spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်တွေ့ကျကျအကောင်အထည်ဖေါ်ပေးဖို့ မွန်ပြည်သစ်ပါတီဥက္ကဌတိုက်တွန်း

    ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်တွေ့ကျကျအကောင်အထည်ဖေါ်ပေးဖို့ မွန်ပြည်သစ်ပါတီဥက္ကဌတိုက်တွန်း

    -

    မင်းသုတ -ဒေါ်အောင်ဆန်းစုကြည်၏အိပ်ဖွင့်ပေးစာသည် လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အရေးကြီးနေသည့်အပိုင်းကို ထိရောက်စွာ မီးမောင်းထိုးပြနေသည့်အတွက် မွန်ပြည်သစ်ပါတီအနေဖြင့် ထောက်ခံကြိုဆိုပြီး လက်တွေ့ကျကျအကောင်အထည်ဖေါ်ပေးရန် တိုက်တွန်းပါကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းခန်းတရပ်၌ ပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်
    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်

    “ဒေါ်အောင်ဆန်းစုကြည်ရဲ့အိပ်ဖွင့်ပေးစာကိုရရှိခဲ့ပါပြီ၊ ပြည်တွင်းကရော နိုင်ငံတကာကပါ ဒေါ်အောင်ဆန်းစုကြည်အပေါ်အလေးထားနေတဲ့အပေါ် ခုလိုငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွားမယ်ဆိုတော့ ကျနော်တို့အနေနဲ့ အားရမိတယ်၊ အားပေးတယ်” ဟု နိုင်ထောမွန်က ပြောသည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီတစ်ဖွဲ့ချင်းသာမက ညီနောင်တိုင်းရင်းသားမဟာမိတ်များ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်ဆက်စပ်ပြီး ငြိမ်းချမ်းရေးဖြစ်မြောက်အောင် ကြိုးပမ်းမည်ဟု သူက ဆက်ပြောသည်။

    လက်ရှိသမ္မတဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (SSA) စသည့်အဖွဲ့အစည်းတို့ထံ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၂၈) ရက်စွဲဖြင့် ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲကြပါရန်၊ ယင်းလုပ်ငန်းစဉ်များကိုပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိပါသည်ဟု ဒေါ်အောင်ဆန်းစုကြည် အိပ်ဖွင့်ပေးစာရေးသားဖေါ်ပြခဲ့သည်။

    “ယုံကြည်မှုတည်ဆောက်ဖို့ ၁၆ နှစ်ကြာကျနော်တို့ အပစ်ရပ်စဲခဲ့ပြီးပြီ၊ အပပ်ရပ်စဲယုံနဲ့ မပြီးပြတ်တော့ဘူး၊ နိုင်ငံရေးအရ သုံးပွင့်ဆိုင်တွေ့ဆုံဖြေရှင်းနိုင်မှ အေးချမ်းမှုကိုတည်ဆောက်နိုင်မယ်” ဟု နိုင်ထောမွန်က ဆက်ပြောသည်။

    သူ့အပြောအရ မွန်ပြည်သစ်ပါတီဧရိယာ၌ ပစ်ခတ်မှုမဖြစ်ပေါ်သေးသည်မှာ UNCF မဟာမိတ်တပ်ဖွဲ့ဝင်များ အပစ်ရပ်စဲနိုင်ရန်နှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်ရန်ကြိုးပမ်းနေသည့် ကာလတစ်ခုမျှသာဖြစ်ကြောင်း၊ အကယ်၍ စစ်မှန်သောငြိမ်းချမ်းရေးကိုမတည်ဆောက်နိုင်ပါက ဆက်လက်၍ နိုင်ငံတဝှမ်းလုံးပြည်တွင်းစစ်မီးဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ထောမွန်က သုံးသပ်ပါသည်။

    ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားညီနောင် ၅ ပါတီဖြစ်ကြသည့် ကရင်တိုင်းရင်းသား ကိုယ်စားပြု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြား၀င်စေ့စပ်ပေးရန် အဆင်သင့် ဖြစ်နေကြောင်း ရွေးကောက်ပွဲကော်မရှင်ထံပြီးခဲ့သည့် ဇူလိုင်လ ၂၇ တွင် ချင်းကိုယ်စားလှယ်မှတင်ပြခဲ့ပြီးဖြစ်သည်။

    ထို့အတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ထိုးစစ်ဆင်ထားမှုများ ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံး အပစ်ခတ် ရပ်ဆိုင်းပေးရေးတို့ ပါဝင်သည့် တောင်းဆိုထားသော အကြောင်းပြန်စာကို ကချင်လွတ်မြောက်ရေးအဖွဲ့က မြန်မာအစိုးရထံ ကြာသပတေးနေ့တွင် ပေးပို့လိုက်သည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks