Tuesday, March 24, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပါတီ မူဝါဒနှင့်ဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မတီဖွဲ့

    မွန်အမျိုးသားပါတီ မူဝါဒနှင့်ဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မတီဖွဲ့

    -

    မွန်နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတစ်ခု (IMNA)
    မွန်နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတစ်ခု (IMNA)
    ခတ္တာနန်း – မွန်အမျိုးသားပါတီ ဖွဲ့စည်းခွင့် ရရှိခဲ့သည့်အတွက် ပါတီမူဝါဒနှင့် ဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မတီဝင် ၅ ဦး့တိုအား ဧပြီလ ၅ ရက်နေ့တွင် ရွေးချယ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါကော်မတီတွင် ဦးဆောင်သူအဖြစ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌဟောင်း နိုင်ငွေသိန်း၊ ဒေါက်တာမင်းကြည်ဝင်း(မွန်ဒီမိုကရေစီပါတီဟောင်း)၊ နိုင်စိန်မြမောင်(မွန်ဒီမိုကရေစီပါတီဟောင်း) ၊ ဒေါက်တာ အောင်နိုင်ဦး(မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်ဟောင်း)၊ နိုင်မွန်ရာဇာ(မွန်ဒီမိုကရေစီပါတီဟောင်း) တို့အား ရွေးချယ်တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

    မွန်အမျိုးသားပါတီ အတွင်းရေးမှူးများအဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းစိုးလင်းက “ရေဆွဲထားတဲ့မူဝါဒ(အကြမ်း)ကို လာမည့်ဧပြီလ ၂၇ ရက်အစည်းအဝေးမှာ တင်ပြပြီးအဆုံးအဖြတ်ရယူရပါမယ်၊ နောက်ပြီးရွေးကောက်ပွဲကော်မရှင်ကို ဆက်လက်တင်ပြရပါမယ်” ဟု ပြောသည်။

    မွန်အမျိုးသားပါတီ၏ မူဝါဒနှင့်ပါတီဖွဲ့စည်းပုံဥပဒေပြန်လည်ရေဆွဲရေး၊ ဗဟိုကော်မတီအဖွဲ့ဝင်များရွေးချယ်ရေး၊ မြို့နယ်နှင့် တိုက်နယ်အတွင်းရှိ ပါတီဝင်များ ပြန်လည်ဖွဲ့စည်းရေး၊ စည်းရုံးရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ဒေါက်တာမင်းစိုးလင်းက ဆက်ပြောသည်။

    လက်ရှိဗဟိုကော်မတီများတွင် ဥက္ကဌများ၏ ခေါင်းဆောင်အဖြစ် နိုင်ငွေသိမ်း(မွန်ဒီမိုကရေစီပါတီဥက္ကဌဟောင်း) နှင့် အတွင်းရေးမှူးများ၏ခေါင်းဆောင်အဖြစ် ဒေါက်တာမင်းစိုးလင်း(မွန်ဒီမိုကရေစီပါတီအတွင်းရေးမှူးဟောင်း) တို့အား ယာယီရွေးချယ်ထားကြောင်း သိရသည်။

    မွန်အမျိုးသားပါတီဗဟိုကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက “မူဝါဒနဲ့ ဖွဲ့စည်းပုံက မြို့နယ်၊ တိုက်နယ်တွေကို အောက်ခြေကနေ စုဖွဲ့သွားမှာလား၊ အစည်းအဝေးမှာ အကြံပြုကြချက်တွေ တော်တော်များရခဲ့တယ်” ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်ဟောင်းအချို့နှင့် မွန်ဒီမိုကရေစီပါတီဝင်ဟောင်းတို့ ပေါင်းစည်းကြသည့် မြို့နယ်နှင့် ကျေးရွာများရှိပါတီရုံးများတွင် မွန်အမျိုးသားပါတီအမည်ဖြင့် ဆိုင်းဘုတ်ပြောင်းလဲတင်ထားကြောင်း သိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မတ်လ ၂၈ ရက်နေ့စွဲပါ ကြေညာချက် အမှတ် (၁၀/၂၀၁၄) ဖြင့် မွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီအမည်ပြောင်းလဲခွင့်ကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks