Homeသတင်းစစ်အစိုးရတပ်နှင့် ကေအင်ယူ တိုက်ပွဲ ထပ်မံ ဖြစ်ပွား

စစ်အစိုးရတပ်နှင့် ကေအင်ယူ တိုက်ပွဲ ထပ်မံ ဖြစ်ပွား

-

ဂျူရီချိုင်း-ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာ မြိုင်သာကျေးရွာတွင် ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီခွဲခန့်က စစ်အစိုးရတပ်နှင့် ကေအင်ယူတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

နအဖ တပ်သားနဲ့ လက်နက်ကြီး

ထိုဒေသအတွင်း လှုပ်ရှားနေသော ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) ၈ အောက်ရှိ ခမရ ၄၀၂ တပ်ရင်း စစ်ကြောင်း၊ ခမရ ၄၀၆ တပ်ရင်း စစ်ကြောင်းများနှင့် ကေအင်ယူ၏ လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ တို့ နာရီဝက်ကျော် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

ကေအင်ယူတပ်ဖွဲ့တွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူရှိ မရှိကိုု မသိရှိရသေးကြောင်း သူက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် အနမ်းကွင်းကျေးရွာမှ စစ်အစိုးရတပ်အတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် ကား ၂၅ စီးခန့် တဒိန်ကျေးရွာသို့ ရောက်ရှိနေကြောင်း အထက်ပါ ရွာသူက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အိမ်ခြေ ၆၀ ခန့်ရှိသည့် မြိုင်သာယာကျေးရွာမှ ရွာသူ ရွာသားများ စစ်ဘေးလွတ်ရာ အရှေ့တောင်ဘက် ၁၀ မိုင်အကွာရှိ ချောင်းဆုံကျေးရွာသို့ ပြောင်းရွှေ့ခဲ့ကြပြီး အနီးတဝိုက်ရှိ ကျေးရွာများတွင် စစ်အစိုးရဘက်မှ တပ်အင်အား ပိုမိုချထားကြောင်း မြိုင်သာယာရွာအနီးမှ တဒိန်ရွာသူတဦးက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ အပလုံကျေးရွာအနီးတွင် ခမရ ၅၆၆ တပ်ရင်းကို ကေအင်ယူ တပ်မဟာ ၆၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ က ခြုံခိုတိုက်ခိုက်ခြင်းကြောင့် တပ်သား ၃ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်၊ ၎င်းပြင် လက်နက်ခဲယမ်းနှင့် ရိက္ခာများကို သယ်ဆောင်ရန် ငှားရမ်းထားသည့် ကားမောင်းသမားတဦး သေဆုံးပြီး နောက်လိုက်တဦးလည်း ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ စစ်ရေးအကဲခတ်သူတဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts