Homeသတင်းသုံးဆူအာဏာပိုင်များ KNU အတွက် နှစ်စဉ်ကြေး ကောက်

သုံးဆူအာဏာပိုင်များ KNU အတွက် နှစ်စဉ်ကြေး ကောက်

-

သူရိန်၊ ကျလွန်းထော – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ မယက က ကရင်အမျိုးသား အစည်းအရုံး (KNU) အတွက် ပေးဆောင်ရမည့် နှစ်စဉ်ကြေးငွေကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စ၍ မြို့ခံများထံ တအိမ်လျှင် ထိုင်းဘတ်ငွေ (၂၀၀) မှ (၁၀၀၀) အထိ ကောက်ခံနေသည်ဟု မြို့ခံတဦးက ပြောသည်။

သုံးဆူမြို့

ဘုရားသူံးဆူမြို့ ရပ်ကွက် (၂) တွင် အနိမ့်ဆုံး နေ့စားအလုပ်သမားအိမ် တအိမ်လျှင် (၂၀၀) ဘတ်နှင့် ချောင်လည်သော အိမ်များကို (၁၀၀၀) ဘတ်အထိ ကောက်ခံနေပြီး ရပ်ကွက် (၃) တွင် (၃၀၀) ဘတ်မှ (၁၀၀၀) ဘတ်အထိ ကောက်ခံလျက် ရှိသည်။

“လာကောက်တဲ့နေ့က ပိုက်ဆံမရှိလို့ (၂၀၀) ဘတ် ပေးသွားတယ်၊ ဒီညနေ ၁၀၀ ဘတ် ထပ်ပေးရဦးမယ်၊ မနှစ်က ကျမတို့အိမ် ပေးစရာ မလိုဘူး၊ ဒီနှစ်က ဘာဖြစ်လို့လဲ မသိဘူး၊ အိမ်တိုင်း ပေးရတယ်” ဟု ရပ်ကွက် (၂) မှ အမျိုးသမီးတဦးက ပြောသည်။

KNU အတွက် ဘုရားသုံးဆူမြို့ မယက တို့က နှစ်စဉ် ထိုင်းဘတ်ငွေ ၇ သိန်း ပေးဆောင်နေရပြီး၊ ယခုနှစ်တွင် KNU က ထိုင်းဘတ်ငွေ ၂၅ သိန်း တောင်းခံထားသည့်အတွက် ရပ်ကွက်ဥက္ကဌတို့က အရပ်သားများထံ အဆမတန် တောင်းခံနေသည်ဟု ဘုရားသုံးဆူမြို့ပေါ်ရှိ ဒေသခံတဦးက ပြောသည်။

“အဲလောက်ဘတ်ငွေတွေ ပြည်သူတွေစီ တောင်းမှတော့ သူတို့ (အစိုးရ) လည်း တစ်ဝက်စားရမှာပေါ့၊ ပြီးတော့ KNU ကလည်း ဒီနှစ်မှ ဒီလောက်များတဲ့ငွေ တောင်းတာ ဧကန္တ စစ်ဖြစ်နေတဲ့အတွက် လက်နက်ဝယ်ဖို့ ဖြစ်မယ်၊ ကြားထဲက ပြည်သူတွေက မြေစာပင် ဖြစ်တာပေါ့” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ KNU မှ နှစ်စဉ်ကြေး တောင်းခံနေသည်မှာ KNU ဗဟိုနှင့် မသက်ဆိုင်ကြောင်းနှင့် ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးနှင့်သာ သက်ဆိုင်ကြောင်း KNU ဒု-ဥက္ကဌ စောဒေးဗစ်သာကပေါ က မွန်သတင်းအေဂျင်စီကို ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကာလက သိရှိရသော စာရင်းဇယားအရ ဘုရားသုံးဆူမြို့တွင် အိမ်ခြေပေါင်း ၇၀၀၀ ကျော် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts