Homeသတင်းဘန်ကောက်မြို့ပေါ် လမ်း ၂၀ ခန့်ဆန္ဒပြသူများ ပိတ်ဆို့ထား

ဘန်ကောက်မြို့ပေါ် လမ်း ၂၀ ခန့်ဆန္ဒပြသူများ ပိတ်ဆို့ထား

-

မင်းလုံး – ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်ရှိ အဓိကလမ်းမကြီး ၂၀ အား ယနေ့နံနက် ၄ နာရီအချိန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ပိတ်ဆို့ထားပြီဟု ထိုင်းမီဒီယာဌာနများက သတင်းဖေါ်ပြကြသည်။

ဘန်ကောက်မြို့တော်၏ အဓိကအချက်အချာကျသည့် Chaeng Watthana, Phahon Yothin, Din Daeng, Lat Phrao, Phaya Thai, Ploenchit, Ratchadamri, Henri Dunant, Rama 1, Rama 4, and Sukhumvit. လမ်းများကို ပိတ်ဆို့ထားသည်ဟု သိရသည်။

ဘန်ကောက်အမြန်လမ်းမကြီးပေါ် ယနေ့မြင်ကွင်း (Bangkok Post)
ဘန်ကောက်အမြန်လမ်းမကြီးပေါ် ယနေ့မြင်ကွင်း (Bangkok Post)
ဘန်ကောက်မြို့နေ ကိုသက်ခိုင်က “အခြေအနေတွေက တင်းသထက်တင်းလာနေတယ်၊ အစိုးရဘက်ကလည်း ရွေးကောက်ပွဲအစီအစဉ်မလျှော့သလို ဆန္ဒပြတဲ့ဘက်ကလည်း မလျှော့စတမ်းဆက်ပြနေမှာဆိုတော့ အလုပ်တွေပျက်တာပေါ့၊ ပိုဆိုးတာက ဆန္ဒပြအုပ်စုတွေကို သေနတ်ပစ်တဲ့ကိစ္စကြောင့် ရဲတို့ စစ်တပ်တို့ကလည်း လုံခြုံရေးပိုချထားလာနေတယ်” ဟု ပြောသည်။

ယနေ့နံနက် ၂ နာရီအချိန်ခန့်တွင် ဆန္ဒပြသူများရှိရာ ဘန်ကောက်မြို့လယ် ဒီမိုကရေစီကျောက်တိုင်အနီး၌ သေနတ်သမား ၃ ဦးပစ်ခတ်မှုတွင် ပါဝင်ပစ်ခတ်သူအမျိုးသမီးတစ်ဦးကိုဖမ်းဆီးရမိပြီး ယောကျာ်း ၂ ဦး မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း ထိုင်းရုပ်သံသတင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင်လည်း ဘန်ကောက်မြို့လယ်ရှိ ဆန္ဒပြခေါင်ဆောင်များနားနေရာစခန်းတွင် ဗုံပေါက်ကွဲမှုဖြစ်ပွားရာ ဆန္ဒပြသမား ၂၈ ဦးခန့်ဒဏ်ရာရခဲ့သည့်အပြင် ယခင်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူဆန္ဒပြသမားတစ်ဦးအား ယမန်နေ့က အသုဘအခမ်းအနားမီးသင်္ဂြိုလ်ခဲ့ကြသည်။

ဘန်ကောက်မြို့ပြင်ပမှ လက်နက်များ မြို့တွင်းသို့ဝင်ရောက်နေသည်ဟု ထိုင်းစစ်တပ်က အသိပေးထုတ်ဖေါ်ပြောကြားခဲ့သည်။

“ဆန္ဒပြပွဲစတင်ကတည်းက ကုန်ဈေးနှူန်းတွေက ထက်ဝက်မကတက်လာတယ်၊ ဘန်ကောက်မြို့မှာနေထိုင်တဲ့ လူတော်တော်များများတွေ မြန်မာရွှေ့ပြောင်းအလုပ်သမားအပါအဝင်ပေါ့ ရိက္ခာတွေကြိုဝယ်ထားပြီးစုဆောင်း ထားတာတွေတော့ရှိတယ်၊ အခုလောလောဆယ်မှာတော့ ဘန်ကောက်မြို့မှာ ကုန်ဈေးနှူန်းတွေပြန်ကျဖို့မရှိဘူး” ဟု ကိုသက်ခိုင်က ရှင်းပြသည်။

အစိုးရအတိုက်အခံများဘက်ကလည်း ဖေဖေါ်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲတိ်ုင်အောင် ဆက်လက်ဆန္ဒပြမည်ဟု ထုတ်ဖေါ်ပြောဆိုထားသဖြင့် ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များတွင် ရွေးကောက်ပွဲကျင်းပရန် ခဲယဉ်းသည့်အခြေအနေများရှိကြောင်း တွေ့ရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၂၃ ခုအနက် ၁၅ ခရိုင်တွင် အစိုးရရုံးများ ပိတ်ထားသည်ဟု သတင်းများတွင် ဖေါ်ပြကြသည်။

အလားတူ ဘန်ကောက်မြို့ပေါ်ရှိအစိုးရရုံးများနှင့် အစိုးရဘဏ်များကိုလည်း ပိတ်ထားရသည်ဟု သိရသည်။

ဘန်ကောက်မြို့တော်တွင် ဆန္ဒပြမှုကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ခန့်ထိခိုက်မှုရှိ သည်ဟု စီးပွားရေးပညာရှင်များကပြောကြောင်း BBC သတင်းဌာနက ဖေါ်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts