spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းကျိုက္ခမီရေလယ်ဘုရား၏ စင်္ကြံနတ်လမ်း အသစ်ပြန်လည် ဆောက်လုပ်

    ကျိုက္ခမီရေလယ်ဘုရား၏ စင်္ကြံနတ်လမ်း အသစ်ပြန်လည် ဆောက်လုပ်

    -

    မင်းတော်ဝီ – မွန်ပြည်နယ်၊ ကျိုက္ခမီမြို့ရှိ ကျိုက္ခမီရေလယ်ဘုရားဂန္ဓကုဋိတိုက်သို့ ဆက်သွယ်ထားသည့်အထက်နှင့် အောက်စင်္ကြံနတ်လမ်းနှစ်လမ်းကိုဖျက်ပြီး ယခုအခါမြေညီထပ် စင်္ကြံနတ်လမ်း တစ်လမ်းသာ ပြန်လည် တည်ဆောက်လျှက်ရှိသည်။

    “မူလမြေညီလမ်းရော အထက်စင်္ကြံနတ်လမ်းပါ ပျက်စီးလာနေတယ်၊ အထက်စင်္ကြံနတ်လမ်းဆိုမပြိုကျဖို့ အောက်မှာ တိုင်ထောက်ထားရတယ်၊ ၁၈ နှစ်ကျော်ကြာနေတော့ ဆွေးလာပြီးပေါ့” ဟု ကျိုက္ခမီ ရေလယ်ဘုရား ဂေါပကအဖွဲ့ ဝင်တဦးက ပြောသည်။

    နိုင်ငံတော်ဒုသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦး မိုးတွင်းကာလက ဘုရားဖူးရောက်စဉ် ထိုလမ်းကို အသစ်ပြန်လည်ဆောက်လုပ်ရန် လမ်းညွှန်ခဲ့ပြီး ယခုအခါ ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လှူဒါန်းနေသည်ဟု ၄င်းက ပြောသည်။

    ရေလယ်ဘုရားသို့ဆက်သွယ်ထားသည့်ယခင်မူလလမ်းမှာ မြေညီကွန်ဂရစ်လမ်း ဖြစ်ပြီး ဒီရေတက်ချိန်နှင့်ဆုံသည့်အခါဘုရားဖူးများ ရေလယ်ဘုရား ဂန္ဓကုဋိတိုက်သို့ မသွားရောက်နိုင်ပဲ ဒီရေကျမှသာ ဘုရားသို့သွားရောက်ဖူးမျှော်နိုင်သည်။

    ၄င်းအခက်အခဲကိုကျော်လွှားနိုင်ရန် ၁၉၉၂ ခုနှစ်တွင် မူလကွန်ဂရစ်လမ်းအထက်မှာ ကွန်ဂရစ်စင်္ကြံနတ်လမ်းတစ်လမ်းဆောက်လုပ်ခဲ့ပြီး ဘုရားဖူးပရိဿတ်များ အချိန်မရွေး သွားလာ ဘုရားဖူးနိုင်ခဲ့သည်။

    ဘုရားကုန်းတော်မှ ရေလယ်ဘုရားထိ ယခင်အသုံးပြုခဲ့သည့် လမ်းဟောင်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ စဖျက်ခဲ့ရာ ယခုအခါ အာစီတိုင်သွန်းလုပ်ခြင်း၊ ကွန်ဂရစ်ခင်းခြင်းလုပ်ငန်းများလုပ်ကိုင်နေပြီး ဘုရားဖူးဧည့်သည်များ ချောမွေ့လွယ်ကူစွာသွားလာနိုင်အောင်လည်း ယာယီစင်္ကြံလမ်းပြုလုပ်ထားသည်။

    ယခုဆောက်လုပ်သောစင်္ကြ ံနတ်လမ်းသည် ဒီရေတက်ချိန် ဒီရေမလွှမ်းနိုင်အောင် ဘုရားကုန်းမြေနှင့် ရေလယ်ဘုရား ဂန္ဓကုဋိတိုက်သို့ ဆက်သွယ်သည့်လမ်းကို မြေပြင်မှ ၄ ပေ အမြင့်ထိ ဆောက်လုပ်ထားရှိပြီး၊ ၄င်းအထက်တွင် နေဒဏ်မိုးဒဏ် လွတ်ရန်လည်း အမိုးမိုးထားကြောင်း သိရသည်။

    ၄င်းက “ဆောက်လုပ်ချိန်က ၂ လကျော်မယ်၊ သင်င်္ကြန် အမီ၊ မိုးမကျခင်မှာပြီးမယ်၊ ကုန်ကျစရိတ်က ကျပ်သိန်းပေါင်း (၄၀၀၀) ကျော်ကုန်ကျမယ်လို့ ရွှေသံလွင်ကုမ္ပဏီက ခန့်မှန်းထားတယ်”

    ကျိုက္ခမီရေလယ်ဘုရားသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ကမ်းစပ်မှ တစ်ဖါလုံအကွာပင်လယ်ဘက် သံလွင်မြစ်ဝပင်လယ်ပြင်တွင် ကိန်းဝပ်စံပယ်နေသော ဘုရားဖြစ်ပြီး ဘုရားဖူးများဖြင့် အမြဲစည်းကားနေသည်။ ဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်အန့မှ လပြည့်ကျော် ၅ ရက်နေ့အထိ နှစ်စဉ်ကျင်းပနေပြီး မွန်ပြည်နယ်တွင် အစည်ကားဆုံးဘုရားပွဲတော်လည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts