Homeသတင်းသန်းခေါင်စာရင်းကောက် သင်တန်းပို့ချပြီးစီး

သန်းခေါင်စာရင်းကောက် သင်တန်းပို့ချပြီးစီး

-

အေမီအောင် – မြို့နယ်အဆင့်သန်းခေါင်စာရင်းကောက် စာရင်းစစ်၊ စာရင်းကောက်၊ ဆရာ – ဆရာမများကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ မတ်လ ၂၂ ရက်တွင် သင်တန်းပို့ချခဲ့ပြီး ဖြစ်သည်ဟု သင်တန်းကြီးကြပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ ၅ ရက်ကြာစာရင်းကောက် ဆရာ- ဆရာမ ၅၁၅ ဦး၊ စာရင်းစစ် ၆၂ ဦး၊ အရံ ၄၇ ဦး၊ အဖွဲ့အစည်းအနေဖြင့် (စစ်တပ်၊ ဟိုတယ်၊ ဆေးရုံ၊ ဆေးပေးခန်း) စာရင်းကောက် ၁၁၅ ဦး၊ စာရင်းစစ် ၂၉ ဦး၊ အရံ ၁၅ ဦး၊ နည်းပြ ၄၉ ဦး အပါအဝင် စုစုပေါင်း ၆၇၉ ဦး ကို၊ အမှတ် (၉) အ-ထ-က ကျောင်းတွင် သင်တန်းပို့ချခဲ့သည်ဟု သင်တန်းကြီးကြပ်ရေးမှူး ဒေါ်မမနှင်းဦး က ဆိုသည်။

ဒေါ်မမနှင်းဦးက “သင်တန်းပြီးသွားတဲ့ စာရင်းစစ်၊ စာရင်းကောက် ဆရာ- ဆရာမ တွေအားလုံးဟာ ၃၀ ရက်နေ့ကစပြီး၊ စာရင်းကောက်က စာရင်းကောက်အလုပ်ကို လုပ်ဆောင်ရမယ်၊ စာရင်းစစ်ကလည်း စာရင်းစစ် လုပ်ဆောင်ရမယ့် လူတွေဖြစ်တယ်” ဟုဆိုသည်။

မော်လမြိုင်တွင် ကောက်ကွက်ပေါင်း ၄၀ဝ ကျော်ရှိပြီး၊ ကောက်ကွက်များသည့်ရပ်ကွက်တွင် စာရင်းကောက် ၅ ဦးလျှင်၊ စာရင်းစစ် ၁ ဦး ကောက်ကွက်နည်းသည့် ရပ်ကွက်တွင် စာရင်းကောက် ၃ ဦးလျှင် စာရင်းစစ် ၁ ဦး ထားကာ၊ ကောက်ကွက် ၁ကွက်လျှင် အိမ်ခြေ ၁၅၀ မှ ၂၀ဝ နီးပါရှိသည်ဟု ဆိုသည်။

နည်းပြ ဆရာဦးသန်းထွန်းအေး က “ သင်လိုက်တဲ့ သင်ခန်းစာတွေကို သင်ပြီးတဲ့အခါတိုင်း၊ နားမလည်တာရှိရင်၊ အချင်းချင်ဆွေးနွေးကြတယ်၊
ပြောကြတယ် ဆိုကြတယ် ဆိုတော့၊ ကျနော်တို့ သင်ထားသည့် အတိုင်းရမယ်” ဟုဆိုသည်။

ထို စာရင်းကောက်၊ စာရင်းစစ်များသည် အချင်းချင်း ဆွေးနွေး၍ နားမလည်းခဲ့ပါက နည်းပြများကို ပြန်ပြီးမေးသည့် အနေထားရှိသောကြောင့်၊ သင်ထားသည့်
အချက်အလက်အားလုံးကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်လိမ့်မည်ဟု ဆိုသည်။

စာရင်းကောက် ဆရာမ ဒေါ်စုမမ က “ အိမ်ရှင်ကို တွေ့တာနဲ့ နှုတ်ဆက်စကား ဘယ်လိုပြောရမလဲ၊ စာရင်းကောက်ယူပြီးစီးတဲ့ အခါကြရင် ကျေးဇူးတင်စကား
ဘယ်လိုပြောရလဲ၊ ကျမ တို့ကောက်တဲ့အချိန်မှာ သေဆုံးတဲ့အိမ်နဲ့ ကြုံခဲ့ရင်၊ အိမ်ရှင်ရဲ့ ဝမ်းနည်းပူဆွေမှုတွေကို နှစ်သိမ့်ပေးဖို့ အဲတာတွေကိုပါ
သင်ထားတယ်” ဟုပြောသည်။

သန်းခေါင်းသည့်အခါမှာ အိမ်ထောင်စုများကို အချက် ၄၁ ချက်၊ အဖွဲ့အစည်း ဘောဒါဆောင်များကို အချက် ၁၁ ချက် ကောက်ရမည်ဟုဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts