Homeသတင်းဘုရားသုံးဆူ မြို့စွန် နေသူများ မြို့တွင်း ပြောင်းရန် စစ်တပ် သတိပေး

ဘုရားသုံးဆူ မြို့စွန် နေသူများ မြို့တွင်း ပြောင်းရန် စစ်တပ် သတိပေး

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ ရပ်ကွက် ၄ (တောင်ဝိုင်းရပ်ကွက်) တွင် နေထိုင်သူများကို မြို့အတွင်းဘက်သို့ ပြောင်းရွှေ့နေထိုင်ရန် ယမန်နေ့ ဇွန်လ ၁၆ ရက်က ၎င်းမြို့ အခြေစိုက် ခလရ ၂၈၄ တပ်ရင်းက ညွှန်ကြားခဲ့သည်။

“ဒီမှာ လုပ်လက်စ အလုပ်တွေကို သိမ်းပြီးတော့ ဒီကနေ ဖယ်ပေးဖို့ မနေ့ နေ့လည်က သူတို့ လာပြောတယ်” ဟု ပန်းရံ လုပ်သား တဦးက ပြောသည်။

ဘုရားသုံးဆူမြို့ရှိ ဆိုင်ခန်းများ ပိတ်ထား
ဘုရားသုံးဆူမြို့ရှိ ဆိုင်ခန်းများ ပိတ်ထား

လုံခြုံရေး မရှိဟု ဆိုပြီး ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ ၎င်းပြင် မြို့တွင်းတွင်လည်း စစ်တပ်က လုံခြုံရေးအတွက် နေရာယူထားခဲ့သည်။ မြို့တွင်းရှိ စျေးနှင့် အိမ်ဆိုင်များလည်း ပိတ်ထားကြသည်။

မြို့စွန် တောင်ဝိုင်းရပ်တွင် နေထိုင်သူများက မြို့တွင်းသို့ ပြောင်းရွှေ့နေကြပြီး အချို့မှာ ဘုရားသုံးဆူမြို့ ထိုင်းဘက်ကမ်းသို့ ပြောင်းရွှေ့ကြသည်။

လုံခြုံရေး အခြေအနေ မကောင်း၍ ယမန်နေ့မှ စ၍ ယနေ့တိုင် စာသင်ကျောင်းများကို ပိတ်ထားကြသည်။

ဇွန်လ ၁၄ ရက်နေ့တွင် အင်အား ၃၀ ခန့်ရှိ လက်နက်ကိုင်များက မော်တော်ယာဉ် ၄ စီးဖြင့် တောင်ဝိုင်းရပ်ဘက်မှ ဝင်လာပြီး မြို့လယ်ရှိ ဦးအောင်တင်ဝင်း၏ အိမ်ဆိုင်ကို RPG ဖြင့် ပစ်ခတ်ရာမှ မီးလောင် ပျက်စီးခဲ့သည်။

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts