Homeသတင်းရေနက်ဆိပ်ကမ်းတည်ဆောက်မည့်နေရာ မြေစျေးတက်

ရေနက်ဆိပ်ကမ်းတည်ဆောက်မည့်နေရာ မြေစျေးတက်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီမြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ထားဝယ်တွင် တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းအနီးတဝိုက်ရှိ မြေစျေး ၁၀ ဆခန့် စျေးတက်သွားသည်။

၄င်းစီမံကိန်း အကောင်းအထည်ဖော်ပြီနောက် ဒေသမြေစျေး မြင့်တက်လာကြောင်း ရန်ကုန်မှ သူဌေးများလည်း မြေများသွားရောက် ဝယ်ယူနေကြသည်။ ယခုလောလောဆယ်တွင် မြေဝယ်ရန် မလွယ်ကူတော့ကြောင်း မြေဝယ်ယူမည့် ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။

အရင်ကဆို အဲဒီနေရာမှာဆို တစ်ဧကဆို ၃ ၄ သောင်းလောက်ပဲ ပေးရတာ အခု ၄ ၅ သိန်းတောင် ဝယ်လို့မရဘူး အဲဒီ ဆိပ်ကမ်းနဲ့ နီးတဲ့နေရာဆို အခုဆို နည်းနည်းပဲကျန်တော့တာပေါ့ ရန်ကုန်သူဌေးတွေ ပိုက်ဆံရှိတဲ့လူတွေက ဝယ်နေကြတယ်ဟု အထက်ပါ ထားဝယ်ဒေသခံက ပြောသည်။

မြေစျေး ၁၀ ဆတက်လာသည့်အတွက် တချို့မြေရောင်းသူများလည်း အမြတ်တော်တော်များများရနေကြပြီး အဆင်ပြေနေကြကြောင်း သိရသည်။

စီမံကိန်းတည်ဆောက်မည့် နေရာဒေသတဝိုက်မှာ ကျေးရွာပြောင်းရွေ့မှုတွေများရှိပေမယ့်လည်း ယခုလို မြေစျေးကွက် အဆမတန် မြင့်တက်လာခြင်းကြောင့် ဒေသခံများ နစ်နာမှုထက် သိပ်မရှိကြောင်းလည်း ၄င်းက ပြောသည်။

အတင်းအဓမ္မအပြောင်းအရွေ့တွေတော့ရှိတာပေါ့ ဒါပေမယ့် မြေစျေးကွက်တွေ ကောင်းနေတော့ သိပ်မနစ်နလှဘူး၊ ပြီးတော့ ပြောင်းရွေ့ရမယ့်ရွာတွေကလည်း ရွာအကြီးတွေ သိပ်မရှိဘူး နောက်ပြီးတော့ စီမံကိန်းဇုန်တဝိုက်မှာလည်း တောတွေပဲများတယ်” ဟု စီမံကိန်းနှင့် နီးစပ်ရာမှာ နေထိုင်သူတစ်ဦးက ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဇုန်အတွင်းတွင် ထားဝယ်၊ မွန်နှင့် ကရင်လူမျိုးများ နေထိုင်သည့် ဒေသဖြစ်ပြီး ကျေးရွာပေါင်း ၃၀ လောက်ရှိမည်ဟု ၄င်းနီးစပ်သူက ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မည့် တည်နေရာကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး မောင်းမကန်ကမ်းခြေ အထက်ပိုင်း နဘူးလယ်ကျေးရွာနှင့် ပင်လယ်ဘက် ဟိန်းဇဲကျွန်းစုအကြားဟု သတ်မှတ်ထားကြောင်း သိရသည်။

ထိုစီမံကိန်းကြီးကို ထိုင်းနိုင်ငံမှ အကြီးစားမြို့ပြ ဆောက်လုပ်ရေးကုမ္မဏီဖြစ်သည့် (Italian-Thai Development) မှ အမေရိကန်ဒေါ်လာ ၈ ဘီလျှံ အကုန်ကျခံကာ နှစ်နိုင်ငံ အထူးစီးပွားရေဇုန်အဖြစ် တည်ဆောက်ရန် မြန်မာစစ်အစိုးရနှင့် သဘောတူထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts