန်း၍ ပြုလုပ်ပေးခဲ့ဘူးသည်ဟု သိရသည်။

    ထို့နောက် ထိုင်းနိုင်ငံရှိရွှေ့ပြောင်းနိုင်ငံခြားအလုပ်သမားများအား ဖမ်းဆီးခြင်းကို ယာယီရပ်ဆိုင်းထားသည်ဟုလည်း ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ပရာယုချန်အိုချာ က လွန်ခဲ့သည့်ရက်ပိုင်းခန့်တွင်ထုတ်ပြန် လိုက်ကြောင်း ထိုင်းအာဏာပိုင် ရုပ်သံလိုင်းများတွင် တွေ့ရသည်။

    လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင်ပြုလုပ်မည့် အလုပ်သမားလက်မှတ်တွင် မည်သည့်စည်းကမ်းချက်မျိုးလိုက်နာရန် တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ယခုအခါ ထိုင်းဘတ်ငွေ ၉၅၀ဝ၊ ၁၂၀ဝ၀ အထိ ပွဲစားများကြားဈေးပေါက်လျက်ရှိကြောင်း ကိုစိုးသက်နိုင်က ဆက်ပြောသည်။
    စစ်တပ်အာဏာသိမ်းပြီးသည့်နောက် လက်ရှိ “ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက် ရေးအဖွဲ့” ၏ လေ့လာသုံးသပ်ချက်အရ ဖမ်းဆီရမိမှုအများအပြားရှိသဖြင့် ကမ္ဘောဒီယား ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်နှူန်းများနေသော်လည်း မြန်မာအလုပ်သမားများအား ထိုကဲ့သို့အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိမှုများ မရှိသေးဟုသိရသည်။
    ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း ၂ သန်းခွဲမှ ၃ သန်းအထိရှိပြီး တရားမဝင်နေထိုင်သူများ ထက်ဝက်ကျော်ခန့်ရှိသည်ဟု နှစ်ဖက်အစိုးရခန့်မှန်းထားသဖြင့် အလုပ်သမားများစွာ လိုအပ်နေသည့် ခရိုင် ၂၂ ခုတွင် အလုပ်သမားလက်မှတ် စတင်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ယခုအခြေအနေတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ပေးမည်ဆိုပါက မြန်မာအလုပ်သမားများ ၂ သန်းခန့် လာရောက်မှတ်ပုံတင်မည်ဟု ခန့်မှန်းပြောဆိုကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks