Homeသတင်းမွန်ပြည်နယ်စာတိုက်အချို့ အမြန်ချောစာပို့လုပ်ငန်း ခေတ္တရပ်ဆိုင်းထား

မွန်ပြည်နယ်စာတိုက်အချို့ အမြန်ချောစာပို့လုပ်ငန်း ခေတ္တရပ်ဆိုင်းထား

-

ဂျူရီချိုင်း – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော အမြန်ချောပို့စာများကို ရန်ကုန်စာတိုက်ကြီးနှင့် မွန်ပြည်နယ်ရှိ မုတ္တမ၊ ဘီးလင်း၊ တောင်စွန်းမြို့များသို့ပေးပို့ခဲ့ရာတွင် ယခုအခါခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

ထို့အတူ အခြားမြို့နယ်ရှိစာတိုက်များတွင်လည်း အမြန်ချောပို့စနစ်ဖြင့် စာများပေးပို့ကြရာ၌ အခက်အခဲများတွေ့ရှိလာကြောင်း ကာယကံရှင်များပြောကြားလာခဲ့သည်။

“အခု အမြန်ချောစာပို့တာ စာတစ်စောင်တည်းဆို လက်မခံတော့ဘူး မပို့ပေးတော့ဘူး၊ စာပို့သမားခနဲ့ ကုန်ကျစရိတ်တွက်ချေမကိုက်ဘူးလို့ဆိုတယ်” ဟု မွန်ပြည်နယ် မော်လမြိုင်မြို့မှ စာပို့ခဲ့သူတစ်ဦးက ပြောသည်။

ယခင်က အိမ်တိုင်ရာရောက်ပေးပို့ခဲ့သော အမြန်ချောစာပို့လုပ်ငန်းသည် ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစ၍ လုပ်ငန်းကုန်ကျစရိတ်နှင့် ရရှိသည့်ဝင်ငွေမညီမျှမှုကြောင့် ယခုကဲ့သို့ ရပ်နားထားရခြင်းဖြစ်သည်ဟု အမြန်ချောပို့လုပ်ငန်းမှ အရာထမ်းတစ်ဦးပြောဆိုခဲ့သည်ကို ပြည်တွင်းထုတ် The Voice Weekly သတင်းဂျာနယ်တွင် ရေးသားဖေါ်ပြသည်။

ပြည်တွင်းအမြန်ချောပို့ တစ်စောင်လျှင်ကျပ် ၅၅၀ ကုန်ကျပြီး ရိုးရိုးစာတစ်စောင်လျှင် ကျပ် ၁၀၀ ခန့်သာကုန်ကျကြောင်း သိရသည်။

အမြန်ချောစာပို့ခမှာ ၂၀၁၁ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ စာတစ်စောင်လျှင် ၅၀ ကျပ်မှ ဆယ်ဆအထိ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

အလားတူ သြဂုတ်လအတွင်း အမြန်ချောပို့လုပ်ငန်း ခေတ္တရပ်ဆိုင်းလိုက်သည့် အခြားမြို့များမှာ တမူး၊ မိုးညှင်း၊ ဟိုပင်၊ ခင်ဦး၊ သံတွဲ၊ မိုးမိတ်တို့ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် စာတိုက်ပေါင်း ၁၃၈၅ ခုရှိကာ အမြန်ချောစာပို့လုပ်ငန်းရှိသည့် စာတိုက်မှာ ၁၆၀ ခန့်ရှိသည်။

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts