Homeသတင်းမွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ၏ ရောဂါအခြေအနေ တိုးတက်လာသည်ဟုဆို

မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ၏ ရောဂါအခြေအနေ တိုးတက်လာသည်ဟုဆို

-

မင်းလုံး – စင်္ကာပူနိုင်ငံရှိ Mount Elizabeth Singapore ဆေရုံတွင် ခွဲစိတ်ကုသမှုခံယူနေသည့် မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ(၁) နိုင်သက်လွင်၏ အစာအိမ်ရောဂါအခြေအနေ ၅၀ ရာခိုင်နှုန်းခန့်တိုးတက်ကောင်းမွန် လာသည်ဟု သိရသည်။

နိုင်သက်လွင်၏ သားဖြစ်သူ မင်းဗညာစန်းက "အရင် ICU အထူး ကြပ်မတ်ကုသဆောင်ကနေ နည်းနည်းသက်သာလို့ HCU အဆောင်ကိုပြောင်းလိုက်ပါပြီ၊ ၁၀ဝ ရာခိုင် နှုန်းသက်သာလာ ပြီးလို့ပြောလို့မရပါဘူး၊ ခွဲစိတ်ထားတဲ့အနာမှာ ရောဂါပိုးတွေရှိနေသေးတယ်"ဟု ပြောသည်။

ရောဂါအခြေအနေထပ်မံ တိုးတက် ကောင်းမွန်လာမည်ဆိုပါက ဒုတိယအဆင့်ခေါ် HCU အခန်းမှ ရိုးရိုးအခန်းသို့ ၃ ပတ်အကြာ ဆက်လက် ကုသမှုခံယူရန် ဆရာဝန်က ညွှန်ကြားထားကြောင်း သူက ဆက်လက်ရှင်းပြသည်။

အဆိုပါ စင်္ကာပူနိုင်ငံဆေးရုံး၌ တစ်လအကြာ ဆေးကုသမှုခံယူနေသည့် နိုင်သက်လွင်သည် ယနေ့အထိ ဆေးဝါးကုသမှုကုန်ကျစရိတ် စင်္ကာပူဒေါ်လာ ၂၀ဝ,ဝ၀ဝ (နှစ်သိန်း) ကျော်ခန့် ကုန်ကျနေပြီးဖြစ်ကြောင်း မိသားစုများထံမှ သိရသည်။

မွန်ဒီမိုကရေစီပါတီ အတွင်းရေးမှူးဒေါက်တာမင်းစိုးလင်းက "ကျနော်သိရသလောက်တော့ ICU လို့ခေါ်တဲ့ အထူးကုသဆောင်မှာ ၄ ကြိမ်တိုင်တိုင်ခွဲစိတ်ထားတယ်၊ ICU အဆောင်ဆိုတာက အပြင်လူအဝင်မခံတဲ့ အဆောင်ပါ၊ ရောဂါအခြေအနေတိုးတက်လာလို့ပဲ ICU အဆောင်ကနေထုတ်လာတာပါ"ဟု ပြောသည်။

အသက် ၇၃ နှစ်ရှိပြီးဖြစ်သော နိုင်သက်လွင်သည် လွန်ခဲ့သည့် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့(မွန်အမျိုးသားနေ့) က မုဒုံမြို့နယ်၊ ကမာဝက်တွင်ကျင်းပသည့် မွန်အမျိုးသားနေ့ဗဟိုဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး အခမ်းအနားတွင် မိန့်ခွင့်ပြောကြားရန် စောင့်ဆိုင်းနေစဉ် ဝမ်းဗိုက်နာကျင်မှုအပြင်းအထန်ခံစားရသဖြင့် စင်္ကာပူနိုင်ငံသို့ အရေးပေါ်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts