Homeသတင်းလာမည့်နှစ်တွင် မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးအလုံအလောက်ရမည်ဟုဆို

လာမည့်နှစ်တွင် မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးအလုံအလောက်ရမည်ဟုဆို

-

အေမီအောင် – မွန်ပြည်နယ်တွင် လာမည့် ၂၀၁၄ ခုနှစ်၌ လျှပ်စစ်မီး ၂၄နာရီ အလုံအလောက်ရရှိမည်ဟု Myanmar Lighting (IPP) ကုမ္မဏီ ဥက္ကဌ ဦးစိန်ဝမ်းက ပြောသည်။

Caption-Myanmar Lighting (IPP) ကုမ္မဏီ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်အုတ်မြစ်ချအခမ်းအနား(Internet)
Caption-Myanmar Lighting (IPP) ကုမ္မဏီ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်အုတ်မြစ်ချအခမ်းအနား(Internet)
မော်လမြိုင်မြို့၊ ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံဝင်းအတွင်း ယခုလ ၄ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပသော Myanmar Lighting (IPP) ကုမ္မဏီ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်အုတ်မြစ်ချအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိန်ဝမ်းက “မွန်ပြည်နယ်ကို ၂၀၁၄ ဖေဖေါ်ဝါရီမှာ မီဂါဝပ် ၄၀ ပေးနိုင်မယ်၊ မီဂါဝပ် ၅၀ ပြီးရင် ကရင်ပြည်နယ်ကို ဆက်ပေးမယ်”ဟု ပြောသည်။

ယင်းလျှပ်စစ်သုံးစွဲစရိတ်ကို တစ်ယူနစ် ၁၂၀/၁၃၀ ကျပ်ကောက်ခံရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာလွှတ်တော်တွင် အတည်မပြုသေးသဖြင့် ဆက်လက်ညှိနှိုင်းနေသည်ဟု ဆိုသည်။

လက်ရှိအစိုးရသတ်မှတ်ဈေးနှုန်းတွင် အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် လုပ်ငန်းသုံးမီတာ တစ်ယူနစ် ၇၀ ကျပ်နှုန်းဖြစ်သည်ဟု သိရသည်။

ယင်းအခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့်က“မွန်ပြည်နယ်မှာ လျှပ်စစ်သေချာသွားတာနဲ့ စက်ရုံတွေ၊ စက်မှုဇုန်တွေများလာမယ်၊ ဟိုတယ်ခရီးသွား လုပ်ငန်းတွေလည်း ရဲရဲလုပ်လာနိုင်သလို ခရီးသွားလုပ်ငန်းတွေလည်း ပိုမိုထွန်းကားလာမယ်၊ လျှပ်စစ်မီးမလုံလောက်ရင် ဒီလုပ်ငန်းတွေလုပ်နိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

အထူးသဖြင့် မွန်ပြည်နယ်တွင် လျှပ်စစ်မီးအလုံအလောက်ရရှိလာပါက ရာဘာလုပ်ငန်းအတွက် စက်ရုံများတည်ဆောက်နိုင်မည်ဟုလည်း ဝန်ကြီးချုပ်က မျှော်လင့်လျှက်ရှိသည်။

Myanmar Lighting (IPP) ကုမ္မဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၁၇၄ သန်း အကုန်ကြခံကာ ယခုငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ မီဂါဝပ် ၂၃၀ ထုတ်လုပ်ရန်ရည်ရွယ်ထားပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ်အကောင်အထည်ဖေါ်သွားမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts