Home သတင်း မွန်ပြည်နယ်တွင် ကလေးတစ်ထောင်ခန့် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေ

မွန်ပြည်နယ်တွင် ကလေးတစ်ထောင်ခန့် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေ

သွေးလွန်တုပ်ကွေးဖြစ်စေတတ်သော Aedes aegypti ခြင်

အေမီအောင် – ယခုအခါ မွန်ပြည်နယ်တွင်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း တစ်ထောင်ကျော်ခန့်ရှိနေပြီး မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးဖြစ်ပွားနေသည်ဟု မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနရုံးမှ ဒေါက်တာဉာဏ်ဆင့်က ပြောသည်။

သွေးလွန်တုပ်ကွေးဖြစ်စေတတ်သော Aedes aegypti ခြင်
သွေးလွန်တုပ်ကွေးဖြစ်စေတတ်သော Aedes aegypti ခြင်
သူက “ပြီးခဲ့စာရင်းကောက်ခံမှုအရ မွန်ပြည်နယ်တစ်ခုလုံး ဆယ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့အပတ်က ရောဂါဖြစ်ပွားသူ စုစုပေါင်း ၉၉၇ ယောက်ရှိခဲ့ပါတယ်၊ အသေအပျောက်တော့မရှိပါဘူး”ဟု ဟြေသည်။

အလားတူ ယခုကာလတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း ၊ စင်္ကာပူ၊ ကမ္ဘေားဒီယားနိုင်ငံတို့တွင်လည်း ဖြစ်ပွားနေသည်ဟု သူကဆက်ပြောသည်။

ဇွန်လ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှဦးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်တို့ မော်လမြိုင်ဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများကို လာရောက်ကြည့်ရှုခဲ့သည်။

ဝန်ကြီးချုပ်ဦးအုန်းမြင့်လာရောက်ကြည့်ရှုစဉ် ဆေးရုံကုတင်နှင့်နေရာလုံလောက်မှုမရှိသည့်အတွက် အဆောင်သစ်တိုးချဲ့ဆောက်လုပ်ရန်နှင့် ရောဂါကာကွယ်တားဆီးနှိမ်နှင်းရေးလုပ်ငန်းကို ထိထိရောက်ရောက်လုပ်ဆောင်ရန်မှာကြားခဲ့သည်ဟု သိရသည်။

သားဖြစ်သူသွေးလွန်တုပ်ကွေးဖြစ်သဖြင့် သံဖြူဇရပ်မြို့ဆေးရုံတွင် တက်ရောက်ကုသနေသူ လူနာရှင် ဒေါ်တင်တင်ညိုက ဆေးရုံ၌လူနာသိပ်မရှိဟု ပြောသည်။

“သွေးလွန်တုပ်ကွေးဖြစ်လို့ ကျမသားသံဖြူဇရပ်ဆေးရုံတက် နေပါတယ်၊ ဆေးရုံမှာဆေးမရှိလို့ဆိုပြီး အပြင်ဆေးဆိုင်က ဝယ်နေရတယ်” ဟု ပြောသည်။

အထူးသဖြင့် လူနာရှင်များသည် ပစ္စည်းကိရိယာမလုံလောက်သော နယ်ဆေးရုံများတွင်မကုလိုကြပဲ မော်လမြိုင်မြို့ပေါ် ဆေးရုံဆေးခန်းများသို့သာ သွားရောက်ကုသနေကြသည်ဟုလည်း သံဖြူဇရပ်မြို့နေ ဆရာဝန်တစ်ဦးက သုံးသပ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးဦးကာလတွင် ခြင်ပေါက်ဖွားမှုများပြားပြီး နေ့ခင်းဘက်ကိုက်တတ်သည့် Aedes aegypti နှင့် Albopictus ခေါ် ခြင်အမျိုးအစားများကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းဖြစ်သည်။

ရောဂါကူးစက်ခံရသည့် လက္ခဏာများမှာ ခြင်ကိုက်ခံရပြီး ၃ ရက်မှ ၁၀ ရက်အတွင်း အအေးမိဖျားနာခြင်းကဲ့သို့ အဖျားတက်ခြင်း၊ ခေါင်းကိုက်ပျို့အန်ခြင်း၊ အဆင့်အမြစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊မူးဝေခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အနီစက်အပြောက်များ ထွက်ခြင်းတို့ဖြစ်ပြီး ၆ လသား ခလေးငယ်များမှ စ၍ အသက် (၁၂) နှစ်အရွယ်အထိဖြစ်တတ်သည်ဟု ဆေးမှတ်တမ်းများတွင် ဖေါ်ပြခဲ့သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကျန်းမာရေးဌာနများနှင့် ရပ်ကွက်အာဏာပိုင်များနှင့်ပူးပေါင်း၍ ကျေးရွာ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးပညာပေးဟောပြောပွဲများ ၊ ခြင်းပေါက်ဖွားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟုသိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.