spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးသမားဟောင်း နိုင်သန်းတင်ကွယ်လွန်

    မွန်နိုင်ငံရေးသမားဟောင်း နိုင်သန်းတင်ကွယ်လွန်

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်း နိုင်သန်းတင် အသက် ၈၃ နှစ်သည် သြစတြေးလျနိုင်ငံ ကင်ဗာရာဆေးရုံတွင် ယမန်နေ့က ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူများသတင်းပေးပို့ချက်အရ သိရသည်။

    နိုင်သန်းတင်သည် ၁၉၅၁ ခုနှစ်တွင် မွန်ပြည်သူလွတ်မြောက်ရေးအတွက် မွန်ပြည်သူ့တပ်ဦးသို့ ဝင်ရောက်ခဲ့ပြီး ၄င်း၏ပုဂ္ဂိုလ်ရေးနှင့် စည်းရုံးရေးကောင်းမှုကြောင့် အဖွဲ့အစည်းအတွင် လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

    နိုင်သန်းတင် နိုင်ငံရေးသင်တန်းပို့ချနေစဉ်
    နိုင်သန်းတင် နိုင်ငံရေးသင်တန်းပို့ချနေစဉ်

    ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦးမှ ဦးနုအစိုးရလက်ထက်ထံ လက်နက်အပ်ခဲ့သည့်အတွက် နိုင်သန်းတင်သည် ဥပဒေဘောင်အတွင်း ပြန်လည်ခိုလှုံခဲ့သည်။

    မွန်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသည့်  နိုင်နွန်လာ၊ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်းတို့နှင့်အတူ မွန်ပြည်သူ့တပ်ဦး နိုင်ငံရေးသင်တန်းဆရာအဖြစ် ၁၉၆၂ ခုနှစ်အထိ မော်လမြိုင်မြို့တွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။

    ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးကောင်စီ နှင့် မဆလအစိုးရလက်ထက်တွင် မွန်လူမျိုးတို့၏အခွင့်အရေးများရရန် မဖြစ်နိုင်တော့သည်ကို သိရှိနားလည်လာပြီးနောက် ၁၉၇၄ ခုနှစ်တွင် နိုင်သန်းတင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။ ၄င်းနောက် ပါတီဗဟိုကော်မတီဝင် အဖြစ် အရွေးခံရခြင်းဖြစ်သည်။

    ၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးသည့်နောက် နိုင်သန်းတင်သည် မြန်မာစစ်အစိုးရကို အယုံအကြည်မရှိသည့်အတွက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကန့်ကွက်သည့်အနေဖြင့် မွန်ပြည်သစ်ပါတီမှ နုတ်ထွက်ခဲ့သည်။

    ထို့နောက် ၂၀၀၁ ခုနှစ်တွင် နိုင်သန်းတင်နှင့် မိသားစုတို့သည် သြစတေလျနိုင်ငံသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ သြစတေလျနိုင်ငံရှိ မွန်အသင်းများတွင် အကြံပေးဖြစ်ခဲ့သည်။

    နိုင်သန်းတင်သည် ဆောင်းပါးများသာမက နိုင်ငံရေးသီချင်းပေါင်းများစွာတို့ကို မွန်၊ မြန်မာဘာသာဖြင့် ရေးသားခဲ့သည်။

    ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူဆရာမ မိတင်အေးနှင့် သားသမီးများဖြစ်ကြသော မင်းဗညားတင့်စိုး၊ မိနွယ်နီစိုး၊ နိုင်သန်းထွဋ်နှင့် မင်းဝင်းထွဋ် တို့ကျန်ရစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks