Homeသတင်းဗုဒ္ဓဘာသာသံဃာတော်များ ထိုင်းနိုင်ငံတွင်ဆန္ဒပြ

ဗုဒ္ဓဘာသာသံဃာတော်များ ထိုင်းနိုင်ငံတွင်ဆန္ဒပြ

-

အေမီအောင် – အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲခံရခြင်းကြောင့် ဗုဒ္ဓဘာသာသံဃာတော်များ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၌ ယနေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည် ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းတွင် ဗုဒ္ဓဂါယာ၌ ဗုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သဖြင့် သံဃာတော်များဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယအစိုးရအနေဖြင့် ဗုဒ္ဓဂါယာလုံခြုံရေးအပြည့်အဝ ယူပေးသင့်ကြောင်း ထောက်ပြခဲ့ကြသည်။

ယနေ့ဆန္ဒပြမှုတွင် မြန်မာ၊ ဗီယက်နမ် ၊ထိုင်ဝမ် ၊တရုတ်၊ ကိုရီးယားမှ သံဃာတော်နှင့်သီလရင် အပါအဝင် အင်အား ၃၀ဝ ခန့်ဆန္ဒပြခဲ့ကြသည်ဟု ပါဝင်လှုပ်ရှားသူ ဦးဇင်း အသျှင်ဦးကုဝေရက ပြောသည်။

ဦးကုဝေရက “ဦးဇင်းတို့ ဒီနေ့မနက်က UN ကုလသမ္မက ရုံးရှေ့မှာ တစ်နာရီကြာ ဆန္ဒပြခဲ့တယ်၊ အခုလည်း အိန္ဒိယသံရုံးရှေ့မှာ ဆက်ပြီးဆန္ဒပြနေတယ်”ဟုပြောသည်။

ယနေ့ မွန်းလွဲပိုင်းတစ်နာရီမှစ၍ ထိုင်းနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးရှေ့တွင် ဗုဒ္ဓဘာသာသံဃာတော်များ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာသံဃာတော်များသည် မြတ်ဗုဒ္ဓ၏ ပရိတ်တရားဓမ္မများရွတ်ဖတ်ပြီ အင်္ဂလိပ်၊ ထိုင်း နှစ်သာဘာများဖြင့် “ကျနော်တို့ရဲ့ လမ်းစဉ်ကတော့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးပါ” ၊ “ဗုဒ္ဓဂါယာကို
စောင့််ရှောက်ပေးပါ” “ဗုဒ္ဓဘာသာကိုလည်း စောင့်ရှောက် ထိန်းသိမ်းပေးပါ” ဟူသော ပိုစတာများကိုင်စွဲကာ တန်းစီကာငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်ဟု ဆရာတော်ကပြောသည်။

“နောက်နောင် ဗုဒ္ဓဂါယာလုံခြုံရေးနဲ့ပတ်သက်ပြီး အထူးကြပ်မတ်ပြီးဆောင်ရွက်ပေးဖို့ အိန္ဒိယ အစိုးရကိုတောင်းဆိုပါတယ်”ဟု ပါဝင်လှုပ်ရှားသူ ဦးဇင်းဦးတေဇက ပြောသည်။

အလားတူ ယခုလ ၈ ရက်နေ့ကလည်း အိန္ဒယနိုင်ငံ၊ မာဂဓ တက္ကသိုလ် ကျောင်းများသမဂ္ဂ၊ All India Bhikhu Sangha နှင့် All India International Buddhist Council တို့က ဦးဆောင်၍ ဒေသခံများနှင့်အတူသီရိလင်္ကာ၊ လာအို၊ ဂျပန်၊ ကိုရီးယား၊ ကမ္ဘောဒီယား၊ ထိုင်း၊ ဗီယက်နမ်၊ တိဘက်နှင့် မြန်မာ ရဟန်းသံဃာများနှင့်အင်အား ၇၀ဝ ကျော်ဖြင့် ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts