Homeသတင်းစင်္ကာပူနိုင်ငံတွင် မွန်အကြောင်းဟောပြောပွဲကျင်းပမည်

စင်္ကာပူနိုင်ငံတွင် မွန်အကြောင်းဟောပြောပွဲကျင်းပမည်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – စင်္ကာပူနိုင်ငံတွင် ပထမဦးဆုံးကျင်းပမည့် မွန်အကြောင်းဟောပြောမှုအစီအစဉ်ကို စင်္ကာပူနိုင်ငံအခြေစိုက် Mon Friendship Association Singapore မွန်မိတ်သဟာယအသင်းက ကြီးမှူး၍ အောက်တိုဘာလ ၂၆ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မွန်ပညာရေး၊ မွန်တိုင်းရင်းသားရေးရာ၊ သမိုင်း၊ စာပေယဉ်ကျေးမှုနှင့် မွန်ဒေသစီးပွားရေး ဆိုင်ရာအကြောင်းအရာများအပါအဝင် အမေးအဖြေ ကဏ္ဍများကို ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

ဟောပြောမှုအစီအစဉ်ဖိတ်ကြားလွှာ(photo : sahaimon.net)
ဟောပြောမှုအစီအစဉ်ဖိတ်ကြားလွှာ(photo : sahaimon.net)
၄င်းဟောပြောပွဲအတွက် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး နိုင်မောင်တိုး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) ဥက္ကဌနိုင်ငွေသိန်း(ခေါ်)နိုင်ဂျနူမွန်နှင့် မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်ဗညားစန်းတို့ ဦးဆောင်ဆွေးနွေးမည်ဟု မွန်မိတ်သဟာယ အသင်း နာယက နိုင်စဟိုင်းမွန်က ပြောသည်။

၎င်းက “မွန်တို့ရဲ့ သမိုင်းတွေ ဘယ်လိုရှိခဲ့တာတွေ မသိတဲ့လူတွေ သိရှိနားလည်စေဖို့၊ မွန်စာပေအပိုင်းဆိုလဲ လက်ရှိအခြေအနေမှာ ဘယ်လိုအနေအထားမျိုးရှိနေပါသလဲ၊ နောက်မွန် ပြည်တွင်းစီးပွါးရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့အရာတွေ ဘာတွေဘယ်လိုလုပ်လို့ရသလဲ အမြင်ဖလှယ်ပွဲအနေနဲ့ ကျနော်တို့ပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။

ထိုဟောပြောပွဲကို လာမည့်အောက်တိုဘာ ၂၆ ရက် သောကြာနေ့ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ Ren Ci Community Hospital Hall, 71 Irrawaddy Rd, Singapore 329562 Near Novena MRT Station နေရာ၌ ကျင်းပသွားမည်ဖြစ်သည်။

၄င်းဟောပြောမှုအစီအစဉ်ကို Mon Friendship Association Singapore ၏ အင်တာနက်စာမျက်နှာ http://sahaimon.net တွင် တိုက်ရိုက်ထုတ်လွှင့်မည်ဟု သိရသည်။

မွန်တိုင်းရင်းသားတို့၏ တန်ဖိုးမဖြတ်နိုင်သော မွန်သမိုင်းစာပေနှင့် ယဉ်ကျေးမှုအမွေ အနှစ်များ အကြောင်းကို ပြည်ပရောက် မွန်တိုင်းရင်းသားများ၊ မျိုးဆက်သစ်များအား လက်ဆင့်ကမ်းထိမ်းသိမ်းနိုင်စေရန်နှင့် အခြားသော လူမှုစီးပွါးရေးဆိုင်ရာ သုတ၊ ရသ အသိပညာများ တိုးပွါးစေရန် ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု နိုင်စဟိုင်းမွန်က ပြောသည်။

စင်္ကာပူနိုင်ငံသို့ မွန်အကြောင်းသွားရောက်ဟောပြောမည့် နိုင်မောင်တိုးနှင့် နိုင်ငွေသိန်းတို့ ယနေ့ညနေပိုင်း ၄ နာရီအချိန်တွင် လေယာဉ်ခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး တစ်ပတ်ခန့်ကြာမြင့်မည်ဟု သိရသည်။

မွန်ညီအစ်ကိုမောင်နှမများစုပေါင်းကာ လူဦးရေ ၅၀ဝ ခန့်ဖွဲ့စည်းထားသော စင်္ကာပူနိုင်ငံအခြေစိုက် (Mon Friendship Association Singapore) မွန်မိတ်သဟာယအသင်းကို၂၀ဝ၁ ခုနှစ်တွင်စတင်ဖွဲ့ စည်းခဲ့ပြီး ယခုအခါ ၁၁ နှစ်သက်တမ်းရရှိခဲ့ပြီဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts