spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလော့ပူရီမှာ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ

    လော့ပူရီမှာ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ

    -

    ရိုင်မရော့ – ထိုင်းနိုင်၊ လော့ပူရီခရိုင်၊ ပန်ခါဒေသရှိ နာနတ်သီး စည်သွတ်ဗူးစက်ရုံမှာ အလုပ်ရှင်၏ လုပ်ခဖြတ်တောက်မှုကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမား ၇၀၀ ကျော် ယနေ့နံနက် ၈ နာရီခန့်မှာ အလုပ်မဆင်းပဲ ဆန္ဒပြခဲ့သည်။

    “ကျနော်တို့ ဒီနေ့လုံးဝအလုပ်မဆင်းဘူး ဆန္ဒပြတယ်၊ ကျနော်တို့ ခံလာရတာ ၆ လလောက်ရှိနေပြီး၊ ရသင့်တဲ့လုပ်ခကို မပေးပဲနဲ့ ဖြတ်တောက်ပြီး ပေးတယ်၊ အလုပ်ရှင်ကိုပြောတော့ နောက်အပတ်ပေးမယ် နောက်လပေးမယ်နဲ့ ပိုပိုပြီးတော့ ဆိုးလာတယ်” ဟု ဆန္ဒပြရာမှာ ပါဝင်သည့် မြန်မာအလုပ်သမား ခိုင်ဇော်နိုင်က ပြောသည်။

    ထိုနာနတ်သီး စည်သွတ်ဗူးစက်ရုံးမှာ မြန်မာရွေ့ပြောင်းအလုပ်သမား စုစုပေါင်း ၇၀၀ ကျော် ၈၀၀ နီးပါးရှိပြီး၊ အများစုမှာ မြန်မာလူမျိုးများဖြစ်ပြီး၊ မွန်၊ ထားဝယ်တွေလည်းရှိသည်။ ထိုင်းအလုပ်သမားပါဆိုလျှင် စုစုပေါင်း အလုပ်သမား ထောင်ကျော်ရှိသည်။

    ဆန္ဒပြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများတောင်းဆိုတာကတော့ လုပ်အားခ ထုတ်တဲ့အခါမှာ လုပ်ခပျောက်နေတာတို့ နောက်ပြီးတော့ ညပိုင်းအလုပ်ပိုဆင်းခကို ဖြတ်တောက်ယူလိုက်တာတို့ နောက်တစ်ခုက မြန်မာပြည်သားဆို အနိုင်ကျင့်တာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ခိုင်ဇော်နိုင်က ဆက်ပြောသည်။ အလုပ်ရှင်မှ လိုက်လျော်ပေးသည်အထိ အလုပ်မဆင်းပဲ ဆက်လက် ဆန္ဒပြသွားမည်။

    စက်ရုံအလုပ်သမားများသည် တစ်နေ့ အလုပ်ချိန် ၈ နာရီမှာ လုပ်အားခ ၁၆၇ ဘတ်ရရှိပြီး၊ တချို့က နေ့ရော ညပါ အလုပ်ဆင်းနေသူများအတွက် လုပ်အားခ ၃၃၄ ဘတ်ရရှိသည်။

    “လုပ်ခကို တစ်လ နှစ်ခါထုတ်ပေးတယ်၊ ၁၅ ရက်တစ်ခါပေါ့၊ အဲမှာ နေ့ခင်းပဲ လုပ်တဲ့လူတွေအတွက်ဆို ၁၀ ရက်မှာ ၁၇၆၀ ဘတ်ရတာပေါ့ ဒါပေမယ့် ပိုက်ဆံသွားထုတ်ရင် ၁၀၀၀၊ တချို့ဆို ၇၀၀ အဲလောက်ပဲ ထုတ်ပေးတယ်၊ ဘာလို့ ပိုက်ဆံတွေ လျော့နေလဲလို့ မေးရင် နောက်အပတ်မှာ ပေါင်းပြီး ထုတ်ပေးမယ်၊ နောက်တပတ်ကျတော့ နောက်လမှ ပေါင်းပြီး ပေးမယ် အဲလိုပဲ လုပ်နေတယ်၊ အခု ကျနော်တို့ မခံနိုင်တော့လွန်းလို့ ဆန္ဒပြတဲ့အနေနဲ့ တယောက်မှ အလုပ်မဆင်းဘူး” ဟု ခိုင်ဇော်နိုင် က ပြောသည်။

    ထိုစက်ရုံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများသည် အလုပ်ရှင်မှ လုပ်ခဖြတ်တောက်မှုနှင့်
    ကြုံတွေ့နေရသည့်အပြင် အလုပ်ခွင်မှာ ထိုင်းနိုင်ငံသားတို့၏ ဖိနှိပ်မှုကိုပါ ခံနေကြရသည်။

    “အလုပ်မှာဆို ကျနော်တို့က ထိုင်းတွေကို ကြောက်နေရတယ်၊ နည်းနည်းမှတောင် သူတို့ကို ပြန်ပြောလို့မရဘူး၊ ထိုးမယ် ကြိတ်မယ်နဲ့ အမြဲကျနော်တို့ ခံနေရတယ်” ဟု ထိုစက်ရုံရှိ တခြားအလုပ်သမားတစ်ဦးက ပြောသည်။

    မြန်မာနိုင်ငံနှင့် နီးစပ်သည့် ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမား သန်းချီ အလုပ်လုပ်နေကြပြီး၊ အများအားဖြင့် ရာဘာခြံလုပ်ငန်း၊ ရေးလုပ်ငန်း၊ စက်ရုံး အလုပ်ရုံးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသည်။
    ထိုနည်းလည်ကောင်းပဲ ထိုင်းနိုင်ငံရှိ ရာဘာခြံအလုပ်သမားများမှာလည်း လက်ရှိရာစျေး ကောင်းလာနေခြင်းကြောင်း ယခင်ပေးနေသည့် လုပ်အားခထက် လျှော့ပြီး ပေးနေကြောင်း ရာဘာခြံအလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks