spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့မဈေးသစ်ကြီး ပြီးစီးသော်လည်း ဈေးဆိုင်များမဖွင့်လှစ်နိုင်သေး

    သံဖြူဇရပ်မြို့မဈေးသစ်ကြီး ပြီးစီးသော်လည်း ဈေးဆိုင်များမဖွင့်လှစ်နိုင်သေး

    -

    ခတ္တာနန်း – မီးလောင်ကျွမ်းခဲ့သည့် သံဖြူဇရပ်မြို့၊ မြို့မဈေးသစ်ကြီး တည်ဆောက်ပြီးစီးသဖြင့် ယခုလ ၁၅ ရက်နေ့မှစ၍ စည်ပင်သာယာရေးကော်မတီက ဈေးရောင်းချခွင့်ပြုခဲ့သော်လည်း ဈေးဆိုင်များမဖွင့်လှစ်နိုင်သေးဟု သိရသည်။

    သံဖြူဇရပ်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမင်းလတ်က “စည်ပင်က ဈေးဝင်ရောက် ရောင်းချခွင့်ပြုလိုက်ပါပြီ၊ ဒါပေမယ့်ဆိုင်ခန်း အပြင်အဆင်တွေ လုပ်နေတာကြောင့် သူတို့တွေအခုထိ ဈေးမဖွင့်နိုင်သေးတာ“ ဟုပြောသည်။

    လက်ရှိသံဖြူဇရပ်မြို့မ ဈေးသစ်ကြီး (သံဖြူဇရပ်ဖေ့ဘွတ်)
    လက်ရှိသံဖြူဇရပ်မြို့မ ဈေးသစ်ကြီး (သံဖြူဇရပ်ဖေ့ဘွတ်)
    မြို့မဈေးသစ်ကြီးအတွင်းရှိ ဆိုင်းခန်းများကို အရစ်ကျစနစ်ဖြင့် တစ်ခန်းလျှင်ငွေကျပ် ၂၂ သိန်း ပေးသွင်းခဲ့ရပြီး မိမိတို့ယခင်ဆိုင်ခန်းနေရာဟောင်းအတိုင်း ပြန်လည်ရရှိမည်ဖြစ်သည်။

    ဆိုင်ခန်းပိုင်ရှင်ဟောင်းတစ်ဦးဖြစ်သူ ကိုကျော်ဝင်းက “ဆိုင်အမိုးက အရမ်းမြင့်နေတော့ မျက်နှာစာဘက်ကျတဲ့လူက မျက်နှာကျက်နဲ့ အကာတွေ လုပ်ရတယ်၊ ကုမ္ပဏီကတော့ သူတို့သဘောတူထားသလောက်ပဲ လုပ်တယ် ကျန်တာတော့ ဆိုင်ခန်းပိုင်ရှင်က အကုန်ကျခံပြီး လုပ်နေရတယ်” ဟု ပြောသည်။

    ထိုသို့ ပြုပြင်နေမှုကို ဈေးကော်မတီမှ ဦးဆောင်၍ ဈေးသားများ သက်သာစေရန်အတွက် စီစဉ်ပေးလျှက်ရှိပြီး လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ခန့်တွင် မြို့မဈေးသစ်ကြီးဖွင့်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကိုကျော်ဝင်းက ဆက်ပြောသည်။
    မီးလောင်ခဲ့သည့် ဈေးကြီးအသစ်ပြန်လည်တည်ဆောက်ရေးကို မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြစ် ရွှေဖူးကုမ္ပဏီက လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် စတင်ပန္နက်ချ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

    ထိုမြို့မဈေးကြီးတည်ဆောက်ရန်အတွက် ကုန်ကျစရိတ်ကို ငွေကျပ်သိန်းပေါင်း ၁၃၀ဝ၀ ကျော် ကုန်ကျသွားမည် ဖြစ်ကြောင်းကို သံဖြူဇရပ်မြို့သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်မြင့် လာရောက်စဉ်တွင် ပြောကြားသွားသည်။
    မီးလောင်သွားသည့် မြိုးမဈေးကြီး ပြန်လည်တည်ဆောက်နေစဉ်အတွင် သံဖြူဇရပ်မြို့လယ်၊ နာရီစင်အနီး ပန်ခြံတွင် ပြုလုပ်ထားပြီး ဆိုင်ခန်းပေါင်း ၃၂၄ ခန်းဖြင့် ယာယီဈေးကို တည်ဆောက်ပေးခဲ့သည်။

    ယမန်နှစ် ဇန်နဝါရီလအတွင်း သံဖြူဇရပ်မြို့မဈေးကြီးမီးလောင်မှုတွင် လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်အလိပ် ၂၁၅ ဆိုင်နှင့် အခြားပစ္စည်းအမျိုးစုံ အရောင်းဆိုင်စုစုပေါင်း ၆၀ဝ ခန့်မှာ တန်ဖိုးငွေကျပ်သိန်းပေါင်းသန်းချီ ဆုံးရှုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks