မင်းတော်လဝီ – မွန်ပြည်နယ် သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ရှိ ဟံသာထောမွန်ကျောင်း ပဓါနနာယက ဆရာတော် ဘဒ္ဒန္တသီလဝန္တ ၏ ၅၇ နှစ်မြောက်မွေးနေ့မင်္ဂလာနှင့်အတူ အသစ်တည်ဆောက်ပြီးစီးသွားသည့် ပိဋကတ်ကျောင်းဆောင် “လွီမာန်”ရေစက်ချအလှူမင်္ဂလာပွဲ အခမ်းအနားကို ယမန်နေ့ဧပြီလ ၂ ရက်နေ့မှစတင်ကျင်းပပြီးဧပြီ ၆ ရက်နေ့အထိကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
“ဧပြီ၂ရက်မှာမွေနေ့နဲ့ရေစက်ချပွဲရဲ့အလုပ်အကိုင်နေ့ဖြစ်သလိုရဟန်းခံ၊ရှင်ပြုမင်္ဂလာပွဲကိုလည်းစတင် လှည့်လည်ကြတယ်၊ညပိုင်းမှာရုံဝင်မွန်အနုပညာရှင်များပါဝင်တဲ့“မေတ္တာရွှေစင်အငြိမ့်”နဲ့ စတင် ဆက်တဲ့ညမှာပရိဿတ်စည်ကားတယ်”ဟု ဆရာတော်သီလဝန္တက မိန့်သည်။
ဆရာတော်ဘုရားဘဒ္ဒန္တသီလဝန္တက“ဘာသာရေးအသင်း၊လူမှုရေးအသင်းအဖွဲ့များအပြင်နိုင်ငံရေးပါတီများဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊မွန်ဒီမိုကရေစီပါတီ၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ခေါင်းဆောင်တွေ အတော်များများ ကိုလည်း ဖိတ်ထားပါတယ်”ဟု ဆရာတော်က မိန့်သည်။
“ဧပြီ ၂ ရက်ကနေ ၆ ရက်နေ့အထိပွဲတော်ရက်ဖြစ်ပြီးဧပြီ၃ ရက်နေ့မှာသံဃာစုရက်ပါ။ မွန်ပြည် နယ်မြို့ နယ်အသီးသီးကဘုန်းတော်ကြီးကျောင်းပေါင်း၄၀ဝကျော်ပင့်ထားတယ်၊ဧပြီ၄ရက်နေ့မှာဘုန်းကြီးရဲ့မွေးနေ့ပွဲကျင်းပပြီးရေစက်ချမယ်၊ဆက်ပြီးဧပြီ၅ရက်၆ရက်မှာတော့ပိဋကတ်ကျောင်းတော်ကိုရေစက်ချပွဲထပ်လုပ်မယ်”ဟု ဆရာတော်က မိန့်သည်။
ဆရာတော်၏မွေးနေ့မင်္ဂလာနှင့် ပိဋကတ်ကျောင်းတော် အလှူရေစက်ချပွဲ အခမ်းအနားကို ဆရာတော် ၏တပည့်ဒါယကာများနှင့် ရှင်စောပု (မွန်အမျိုးသ္မီးများစွမ်းဆောင်ရှင်များ အသင်း) မှဦးစီးကျင်းပကြ သည်ဟု သံဖြူဇရပ်မြို့မှဆရာတော်၏ဒါယကာတဦးကပြောသည်။
“ဒါယကာတွေဒီမွေးနေ့နဲ့ ပိဋကတ်တိုက် ရေစက်ချပွဲကို စည်စည်ကားကားနဲ့လုပ်ချင်လို့ ဘုန်းကြီး ကခွင့်ပြုပေးတယ်၊” ဆရာတော်ကမိန့်သည်။
ရှင်စောပု(မွန်အမျိုးသီံးများစွမ်းဆောင်ရှင်များအသင်း)နဲ့ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ပေါင်းပြီး တော့ရန်ပုံငွေအတွက်ဖျော်ဖြေမှုအစီအစဉ်တွေကိုလည်းတင်ဆက်လိုကြတယ်၊ရရှိတဲ့ငွေကိုနွေရာသီမွန်စာပေရန်ပုံငွေအဖြစ် သုံးကြမယ်”ဟု ဆရာတော် ကဆက်မိန့်သည်။
ဆရာတော်က “သူတို့ရဲ့ဆန္ဒက ရန်ပုံငွေလည်းရ၊ဖျော်ဖြေမှုအတွက်လည်းဖြစ် ဆိုလို့ ဘုန်းကြီးက ခွင့်ပြု ပေးလိုက်တယ်၊ ဒီကရတဲ့ငွေကို ပညာရေးအတွက် တဝက်သုံးပြီးတော့ တဝက်ကို ကော်မတီရဲ့ ရန်ပုံ ငွေမှာ ထည့်သွားမယ်”ဟု မိန့်သည်။
ဆရာတော်၏ မွေးနေ့မင်္ဂလာနှင့် ပိဋကတ်ကျောင်းဆောင်အလှူရေစက်ချပွဲကို ၅ ရက်ပြုလုပ်သွား မည် ဖြစ်ပြီး ဧပြီလ ၂ နှင့် ၃ ရက်မှာ ရန်ကုန်မြို့မ မေတ္တာရွှေစင်အငြိမ့်ကိုတစ်ည နှင့်နောက်ညမှာမွန် ခေတ် ပေါ်ဂီတပေါင်းစုံ ကို ရုံသွင်းပြီး ဧပြီလ ၄မှ ၆ ရက်နေ့အထိကိုမွန်ဇာတ်ပွဲများကိုကြည့်ချင်ပွဲအဖြစ် ကပြဖျော်ဖြေသွားမည်ဟု ပွဲဖြစ်မြောက်ရေးမှဆရာတော်၏ ဒါယကာ တဦးက ပြောသည်။
မေတ္တာရွှေစင်အငြိမ့်တွင် နာမည်ကြီးလူရွှင်တော် မေတ္တာ၊ချစ်စရာ၊ငွေမိုး၊လူမော်၊ချစ်ချော၊ပွမ်းပွမ်း တို့အပြင် အငြိမ့်မင်းသ္မီးများအဖြစ် မေပန်းချီ၊ကျားလေးစိန်တို့အပြင်၊အဆိုတော် DJ သော်သော်၊ ညိုမင်းခန့်၊ မင်းသိုက်၊ ဇုံဂျက်စီ၊မိစန္ဒီ၊မမိုးမိုး တို့ပါဝင်ကြကြောင်းသိရသည်။
ဆရာတော်ဘဒ္ဒန္တသီလဝန္တသည် သက်တော် ၅၇ နှစ် ဝါတော် ၃၆ ဝါရှိပြီး ပရိယတ္တိစာပေများကို တပည့် ရဟန်း၊သာမဏေများကိုအမြဲမပြတ်သင်ကြားပို့ချပေးနေသည့်အပြင် ဘာသာရေး၊ သာသနာရေးနှင့် လူမှုရေးအကျိုးမြောက်များစွာကိုအားတက်သရောဆောင်ရွက်တော်မူသည်။ဒါ့အပြင်မွန်စာပေနှင့်ယဉ်ကျေးမှုနွေရာသီစာပေသင်ကြားရေးတွင် ဦးဆောင်မှုပြုလျှက်ရှိကြောင်း၊ဆရာတော်သည် သံဖြူဇရပ်မြို့ နယ် အံခဲရွာ ဇာတိဖြစ်ကြောင်းသိရသည်။