spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်းရွေးကောက်ပွဲရွှေ့ဆိုင်းရန် အစီအစဉ်မရှိဟု ဝန်ကြီးချူပ် ‘ယင်လတ်’ မှ ဆုံးဖြတ်

    ထိုင်းရွေးကောက်ပွဲရွှေ့ဆိုင်းရန် အစီအစဉ်မရှိဟု ဝန်ကြီးချူပ် ‘ယင်လတ်’ မှ ဆုံးဖြတ်

    -

    ဝန်ကြီးချူပ် ‘ယင်လတ်’ (Photo: FB Yingluck Shinawatra)
    ဝန်ကြီးချူပ် ‘ယင်လတ်’ (Photo: FB Yingluck Shinawatra)
    မင်းလုံး – ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရသည့် လက်ရှိထိုင်းဝန်ကြီးချူပ် ‘ယင်လက်ရှင်နာဝပ်’ (Yingluck Shinawatra) နှင့် ရွေးကောက်ပွဲကော်မရှင်တို့ ယမန်နေ့တွင် တွေ့ဆုံဆွေးနွေးကြရာ ရွေးကောက်ပွဲကော်မရှင် ဘက်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် တိုက်တွန်းခဲ့သော်လည်း၊ အစိုရဘက်က စီစဉ်ထားသည့်အတိုင်း လာမည့် ရွေးကောက်ပွဲကို ဖေဖေါ်ဝါရီ (၂) ရက်တွင် မဖြစ်မနေ ကျင်းပမည်ဟု ဝန်ကြီးချူပ်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

    ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲကို အချိန်ဆိုင်းထားရန် ကြိုးစားနေခဲ့ပြီး ပြုလုပ်ကျင်းပမည်ဆိုပါ က အကြမ်းဖက်မှုတွေထပ် ရှိလာနိုင်၍ ဆန္ဒမဲပေးရန် အဆင်မပြေမှုများရှိလာနိုင်သည်ဟုဆိုသော်လည်း လာ မည့် ဖေဖေါ်ဝါရီ (၂ ) ရက်နေ့တွင် ရွေးကောက်ပွဲလုပ်ရန် (၂) ဘက်လုံးက သဘောတူခဲ့ကြသည်ဟု တွေ့ဆုံဆွေးနွေး ပွဲကိုတက်ရောက်သည့် အစိုးရနှင့် အာဏာရပါတီ အရာရှိများက ပြောသည်။

    “ဘန်ကောက်မြို့သားတွေအပါအဝင် အားလုံးက ဖေဖေါ်ဝါရီ ၂ ရက်နေ့ရွေးကောက်ပွဲမှာ ပဋိပက္ခတွေ၊ ပစ်ခတ်မှုတွေ အကြီးအကျယ်ဖြစ်မှာကိုပဲ စိုးရိမ်နေကြတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ (ဇန္နာဝါရီလ ၂၆ ရက်) ကြိုတင်မဲပေးပွဲမှာတောင် ပဋိပက္ခတွေ ရှိခဲ့သေးတာကို” ဟု ဘန်ကောက်တွင် နေထိုင်သူ မြန်မာနိုင်ငံသား ‘ကိုခိုင်မောင်’ က ဆိုသည်။

    ထိုဝန်ကြီးချူပ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံဆွေးနွေးစဉ်တွင် အစိုးရအတိုက်အခံ ဆန္ဒပြသမားများ က ထိုတွေ့ဆုံဆွေးနွေးပွဲဆီသို့ စုရုံး ဆန္ဒပြခဲ့ကြရာ ရဲအရာရှိတစ်ယောက်ဟု ယူဆရသည့် သေနတ်သမားတစ် ယောက်က ပစ်ခတ်၍ ဆန္ဒပြသမားတစ်ယောက်ဒဏ်ရာရှိပြီး ထိုသေနတ်သမားကို ဖမ်းမိထားကြောင်း ‘ကိုခိုင်မောင်’ က ပြောသည်။

    သူက “သေနတ်ပစ်တဲ့လူက မြေအောက်ရထားနယ်မြေက နယ်မြေခံရဲလို့ ဆန္ဒပြသမားအချိူ့က ပြောတယ်၊ ရဲဌာ နချူပ်ကပြောတာကတော့ ထိုင်းရဲဌာနချူပ် (၁) က စီနီယာတပ်ကြပ်ကြီးလို့ ပြောတယ်၊ သူကိုတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆန္ဒပြသမားတွေက ဖမ်းမိတယ်၊ ရိုက်နှက်ထားတာတွေတော့ ရှိတာပေါ့ဗျာ” ဟု ပြောသည်။

    ပစ်ခတ်မှုကြောင်း ဒဏ်ရာရရှိသွားသည့် ဆန္ဒပြသမားတစ်ယောက်အား ယခုအခါ ဆေးရုံတွင် အရေးပေါ်ခွဲစိတ် ကုသနေရပြီး ယင်းသေနတ်သမားကိုလည်း ဆန္ဒပြသမားများက ရိုက်နှက်ထားသောကြာင့် ဆေးရုံတွင် ဆေးကုသခံနေဆဲဖြစ်သည်ဟု ကိုခိုင်မောင်က ဆက်ပြောသည်။

    လာမည့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ တွင် အစိုးရအတိုက်အခံများဘက်က ဆက်လက်ဆန္ဒပြမှုများရှိနေသောကြောင့် ဘန်ကောက်မြို့ နှင့် ထိုင်းနိုင်ငံ တောင်းပိုင်းခရိုင် စသည့်မဲဆန္ဒနယ်များတွင် မဲပေးရန် ခဲယဉ်းသည့် အခြေအနေများရှိကြောင်း တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks