spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ့နှီးနှောဖလှယ်ပွဲကျင်းပ

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ့နှီးနှောဖလှယ်ပွဲကျင်းပ

    -

    ခတ္တာနန်း – မွန်တိုင်းရင်းသားရေးရာ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ့နှီးနှောဖလှယ်ပွဲ(GS)
    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ့နှီးနှောဖလှယ်ပွဲ(GS)
    “အဓိကတော့ ကျနော်တို့ မွန်တိုင်းရင်းသားတွေရဲ့ အရေး၊ သမိုင်းကြောင်း၊ ရှေ့နိုင်ငံရေးခရီးမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ရမလည်ဆိုတဲ့ ဦးတည်ချက်နဲ့ ဒီပွဲလေးကို လုပ်ဖြစ်တာပါ” ဟု ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    မွန်တိုင်းရင်းသားတို့၏သမိုင်းကြောင်း၊ လက်ရှိအနေထားများနှင့် အနာဂါတ်နိုင်ငံရေးတွင် ပါဝင်ရမည့်အချက်များ၊ ပညာရေးအခန်းကဏ္ဍများနှင့် အခြားအကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    ဒေါက်တာ အောင်နိုင်ဦးက “ရှေ့ဆက်ရမဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ Conclusion ဆွဲနိုင်တာက ကျနော်တို့ မွန်တိုင်းရင်းသားတွေအနေနဲ့ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးအရ ရှေ့တန်းကနေ ပါဝင်ခွင့်ရအောင်ကိုကြိုးစားသွားမယ်ဆိုတဲ့ အချက်တွေကို ရရှိခဲ့ပါတယ်” ဟု ပြောသည်။

    ထို့အပြင် ယင်းနှီးနှောဖလှယ်ပွဲတွင် သုဝဏ္ဏဘူမိခေတ် မွန်ရှေးဟောင်း အမွေအနှစ်များနှင့် မွန်ယဉ်ကျေးမှုးများအကြောင်း၊ မွန်ယဉ်ကျေးမှုပစ္စည်းများကို ရောင်းစားခြင်း၊ ထိမ်းသိမ်းမှုကင်းမဲ့သည့် ကိစ္စရပ်များအား ဆင်ခြင်ကြရန်အတွက် အဓိကဆွေးနွေးခဲ့ကြောင်း သမိုင်းသုတေသန ဌာနမှ အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်းက ပြောသည်။

    ဦးစံဝင်းက “မွန်ယဉ်ကျေးမှုပစ္စည်းတွေကို မွန်ဒေသမှာပဲ နိုင်ငံတကာကိုပြဖို့ ရွာတိုင်းရွာတိုင်းမှာ ပြတိုက်လေးတွေကို လုပ်ဖို့ကို တိုက်တွန်းထားပါတယ်” ဟု ပြောသည်။

    မုနိုင်းကျေးရွာ(ဘီလူးကျွန်း)တွင်ကျောက်ခေတ်လက်နက် ၂ ခု၊ ကြေးလင်ဗန်း ၄ ခု တွေ့ရှိရကြောင်းနှင့် ထိုပစ္စည်းများကို ပြတိုက်ငယ်များတွင် ပြသထားသင့်ကြောင်း၊ သမ္မတကြီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနိုင်ငံတိုးတက်မှုလုပ်ငန်း အဆင့် (၅) တွင် ခရီးသွားလုပ်ငန်းအရှိုန်အဟုန်မြှင့် လုပ်ဆောင်မည်ဖြစ်သည့်အတွက် မိမိတို့ ဒေသခံများအနေဖြင့် ယဉ်ကျေးမှုအမွေးအနှစ်များကို ထိမ်းသိမ်းထားသင့်ကြောင်းလည်း ဦးစံဝင်းက ဆက်ပြောသည်။

    နှီးနှောဖလှယ်ပွဲသို့ AMDP ဥက္ကဌ နိုင်ငွေသိန်း၊ ပြည်နယ်ဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ ရှေ့ဟောင်းသုတေသီနိုင်ရဲဇော်၊ သမိုင်းသုတေသနဌာန(အငြိမ်းစား)လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်းကတို့ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပါတီဝင်များ၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာအသီးသီးမှ စိတ်ဝင်စားသူ ၅၀ဝ ခန့် တက်ရောက်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts