Tuesday, March 10, 2026
More
    spot_img
    Homeသတင်းလိမ်လည်ခေါ်ဆောင်ခံရသည့် ၁၁ နှစ်အရွယ်ကျောင်းသူ သတင်းအစပျောက်

    လိမ်လည်ခေါ်ဆောင်ခံရသည့် ၁၁ နှစ်အရွယ်ကျောင်းသူ သတင်းအစပျောက်

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ ကျုံကရုတ်ကျေးရွာနေ ဖခင်နိုင်ညွန့်၊ မိခင်မိညစ်တို့၏ သမီးမိအောင်မွန်ချမ်း (အသက် ၁၁ နှစ်) ကျောင်းသူအား လူနှစ်ဦးကဆိုင်ကယ်ပေါ်တင်လိမ်လည်ခေါ်ဆောင်သွားသဖြင့် မည်သည့်နေရာသို့ရောက်ရှိ နေသည်ကိုမသိရဖြစ်နေပြီး သတင်းအစအနပျောက်ဆုံးနေသည်ဟု ကာယကံရှင်မိသားစုက ပြောသည်။

    မွန်ကျောင်းသူ မိအောင်မွန်ချမ်း(အလယ်လူ) (photo - Facebook kao chan)
    မွန်ကျောင်းသူ မိအောင်မွန်ချမ်း(အလယ်လူ) (photo – Facebook kao chan)
    ယင်းကျေးရွာရှိ မွန်အမျိုးသားကျောင်းတွင် ပထမတန်းပညာသင်ကြားနေသူ မိအောင်မွန်ချမ်းအား နေ့လယ်ကျောင်းလွှတ်ချိန်၌ အသက် ၃၀ ဝန်းကျင်ရှိ မျက်နှာစိမ်းအမျိုးသား ၂ ဦးက ပြီးခဲ့သည့်စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဆိုင်ကယ်ပေါ်တင်ဆောင်သွားခြင်း ဖြစ်သည်။

    “သူ့ကိုဆိုင်ကယ်နဲ့ တင်ခေါ်သွားတုန်းမှာ တွေ့တဲ့လူတွေရှိတယ်၊ ဒါပေမယ့် အဲဒီမျက်နှာစိမ်းနှစ်ယောက်ကို သိတဲ့လူ၊ မှတ်မိတဲ့လူမရှိဘူး” ဟု ဦးလေးတော်စပ်သူ ဆရာတော်အရှင် ဦးသုဝဏ္ဏက ပြောသည်။

    ထိုသို့ခေါ်ဆောင်သွားသည်ကို သိရှိသည်တပြိုင်နက် သူမ၏ဓါတ်ပုံနှစ်တကွ သံဖြူဇရပ်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသည့်အပြင် မြန်မာ့အလင်းသတင်းစာတွင်လည်း ထည့်သွင်းကြေညာထားကြောင်း အရှင်ဦးသုဝဏ္ဏက ဆက်ပြောသည်။

    သံဖြူဇရပ်မြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ မွန်ကျောင်းသူလေးပျောက်တဲ့အမှုကို လာတိုင်ထားပါတယ်၊ ကျနော်တို့လည်း စုံစမ်းနေဆဲပါ” ဟုပြောသည်။

    ထိုအတူ သံဖြူဇရပ်မြို့၊ မွန်ပြည်သစ်ပါတီ၊ ဆက်ဆံရေးရုံးမှတဆင့် သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနများသို့ တိုင်ကြားထားသည်ဟုလည်း သိရသည်။

    ၄င်းမွန်ကျောင်းသူ၏ မိဘများမှာ ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်နေကြသဖြင့် ရွာတွင်အဒေါ်ဖြစ်သူနှင့်သာ အတူနေထိုင်နေရသူတစ်ဦး ဖြစ်သည်။

    ဖခင်ဖြစ်သူ နိုင်ညွန့်က “ သမီးလေးအခြေအနေ မသိရဘူး၊ ရောင်စားခံရပြီးလား၊ လူဆိုးလက်ထဲမှာလား၊ လူကောင်းလက်ထဲမှာလား မသိဘူး၊ စိတ်ပူနေတာတော့ အမှန်ပဲ” ဟု ပြောသည်။

    မိမိတို့အနေဖြင့် ထိုင်းနိုင်ငံဘက်တွင်လည်း တတ်နိုင်သလောက် လူလွှတ်စုံစမ်းနေဆဲဖြစ်ကြောင်း၊ သို့သော်လည်း အကြောင်းတစ်စုံတရာ မသိရသေးကြောင်း သူက ဆက်ပြောသည်။

    အလားတူ လူမှုကွန်ယက် ဖေ့ဘွတ်အင်တာနက် စာမျက်နှာများတွင်လည်း အရွယ်မရောက်လူမမယ်ခလေးများ ပျောက်ဆုံးသည့်သတင်း မကြာခဏ ဖတ်ရှုခဲ့ရသည်။

    သို့ရာတွင် ယင်းကဲ့သို့ ကျောင်းနေအရွယ်ခလေးပျောက်ဆုံးခဲ့သည့်သတင်းများ သံဖြူဇရပ်မြို့နယ်၌ ယခင်အခါက ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks