spot_img
Monday, October 7, 2024
More
    spot_img
    Homeသတင်းမြန်မာစစ်တပ်မှ စစ်ကူများ သုံးဆူသို့ရောက်ရန်ရှိ၊ စစ်ပြေးများအား နေရပ်ပြန်ရန် ပြော

    မြန်မာစစ်တပ်မှ စစ်ကူများ သုံးဆူသို့ရောက်ရန်ရှိ၊ စစ်ပြေးများအား နေရပ်ပြန်ရန် ပြော

    -

    ဂျူရီချိုင်း –  သုံးဆူမြို့တွင် မြန်မာစစ်တပ်ဘက်မှ စစ်ကူအဖြစ် တပ်ရင်း ၂ ရင်းသည် ညနေ့ ၄ နာရီခန့်တွင် ရောက်ရှိလာကြောင်း၊ ရောက်ရှိလာသည့် မြန်မာစစ်ဗျူဟာမှူးမှ စစ်ပြေးများအား နေရန်သို့ပြန်ရန် ပြောသည်ဟု မျက်မြင်မြို့ခံက ပြောသည်။

    စစ်ပြေးများအား မြန်မာဘက်ကမ်းရှိ မိမိတို့နေရပ်သို့ ပြန်ရန်နှင့် မြို့လုံခြုံရေးကို တာဝန်ယူမည်ဟု မြန်မာစစ်တပ်မှ ဗျူဟာမှူး မြတ်ထွန်းအေးက ပြောသည်ဟု ၄င်မျက်မြင်က ပြောသည်။

    ချီတက်လာသော တပ်ရင်း (၂) တပ်ရင်းမှာ ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲရှိ မော့ကနင်ကျေးရွာတွင် အခြေချထားသော ခလရ တပ်ရင်း ၁၀၆ နှင့် ခမရ တပ်ရင်း ၅၈၈ တို့ဖြစ်ကြောင်း ထိုတပ်ရင်း (၂) တပ်ရင်းသည် အင်အား ၁၀၀ ကျော်ခန့်ရှိကြောင်း ကေအန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဒီကေဘီအေတပ်ဖွဲ့မှ ဗိုလ်မှူးကြီး စောလားပွယ် ဦးစီးတပ်ဖွဲ့မှ အင်အား (၅၀၀) ခန့်ကို မြဝတီမြို့မှ သုံးဆူမြို့သို့ ယမန်နေ့ည မြန်မာစံတော်ချိန် (၁) နာရီခွဲခန့်တွင် စတင်ချီတက်လာခြင်းဖြစ်ကြောင်း မြဝတီမြို့ခံက ပြောသည်။

    “ညက မြဝတီမြို့ထဲကိုဝင်ပြီး ရိတ်ခါတွေဝင်ယူတယ်၊ အင်အား (၁၀၀) လောက်ရှိတယ်၊ မြို့ပြင်မှာ အင်အား ၄၀၀ လောက် စောင့်နေတယ်၊ စောင့်နေတာလည်းမနဲဘူး” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    ဒီကေဘီအေတပ်ဖွဲ့တို့ ချီတက်လာသောခရီးစဉ်တစ်လျှောက်တွင်် မြန်မာစစ်တပ်ဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

    သို့သော် မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့နေ ပြည်သူလူထုနှင့် အလုပ်သမားများ စနစ်တကျ သွားလာနိုင်ရေ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကေအဲန်ယူအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အား မိမိတပ်မတော်က လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    သုံးဆူမှ မျက်မြင်တစ်ဦးက “အခု မြန်မာစစ်သားတွေ တစ်နေရာမှာ ၅-၆ ယောက်လောက် စုပြီး နေရာယူထားကြတယ်။ နောက်ဆုံးကျန်နေတဲ့လူတွေကို မထွက်ပြေးကြဖို့၊ တစ်ယောက်တည် မနေကြဖို့၊ စုပြီးနေကြဖို့တော့ ပြောတယ်။ အခုလည်း ဒီကေဘီအေတပ်တွေမြေမြုပ်မိုင်း မြုပ်ထားတယ်ဆိုတဲ့သတင်းကြားတဲ့အတွက် နေရာအနှံ့ လိုက်ရှာနေတယ်”။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    28,300SubscribersSubscribe
    spot_img

    Latest posts