spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကြာအင်းဆိပ်ကြီးမြို့နယ် ရုံးဖွင့်ဆိုင်းဘုတ်တင်ပွဲကျင်းပ

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကြာအင်းဆိပ်ကြီးမြို့နယ် ရုံးဖွင့်ဆိုင်းဘုတ်တင်ပွဲကျင်းပ

    -

    မင်းအဲ – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်၉:ဝ၀ နာရီတွင် ရပ်ကွက်(၁)ရှိ နိုင်သန်းဦးနေအိမ်၌ ဖွင့်လှစ်ခဲ့ကျင်းပခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ သိရသည်။

    အဆိုပါအခမ်းအနားတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ဖဲကြိုးဖြတ်အခမ်းအနားဖွင့်လှစ်ခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ကြာအင်းဆိပ်မြို့နယ်မှ မွန်လူမှုအဖွဲ့အစည်းများအပါအဝင် စုစုပေါင်းအင်အား ၇၀ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဘုရားသုံးဆူမြို့နယ်ခွဲ နာယက နိုင်ထွန်းအေးက ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းခဲ့စဉ်(IMNA)
    ၎င်းက “ဒီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကြာအင်းဆိပ်ကြီးမြို့ပေါ်တင်မဟုတ်ဘူး၊ အနီးအနားတစ်ဝိုက် မွန်ကျေးရွာတွေကလည်း လာရောက်တာတွေ့ရတယ်” ဟု ပြောသည်။

    လွန်ခဲ့သောသီတင်းပတ်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဗညားအောင်မိုး ဦးဆောင်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းခဲ့ရာ နာယကနှင့် ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၁၈ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ဟု နိုင်ထွန်းအေးက ပြောသည်။

    “မွန်အမျိုးသားအရေး၊ ဒေသခံတိုင်းရင်းသားအားလုံးအတွက် ကိစ္စအရပ်ရပ်ဖြစ်ပေါ်လာခဲ့ရင် သက်ဆိုင်တဲ့လွှတ်တော်ကို တင်ပြနိုင်ဖို့ မွန်ဒေသတွေမှာ ရုံးတွေဆက်လက်ဖွင့်လှစ်သွားမယ့် အစီအစဉ်ရှိပါသေးတယ်” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ နေရာ အနိုင်ရရှိခဲ့သည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) မြို့နယ်ရုံးများဖွင့်လှစ်နေသကဲ့သို့ မွန်ဒီမိုကရေစီပါတီ(MDP)ကလည်း မြို့နယ်ရုံး ၁၃ နေရာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သက်ဆိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။

    မွန်ဒီမိုကရေစီပါတီ(MDP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)တို့ မွန်တစ်ပါတီ ပေါင်းစည်းရေးအတွက် နှစ်ပါတီခေါင်းဆောင်များက သဘောတူညီချက် ၄ ရပ်ကို လက်မှတ် ရေးထိုး၍ အောက်တိုဘာလ ၁၃ ရက်နေ့စွဲဖြင့် ကြေညာချက်တစ် စောင်ထုတ်ပြန် ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks