spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်စာပေယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ မူးယစ် ပညာပေး စာစောင် ဖြန့်မည်

    မွန်စာပေယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ မူးယစ် ပညာပေး စာစောင် ဖြန့်မည်

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ –

    မွန်အမျိုးသားရေးရာ သမဂ္ဂ၊ လူမှုအဖွဲ့အစည်း ဖော်ဆောင်ရေး အလုပ်အဖွဲ့၏ တိုက်တွန်းချက်အရ မွန်စာပေ ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပညာပေးစာစောင် ဖြန့်ချိတော့မည်ဟု သိရသည်။

    ၂၀၀၈ ခုနှစ် ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသည့် ရာဘစိတ်ကြွဆေးများကို မွန်ပြည်သစ်ပါတီနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများ စစ်ဆေးစဉ် (ဓါတ်ပုံ - လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

    လာမည့် ဇူလိုင်လ မွန်စာပေယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ အလုပ်အမှုဆောင် အစည်းအဝေးတွင် အဆိုပါ ပညာပေး စာစောင် ထုတ်ဝေရေးနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးကာ ဆုံးဖြတ်ချက် ချသွားမည်ဟု အဖွဲ့၏ နာယကတဦး ဖြစ်သူ နိုင်ပန်းအောင် (မော်လမြိုင်) က ပြောသည်။

    မွန်ပြည်နယ်မှ လူငယ်များမှာ မူးယစ်ဆေးဝါး အထူးသဖြင့် ရာဘ စိတ်ကြွဆေးပြား (အက်ဖီတမင်း) သုံးစွဲမှု ပိုမိုများပြားလာပြီး အကျင့်စာရိတ္တ ချို့ယွင်းမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာတွေ့ရှိရပြီးနောက် မွန်စာပေယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ကို တိုက်တွန်းရခြင်း ဖြစ်ကြောင်း မွန်အမျိုးသားရေးရာ သမဂ္ဂ၊ လူမှုအဖွဲ့အစည်း ဖော်ဆောင်ရေး အလုပ်အဖွဲ့ဝင် တဦးက ပြောသည်။

    “ကျင်းပပြီးစီးခဲ့တဲ့ ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးမှာ မွန်လူငယ်တွေရဲ့ အခြေအနေကို သုံးသပ်ကြတော့ မြို့နယ်တိုင်းမှာ ဒီလိုမူးယစ်ဆေး သုံးစွဲနေတာ သိရတယ်၊ အဲဒါကြောင့် လူငယ်တွေ အသိပညာပေး လှုပ်ဆော်မှုအနေနဲ့ စာစာင်ထုတ်ဖို့ ပူးပေါင်းအဖွဲ့ကို တိုက်တွန်းရတာပါ” ဟု သူက ပြောသည်။

    ကျေးရွာဒေသတိုင်း၌ အဆိုပါ မူးယစ်ဆေး သုံးစွဲမှု ပိုမိုများပြားလာသော်လည်း အာဏာပိုင်များမှ ထိရောက်စွာ တားမြစ် အရေးယူခြင်း မရှိခဲ့သဖြင့် ယခုကဲ့သို့ ပညာပေး စာစောင် ထုတ်ဝေရန် စီစဉ်ရခြင်း ဖြစ်သည်။

    မွန်ပြည်နယ်ရှိ ကျေးရွာများအတွင်း မူယစ်ဆေးဝါး ရောင်းချနေသူများမှာ အဏာပိုင်များနှင့် အပေးအယူ ရှိသူ လက်နက်ကိုင် အဖွဲ့အစည်းဝင်အချို့ ဖြစ်ကြပြီး လူငယ်များအား စည်းရုံးကာ စီးပွားရှာ ရောင်းချနေကြကြောင်း သံဖြူဇရပ်မြို့မှ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုကို စောင့်ကြည့်လေ့လာနေသူတဦးက ပြောသည်။

    မွန်ပြည်နယ် မြို့နယ်တိုင်းမှ လူငယ် အများအပြား မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် သုံးစွဲသူ ပိုမိုများပြားကြောင်း လေ့လာသူက ဆိုသည်။

    သူ့အနေနှင့် လေ့လာတွေ့ရှိချက်ကို အခြေခံ၍ မွန်အမျိုးသားရေးရာ သမဂ္ဂ ဗဟိုကော်မတီ အစည်းအဝေးတွင် မူးယစ်ဆေးနှင့် ပတ်သက်သည့် အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မည့်သည့် အတိုင်းအတာထိ သုံးစွဲနေသည်ကို ခန့်မှန်းရ ခက်ခဲကြောင်း သူက ပြောသည်။

    ယာဘ သုံးစွဲသူ အများစုမှာ အသက် ၁၈ နှစ် ဝန်းကျင်ရှိ လူငယ်များ ဖြစ်ကြပြီး အသက် ၁၂ နှစ်အရွယ် လူငယ်အချို့လည်း သုံးစွဲကြကြောင်း ယာဘ သုံးစွဲသူ လူငယ်တဦးက ပြောသည်။

    “အခု လူငယ်တွေ အရက်မသောက်ကြတော့ဘူး၊ မြင်းဆေး (ယာဘ) ဘဲ ချကြတယ်၊ ကျနော်တို့ရွာမှာဆို လူငယ်တဝက်လောက်က ဆေးသမားတွေ ဖြစ်နေကြပြီ” ဟု ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှ လူငယ်တဦးက ပြောသည်။

    မုဒုံမြို့နယ်၊ ရောင်းဒေါင်းရွာမှ လူမှုရေး လှုပ်ရှားနေသူ အမျိုးသမီးတဦးကလည်း “ကျနော်တို့ ရွာက လူငယ်တွေဆို ဆေးသုံးတာ ထက်ဝက် လောက်တော့ ရှိမယ်၊ ဟိုဖက် ကွာန်လှာရွာက လူငယ်တွေဆို တရွာလုံးလိုလို သုံးနေတယ်လို့ ပြောရမလိုပဲ” ဟု ပြောသည်။

    ထိုကဲ့သို့ ရာဘမူးယစ်ဆေးဝါး သုံးစွဲနေမှုကြောင့် လူငယ်များ စာရိတ္တ ပျက်ယွင်းပြီး ဒေသတွင်း ခိုးမှု လုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု လေ့လာသူများက ပြောသည်။

    မြင်းဆေးဟု လူသိများသည့် ယာဘစိတ်ကြွဆေးမှာ အမျိုးအစား အရောင် အရည်အသွေး မတူညီကြပဲ စျေးနှုန်း ကွာခြားမှုလည်း ရှိသည်။ အညံ့စား ယာဘဆေး တပြားလျှင် အနည်းဆုံး ၃၅၀၀ ကျပ် ရှိပြီး အကောင်းစား  ၆၀၀၀ ကျပ်အထက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks