Homeသတင်းတပ်ရိက္ခာအတွက် လယ်သမားများထံ ငွေ စပါး ကောက်ခံ

တပ်ရိက္ခာအတွက် လယ်သမားများထံ ငွေ စပါး ကောက်ခံ

-

ကျလွန်းထော – မွန်ပြည်နယ် မြို့နယ်အသီးသီးရှိ ကျေးရွာများတွင် ရယကဥက္ကဌတို့က တပ်မတော်ရိက္ခာအတွက် ဆိုကာ လယ်သမားးများထံ စပါးနှင့် ငွေကြေးများ လိုက်လံ ကောက်ခံနေကြောင်း လယ်သမားများထံမှ သိရသည်။

မွန်ပြည်နယ်တနေရာတွင် လယ်သမားများ စပါးလှေ့နေစဉ် (ဓာတ်ပုံ-လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းပိုင်းမှ စ၍ ရေး၊ သံဖြူဇရပ်မြို့နယ် နှင့် မုဒုံမြို့နယ်ရှိ အချို့ကျေးရွာများတွင် လယ်တဧက စပါးတတင်းနှုန်း ကောက်ခံနေပြီး ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့နယ်ရှိ အချို့ကျေးရွာများတွင် တဧက ငွေတထောင်ကျပ်နှုန်း ကောက်ခံလျက် ရှိသည်။

မိုးကြောင့် စပါးများ ပျက်စီးနေသည့်အတွက် ရယကမှ လာရောက်ကောက်ခံပါက ပေးမည် မဟုတ်ကြောင်း မုဒုံမြို့နယ် ညောင်းကုန်ကျေးရွာမှ လယ် ၂၅ ဧကပိုင် လယ်ပိုင်ရှင်တဦးက ပြောသည်။

“သူများပေးရင်ပေး၊ ကျမတော့ ပိုက်ဆံ မပေးနိုင်ဘူး၊ စပါးတွေ ဒီလောက်ပျက်နေတာ၊ လိုချင်ရင်တော့ စိုနေတဲ့ စပါးကိုပဲ ပေးသွားမယ်” ဟု သူမက ပြောသည်။

ထိုသို့ စပါးများ ကောက်ခံရန် သက်ဆိုင်ရာ မယက မှ ရယကဥက္ကဌများထံ ညွှန်ကြားထားပြီး ရယကဥက္ကဌက လယ်သမားများကို အစည်းအဝေး ခေါ်ယူ ပြောဆိုခဲ့ကြောင်း လယ်သမားများက ပြောသည်။

စပါးရိတ်သိမ်းချိန် ၂၀၁၀ ခုနှစ် နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းအချိန်တွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မွန်ပြည်နယ်ရှိ လယ်သမားတိုင်း စပါးအထွက်နှုန်း ထက်ဝက်ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း လယ်ပိုင်ရှင်များက ပြောသည်။

လယ်သမားများအတွက် လယ်လုပ်ပိုင်ခွင့် ဥပဒေသာ ရှိပြီး လယ်ပိုင်ဆိုင်ခွင့် ဥပဒေ မရှိသည့်အတွက် လယ်မြေ လာရောက်သိမ်းယူမည်ကို စိုးရိမ်သောကြောင့် မဖြစ်မနေ ပေးဆောင်နေရသည်ဟု မုဒုံမြို့မှ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts