Homeသတင်းကွယ်လွန်သူမွန်ပြည်သစ်ပါတီ ဒုဥက္ကဌဟောင်း နိုင်ရော့စ၏အရိုးပြာဂူသွင်း

ကွယ်လွန်သူမွန်ပြည်သစ်ပါတီ ဒုဥက္ကဌဟောင်း နိုင်ရော့စ၏အရိုးပြာဂူသွင်း

-

နိုင်ရော့စကွယ်လွန်ခြင်း တစ်နှစ်ပြည့်အမှတ်တရ(Copy)
နိုင်ရော့စကွယ်လွန်ခြင်း တစ်နှစ်ပြည့်အမှတ်တရ(Copy)
ဂျူရီချိုင်း – ကွယ်လွန်သူ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌဟောင်း နိုင်ရော့စ၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအ မှတ်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝင်းစိန်တောရဘုန်းကျောင်းဝင်း၌ ကြွင်းကျန်သောအရိုးပြာ ဂူသွင်းခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်နေ့တွင် မွန်သံဃာတော်များအား နေ့ဆွမ်းကပ်လှုဒါန်းခဲ့ပြီး နိုင်ရော့စ၏ အရိုးပြာ အိုးဂူသွင်းခဲ့သည်ဟု တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO အဖွဲ့ဝင် မင်းဇျှာန်က ပြောသည်။

၎င်းက “နီဖြူ မွန်ဝတ်စုံနဲ့ လူငယ်တွေရော၊ သူ့ကိုသိတဲ့လူတွေ တော်တော်များများ သွားရောက် ဂါရဝပြုတာ တွေ့ရတယ်” ဟု ပြောသည်။

ထိုနောက် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဝင်းလှက နိုင်ရော့စ၏ အထ္တုပ္ပတ္တိကို ဖတ်ကြားခဲ့သည့်အပြင် မွန်အဆိုတော် ပါမောက္ခချမ်းကလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ဂုဏ်ပြုသီးချင်းတစ်ပုဒ်သီဆို ဖျော်ဖြေခဲ့သည်ဟု မင်းဇျှာန်က ဆက်ပြောသည်။

အခမ်းအနားသို့ ကွယ်လွန်သူ နိုင်ရော့စ၏ မိသားစုဝင်များ၊ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ၊ မွန်နိုင်ငံရေးအဖွဲ့အစည်းဝင်များ၊ တိုးတက်သော မွန်လူငယ်အစည်းအရုံးများနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် လူဦးရေ ၅၀ဝ ကျော်ခန့် တက် ရောက်ခဲ့ကြသည်ဟု သိရသည်။

နိုင်ရော့စ၏ ဇနီးဖြစ်သူ မိတနိုင်းပုလဲက “ကျမတို့မိသားစုတွေ ဆွေမျိုးတွေနဲ့ အကိုယ်ရဲ့ တပည့်တွေ စုပေါင်းပြီးလုပ်တာပါ၊ နောင်နှစ် ဒီအချိန်ကျရင်လည်း ဒီလိုအခမ်းအနားမျိုး လုပ်ဖြစ်လုပ်နိုင်ဦးမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။
နိုင်ရော့စ၏ လက်ရှိအုပ်ဂူသည် ကွယ်လွန်သူမွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်းများ ဖြစ်ကြသည့် နိုင်ရွှေကျင် နှင့် နိုင်ထင် တို့၏ အုပ်ဂူအနီးတွင် ထားရှိခဲ့သည်ဟုလည်း သူကပြောသည်။

အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌဟောင်း နိုင်ရော့စ (အသက် ၆၇ နှစ်)သည် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ထိုင်းနိုင်ငံ၊ စံခလပူရီဆေးရုံ၌ ကွယ်လွန်ခဲ့ခြင် ဖြစ်သည်။

နိုင်ရော့စသည် ၁၉၇၀ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ စတင်ဝင်ရောက်ခဲ့ပြီး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ၊ အထွေထွေအတွင်းရေးမှူးနှင့် ဒုဥက္ကဌအဖြစ် တာဝန်ယူထမ်းဆောင်လာခဲ့သူ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts