Homeသတင်းယာဉ်မှောက်သေဆုံးသူ မြန်မာနိုင်ငံသား လျော်ကြေးရ

ယာဉ်မှောက်သေဆုံးသူ မြန်မာနိုင်ငံသား လျော်ကြေးရ

-

ဂျူရီချိုင်း – ယမန်နှစ်က ထိုင်း ယာယီနိုင်ငံကူးလက်မှတ် လုပ်ပြီး ပြန်လာစဉ် ကားမှောက် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအား ထိုင်းအာမခံ ကုမ္ပဏီက မေလ ၁၈ ရက်နေ့တွင် လျော်ကြေးငွေ ပေးအပ်ခဲ့သည်။

ကိုအောင်ကိုလင်း၏ မိခင် ဒေါ်ခင်ကြည် ချက်လက်မှတ်ကို လက်ခံယူစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
ကိုအောင်ကိုလင်း၏ မိခင် ဒေါ်ခင်ကြည် ချက်လက်မှတ်ကို လက်ခံယူစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင် မယ့်ဂလောင်မြို့ရှိ ဝီရိယ ကုမ္ပဏီ က ပေးအပ်ခြင်း ဖြစ်ပြီး၊ လျော်ကြေးငွေ နှစ်သိန်းခွဲ (၂၅၀ ၀၀၀) ရရှိကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၂၉ နှစ်ရှိ ပဲခူးတိုင်း ညောင်လေးပင် ဇာတိ ကိုအောင်ကိုလင်း ဖြစ်ပြီး အသက် ၇၃ နှစ် အရွယ်ရှိ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က လျော်ကြေးငွေကို မြန်မာနိုင်ငံမှ လာရောက်ရယူခြင်း ဖြစ်သည်။

သေဆုံးသူနှင့် သက်ဆိုင်သည့် မှတ်တမ်းများကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ရယူပြီး ထိုင်းအာမခံ ကုမ္ပဏီထံ တင်ပြပြီးနောက် လျော်ကြေးငွေ ရရှိခြင်း ဖြစ်သည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈ နာရီခန့် တွင် ရနောင်းမြို့၌ ယာယီနိုင်ငံကူးလက်မှတ် လုပ်ပြီး အပြန် ဆမွတ်ဆခွန်ခရိုင် မယ့်ဂလောင်နှင့် မဟာချိုင်ကြားတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၃၉) ဦး တင်ဆောင်လာသည့် မှန်လုံအမြန်ယာဉ် တိမ်းမှောက်ရာမှ ကိုအောင်ကိုလင်း သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts