Homeသတင်းUPWC နှင့် NCCT တို့ ထပ်မံတွေ့ဆုံရန်ညှိုနှိုင်း

UPWC နှင့် NCCT တို့ ထပ်မံတွေ့ဆုံရန်ညှိုနှိုင်း

-

UPWC နှင့် NCCT တို့အလွတ်သဘောဆွေးနွေး(Hla Mg Shwe Facebook)
UPWC နှင့် NCCT တို့အလွတ်သဘောဆွေးနွေး(Hla Mg Shwe Facebook)
ခတ္တာနန်း – ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်ရးင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ထပ်မံတွေ့ဆုံနိုင်ရန် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တာဝန်ရှိသူများ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် လာရောက် ညှိနှိင်းခဲ့ကြောင်း သိရသည်။

“ဇူလိုင်လကုန်လောက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ နောက်ထပ်တစ်ကြိမ်တွေ့ဖို့ကို ကျနော်တို့ဘက်က တောင်ဆိုထားပါတယ်”ဟု MPC အကြီးတန်း အကြံပေးအရာရှိ ဦးလှမောင်ရွှေက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

တတိယအကြိမ် (Single Text Draft) ညှိနှိုင်းဆွေးနွေးရေးအတွက် UPWC ဘက်က လာမည့် ဇွန်လ၂၉- ၃၀ ရက်နေ့တွင် ထပ်မံတွေ့ဆုံရန် ကမ်းလှမ်းထားကြောင်း သိရသည်။

UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ဇွန်လကုန်လောက်မှ တွေ့ဖို့ ကမ်းလှမ်းထားပေမယ့် NCCT အနေနဲ့ ဆုံဖြတ်ချက်တစ်စုံတရာ မပေးနိုင်သေးနိုင်တဲ့အတွက် တွေ့ဖြစ်မှာမဟုတ်ဘူးလို့တော့ အကြောင်းပြန်ထားပါတယ်” ဟု ပြောသည်။

မိမိတို့ NCCT အနေဖြင့် သက်ဆိုင်ရာပါတီ အဖွဲ့ခေါင်းဆောင်များသို့ ပြန်လည်တင်ပြဆွေးနွေးပြီး အဆုံးအဖြတ်ရယူမည်ဖြစ်သည့်အတွက် UNFC ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပပြီးမှသာ UPWC နှင့် NCCT ထပ်မံတွေ့ဆုံကြမည့်ရက်ကို သတ်မှတ်နိုင်မည်ဟု သူကဆိုသည်။

အကယ်၍ UNFC ထိပ်သီးအစည်းအဝေးမကျင်းပနိုင်မီ UPWC နှင့် NCCT တွေ့ဆုံခဲ့သော် အလွတ်သဘောသာ ဖြစ်မည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ် ချူပ်ဆိုနိုင်မှသာလျှင် နှစ်ဦးနှစ်ဖက် သဘောတူထားပြီးဖြစ်သည့် အချက်များအား အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်းနှင့် သဘောမတူရသေးသည့် အချက်များကိုလည်း ပြန်လည်ညှိုနှိုင်းသွားသင့်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

ဦးလှမောင်ရွှေက “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်မယ်၊ Political Dialogue တွေလုပ်မယ်၊ အဲဒီလိုလုပ်တဲ့အခါမှာ အစိုးရတပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပါဝင်သင့်တဲ့လူတွေအားလုံး ပါဝင်မှသာလျှင် ကျနော်တို့ သွားနေတဲ့ နိုင်ငံရေး အခြေအနေကို ရောက်မှာပါ” ဟု ဆိုသည်။

လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာအစိုးရကိုယ်စားလှယ်များ ပြောဆိုမှုများရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts