Homeသတင်းဘိလပ်မြေစက်ရုံအတွက် အဓမ္မဝယ်ယူထားသော မြေများကို ပြန်လည်ရလိုကြောင်း လယ်သ္မားများ တောင်းဆို

ဘိလပ်မြေစက်ရုံအတွက် အဓမ္မဝယ်ယူထားသော မြေများကို ပြန်လည်ရလိုကြောင်း လယ်သ္မားများ တောင်းဆို

-

မင်းတော်လဝီ – မွန်ပြည်နယ်ကျိုက္မရောမြို့နယ် မယ်ဂရိုကျေးရွာမှ လယ်သမားများ၏လယ်မြေနှင့်ခြံမြေများအား အထက်အမိန့် ညွှန်ကြားချက်ဟုဆိုပြီး လယ်သမားများထံမှ အဓမ္မအ ရောင်းခိုင်းထားသောလယ်မြေနှင့်ခြံမြေမျာကိုယခုအခါ လယ်သမားများကပြန်လည်ရလိုကြောင်း စုပေါင်းလက်မှတ်ထိုးပြီးမွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နေပြည်တော်အစိုး ရသို့တင်ပြတောင်းခံ ထားပြီ ဟုသိရသည်။

ဘိလပ်မြေစက်ရုံဆောက်လုပ်မည့်ဒေသတစ်ခု(ဧရာဝတီ)
ဘိလပ်မြေစက်ရုံဆောက်လုပ်မည့်ဒေသတစ်ခု(ဧရာဝတီ)
အဓမ္မအရောင်းခံထားသော မြေများမှာ မယ်ဂရိုရွာမှလယ်သမား ၇၀ ယောက်ပိုင် လယ်မြေဧက (၇၀ဝ)ခန့် နှင့် ခြံမြေဧကများပါဝင်ပြီး် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် အထက်အမိန့်ကျလာဟု ပြောပြီးအဓမ္မဝယ်ယူထား သည့်မြေဖြစ်သည်။

ဝယ်ယူသူမှာဒေါက်တာနွဲ့နွဲ့ဝင်းဆိုသူဂျွန်ကုမ္ပဏီကဖြစ်သည်ဟုဆရာထွန်းကြည်မယ်ဂရိုရွာမှမြေအရောင်းခံထားရသူတဦးက ပြောသည်။

“လယ်မြေ၊ခြံမြေနဲ့ရေနက်လယ်မြေတွေပါတယ်။ဘိလပ်မြေစက်ရုံအတွက်ဆိုပြီးအထက်ကဝယ်ခိုင်းတယ်ဆိုပဲ၊လယ်သမားတွေမရောင်းရင်ငွေမရလိုက်ရပဲ အလကားဖြစ်သွားမယ်လို့ အဲဒီလိုခြိမ်းခြောက်ပြီးအကျပ်ကိုင်တော့ လယ်သမားတွေ ကြောက်လို့ထိုးရောင်း လိုက်ရတယ်”ဟုဆရာထွန်းကြည်က ပြောသည်။

ကုမ္ပဏ႘ကအထက်အမိန့်နှင့် မရောင်းမနေရ အလကားဆုံးဆုံးခံ ရမယ်၊ဟုခြိမ်းခြောက်မှုကြောင့် မတန်မဆ ဈေးနှင့် ရောင်းလိုက်ရသည့်အတွက်ယနေ့အထိ စိတ်ထိခိုက်နေရကြောင်းကို မယ်ဂရိုရွာမှ အသက် ၆၀ ကျော် လယ်ရှင်အမျိုးသ္မီးတဦးကပြောသည်။

ဒါ့အပြင် ကုန်းပိုင်းကျသည့် မယ်ဂရိုရွာနှင့် ကော့ဝမ်းရွာသွားရာ လမ်းဘက်ကလည်း ရာဘာခြံမြေ တွေ၊ ရာသီ ပင်စိုက်နိုင်သည့် မြေတွေလည်းဧက တစ်ရာလောက် ပါသည်ဟု ပြောသည်။

ထိုစဉ်က ရောင်းချပေးခဲ့ရသည့်လယ်မြေများ၏ဈေးနှုန်းမှာ မြေအမျိုးအစား အတန်အစား အလိုက် တစ်ဧကကို အနိမ့်ဈေး၅၀ဝ၀ဝကျပ် နှင့် အမြင့်ဆုံးဈေးမှာ ၃သိန်းသာရရှိခဲ့သည်ဟု လယ်မြေအရောင်းခံရသူ လယ်သမား တဦးမှသိရသည်။

ဂျွန်ကုမ္ပဏီက မယ်ဂရို လယ်သမားများပိုင်လယ်ကို လာဝယ်ချိန်မှာ ၂၀၁၀ ခုနှစ်နိုဝင်ဘာလ အတွင်းက ဖြစ်ပြီး လယ်ယာများကို လယ်သမားများအနေဖြင့် လယ်လုပ်ခွင့်သာရှိသည့်အသိကြောင့် နစ်နာမှုများကို လွတ်လပ်စွာ မထုတ်ရဲ၍ ယခုလိုမရောင်းချင်သော်လည်း ရောင်းခဲ့ရသည်ဟုလယ်သမားများပြောပြချက်အရသိရသည်။

ယခုအခါတင်ပြတောင်းဆိုမှုများပလွတ်လပ်စွာတင်ပြတောင်ဆိုခွင့်ရှိလာပြီးဖြစ်၍ယခင်မိမိပိုင်လယ်မြေနှင့်အ ခြားမြေများအားအဓမ္မအရောင်းခံခဲ့သည့်အပေါ်မကျေနပ်၍လယ်သမားများကစုပေါင်းလက်မှတ်ရေးထိုးပြီးပြန်ရလိုကြောင်းမွန်ပြည်နယ်အစိုးရအဖွဲ့ နှင့် နေပြည်တော်ရှိ အစိုးရအဖွဲ့သို့ တောင်းဆိုရသည်ဟု သိရသည်။

တင်ပြတောင်းခံထားသည့်အပေါ် ၂၀၁၃ခုနှစ်မေလ (၂၈) ရက်နေ့ က မွန်ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် ကျိုက္မရောမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွဲ့ဖွဲ့ပြီးစုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၍ဇွန်လ (၁၀) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံမှတဆင့် အထက်အဆင့်ဆင့်သို့တင်ပြနိုင်ရန် လက်မှတ်ထိုးထားသည့်စာကိုပေးပို့ထား ပြီဟု ဟု ဆရာထွန်းကြည်က ပြောသည်။

မွန်ပြည်နယ်ကျိုက္မရောမြို့နယ်အတွင်း ဘိလယ်မြေထုတ်လုပ်ရေးအတွက်စက်ရုံများတည်ဆောက်ရာမှာလယ်သ မားပိုင်လယ်မြေကိုရရှိနိုင်ရန်ကုမ္ပဏီများကဒေသအာဏာပိုင်များသာမက၊ဒေသရှိအရိုုအသေခံသက်ကြီးရွယ်အိုများနှင့်ဒေသတွင်းသြဇာကြီးမားသော ဆရာတော်များကိုပါ နည်းမျိုးစုံဖြင့်ချဉ်းကပ်ကြသည်ဟ ုကျိုက္မရောမြို့နယ် က သြဇာကြီးမားသည့် ဆရာတော်တပါးကမိန့်သည်။

ဒါးအပြင်ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ကုမ္ပဏီ သုံးခုမှမြေနေရာများ ရရှိနိုင်ရေးအတွက် လယ်သမားပိုင် လယ်မြေများကိုအဓမ္မလိုက်ဝယ်နေခြင်းကြောင့်လယ်သမားများနှင့်မကျေလည်မှုများဖြစ်နေသည်ဟုသိရသည်။

ထိုကုမ္ပဏီများမှာ ဇေကမ္ဘာကုမ္ပဏီကကျိုက္မရောမြို့နယ် နိုတုံရွာမှ နိတုံတောင်၊ ဂျွန်ကုမ္ပဏ႘က ကော့ဒွန်းရွာ၊ ကော့ပနောရွာနှင့်မယ်ဂရိုရွာမှ လယ်မြေ၊ခြံမြေများအဓမ္မဝယ်ယူနေသည်။ဒါ့ပြင် ပေါက်တောရွာ၊ကွမ်ငန်းရွာနှင့် ကဒုံစစ်ရွာမှမြေကိုပစီဖိတ်လင့်ကုမ္ပဏီကမြေများကို အဓမ္မဝယ်ယူ လိုမှုကြောင့် လောလောဆယ်တွင် ကုမ္ပဏီ များနှင့်ဒေသခံလယ်သမားများတို့ကြားမကျေလည်မှုများဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံလယ်သမားများ က ပြောကြသည်။

ဒါ့ပြင်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်အိန္ဒိယနိုင်ငံသား Mr .Prashansall Bhansall က Ultra Tech cement လီမိတက် (Part of Aditya Birla,Group)အဖွဲ့ တို့ မွန်ပြည်နယ်အတွင်းရှိ ဖါဖောင်တောင်၊ပျားတောင် ၊ဖာသိမ်တောင်၊အတ္ထရန်တောင်၊များတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရေးအတွက်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဇွန်လ(၇)ရက်နေ့တွင် မော်လမြိုင်မြို့ အစိုးရုံးတွင်တွေ့ဆုံဆွေးနွေးပြီး ၄င်းမြေနေရာများသို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts