Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပါတီနှစ်ခု တစ်ပါတီအဖြစ်ပေါင်းစည်းရန် သဘောတူညီမှုရရှိ

    မွန်ပါတီနှစ်ခု တစ်ပါတီအဖြစ်ပေါင်းစည်းရန် သဘောတူညီမှုရရှိ

    -

    ဂျူရီချိုင်း – မွန်ဒီမိုကရေစီပါတီ (MDP)နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)တို့ ယခုနှစ် ၂၀၁၂ အတွင်း တပါတီအဖြစ်ပေါင်းစည်းရန် သဘောတူညီရရှိပြီဖြစ်သည်။

    မွန်နိုင်ငံရေးနှစ်ပါတီ သဘောတူလက်မှတ်ရေးထိုးနေကြစဉ်။
    မွန်နိုင်ငံရေးနှစ်ပါတီ သဘောတူလက်မှတ်ရေးထိုးနေကြစဉ်။
    ယခုလ ၁၄ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ သန္တိသုခကျောင်း တိုက်တွင် ပြုလုပ်ခဲ့သည့် နှစ်ပါတီပေါင်းစည်းရေး တွေ့ဆုံဆွေးနွေးပွဲအစည်း အဝေးတွင် သဘောတူညီချက်ရရှိခဲ့သည်ဟု ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဆရာတော် အရှင်ခေမာနန္ဒက မိန့်သည်။

    အရှင်ခေမာနန္ဒက “တပါတီအဖြစ် ပူပေါင်းဖို့ကို အစည်းအဝေးမှာ နှစ်ဖက်ကိုယ်စားလှယ်တွေကို ဘယ်လိုလဲ ဘဘောတူလား၊ မတူဘူးလားလို့မေးတော့ နှစ်ဖက်စလုံးက သဘောတူတယ်လို့ ပြောကြတယ်”ဟု မိန့်သည်။

    အအစည်းအဝေးသို့ မွန်ဒီမိုကရေစီပါတီ(MDP)မှ ကိုယ်စားလှယ် (၅) ဦး၊ မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)မှ ကိုယ်စားလှယ်(၃) ဦးနှင့် ညှိနှိုင်းရေးအဖွဲ့မှ မွန်သံဃာတော်(၁၅)ပါး အပါအဝင် မွန်ပြည်သစ်ပါတီ(NMSP)မှ တာဝန်ရှိသူ (၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။

    ယင်းသို့ ပါတီနှစ်ခု ပေါင်းစည်းရန်သဘောတူညီချက်ရရှိပြီးနောက် နှစ်ဖက်အဖွဲ့ဝင်များ ပေါင်းစည်းခြင်း၊ တာဝန်ခွဲဝေပေးခြင်းနှင့် နိုင်ငံရေး လုပ်ငန်းများကို အတူတကွ အစီအစဉ်ဆွဲပြီး လုပ်ဆောင်သွားမည်ဟု မွန်ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောသည်။

    ၎င်းက “တစ်ပါတီပေါင်းစည်းဖို့ကို နှစ်ဖက်စလုံးက လက်ခံလိုက်ကြပြီ၊ အဲဒီတော့ အဆင်ပြေတဲ့ သင့်တော်တဲ့ ရက်တွေကိုရွေးပြီးတော့ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ရှိတယ်” ဟု ပြောသည်။

    မူလပထမတွင် မွန်ဒီမိုကရေစီပါတီ (MDP)နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)တို့သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီနှစ်ခုကို ပူးပေါင်းရန် အချက်(၄) ချက်ပါ သဘောတူညီချက်လက်မှတ်ကို ဧပြီလ (၂၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

    သို့သော် ညှိနှိုင်းရေးအဖွဲ့မှ မွန်သံဃာတော်များက ယင်းပါတီနှစ်ခုကို ပူးပေါင်းရန် ပြီးခဲ့သည့်လ (၁၈) ရက်နေ့တွင် တောင်းဆိုခဲ့ပြီး မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ကလည်း အလားတူ တိုက်တွန်းတောင်ဆိုခဲ့သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်းတွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရပြီး ပြီးခဲ့သည့်ဧပြီလတွင် မွန်ဒီမိုကရေစီပါတီ (MDP) အမည်သစ်ဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)သည် တရားဝင်မှတ်ပုံတင်ထားပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီသည်။ မွန်ပြည်နယ်ပါလီမာန်တွင် ၄င်းတို့ ၏ အမတ် (၇) ဦး၊ ကရင်ပြည်နယ် လွတ်တော်တွင် (၂) ဦး နှင့် ပြည်ထောင်စုလွတ်တော်သို့ (၇) ဦး ရွေးချယ်ခြင်းခံရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks